5

10.3K 968 19
                                    

တေးသီငှက်တို့ တေးဆိုချိန်မှာတော့ နေမင်းကြီးလဲ ထွန်းလင်းလို့လာခဲ့ပြီ ...

မနေ့ညက အဖျားရှိန်နဲ့ဆိုပေ့မဲ့ တစုံတယောက်ကြောင့် ကောင်းမွန်စွာ အိပ်စက်ခဲ့ရသည်
ထို့အတွက်ကျေးဇူးတင်သော်လည်း ဘယ်တော့မှ ထုတ်ဖော်ပြောမည်မဟုတ် !!

ဘယ်သူ့ဂရုစိုက်မှုကိုမှ မလိုချင်ဘူးလို့ ခေါင်းမာစွာ ကြွေးကြော်ခဲ့ပေ့မဲ့
တကယ်တော့ ဘယ်သူမှလဲ ဂရုစိုက်မဲ့သူမရှိပါ...
တဖက်သတ် မာနကြီးနေတဲ့ သူ့အကြောင်းကို Kim Tae Hyung သိပါက ဟားတိုက်လှောင်ပြောင်နေမလား
ဒါမှမဟုတ် ' ခင်ဗျားကလဲဗျာ ' ဟူသော စကားလေးဆိုကာ စိတ်မကောင်းများဖြစ်နေရှာအုံးမလားးး

ခေါင်းကိုတချက်ခါထုတ်ကာ အတွေးတို့ကို ရပ်တန့်ပစ်လိုက်သည်
ဘယ်တုန်းက သူများရဲ့ ထင်မြင်ချက်ကို ဂရုပြုဖူးလို့လဲ

မင်းအပေါ်ကျေးဇူးကြွေးရှိခဲ့ရင် နောက်ဘဝကျမှ ဆပ်ပါရစေ Kim Tae Hyung !!

သူမနိုးခင် အရင်ထသွားရမည်ဟူသော အတွေးဖြင့် ထရန်ပြင်လိုက်စဉ်

~ Can You Trust Me ~

ဖုန်းမြည်သံကြောင့် လန့်နှိုးလာတဲ့ Kim Tae Hyung

ခင်ဗျားနှိုးနေပြီလား ဆိုတဲ့ အကြည့်တချက်ကြည့်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်

" ဟဲလို "

" ဟုတ် ကျတော်နှိုးပြီ "

" ဒီနေ့ညနေလား ဟုတ်သွားမယ်လေ Hyung "

" ဘာလို့မအားရမှာလဲ Hyung အတွက်ပဲကို "

" ဒါဆို ညနေမှ တွေ့မယ် Hyung bye bye "

ဖုန်းပြောရင်း ပြုံးဖြီးနေတဲ့ မျက်နှာကို ကြည့်ရင်း အမြင်ကတ်လာသည်
ဘာကြောင့်ရယ်မသိ အလိုမကျစွာ ငေးကြည့်နေတုန်းး

" ခင်ဗျား ဆေးရုံကဆင်းမှာမလား "

Hk !! ဒါ အနုနည်းနဲ့ နှင်ထုတ်လိုက်တာလား ?

" ဘာလဲ မင်းမအားတော့လို့လား "

" ဟာ မဟုတ်ပါဘူး မနေ့ညက ခင်ဗျားပြောထားလို့လေ "

" ငါမဆင်းဘူးဆိုရင်ရော ... "

Tsk ! ဘာတွေသွားပြောနေတာလဲ Jeon Jung Kook
သူ့ ဂရုစိုက်မှုတွေ လိုချင်နေသေးတာလား

Beyond the Hate (Completed)Where stories live. Discover now