အချစ်တခုဖြစ်တည်မှုဟာ သူ့အတွက်တော့ ထင်သလောက်မလွယ်ကူခဲ့ …
ချစ်ရသူကို ကာကွယ်ပေးဖို့အနီးမှာရှိနေခဲ့သော်လည်း ကိုယ်မသိလိုက်ချိန် တခုခုများဖြစ်သွားလေမလား အတွေးနဲ့ စိတ်တထင့်ထင့် …Tae Hyung နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း ကြေးစားလူမိုက်အလုပ်ကို သူစွန့်လွှတ်ခဲ့သည် … ဆိုးမိုက်ခဲ့မှုများကို ဝန်ခံပြောပြခဲ့တော့ နားလည် ခွင့်လွှတ်ပေးခဲ့သည် … ဤမျှသူ့ကိုချစ်သော ချစ်သူကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါ …
ရင်ထဲ မတင်မကျ စိုးရိမ်နေမှုများကို အဆုံးသတ်ပစ်ဖို့တော့ လိုလာပြီ
" Jeon ငြိမ်လှချည်လား "
" တွေးစရာလေးတွေရှိနေလို့ "
" ဘာတွေ တွေးနေတာလဲ … မဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့နော် ကိုယ်စိတ်ပူရတာမျိုး မကြိုက်ဘူး "
" ဘာမှမလုပ်ပါဘူးကွာ ကိုယ် စိတ်ပူရမဲ့အလုပ်မျိုး မလုပ်တော့ဘူးလို့ ကတိပေးပြီးပြီပဲ "
ကုတင်ပေါ်မှာအတူထိုင်ရင်း သူ့ရင်ခွင်ကိုကျောမှီထားရင်း ပြောနေသော Tae Hyung ရဲ့ ခေါင်းလေးအား ဖွဖွလေးနမ်းရှိုက်ရင်း ကတိပေးလိုက်လေသည်
Tae Hyung မှာအန္တရာယ်ရှိနေတဲ့အကြောင်းကိုတော့ သူဖုံးကွယ်ထားခဲ့သည် စိတ်ပူတတ်လွန်းသော ချစ်သူအား စိတ်မဆင်းရဲစေချင်လို့ဖြစ်သည် …
" Jeon ကိုယ် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်ထင်တယ် "
" မသွားလို့မရဘူးလား "
" မကြာပါဘူး Jeon ရယ် "
" ငါက ဖြစ်နိုင်ရင် မင်းနဲ့ တစက္ကန့်တောင်ခွဲချင်တာမဟုတ်ဘူး "
" ကိုယ်လဲ အတူတူပါပဲ "
ရှုတည်တည်မျက်နှာထားနဲ့ မျက်မှောင်ကြုတ်သွားတာကို ကြည့်ရင် Jeon တယောက် စိတ်ဆိုးသွားတာသေချာသည် …
ဒီကောင်လေးဟာ မထင်ထားရက်စွာပင် ချစ်တတ်လွန်းလှသည်
မျက်စိအောက်ကပင် အပျောက်မခံ … ပေကပ်ကပ်မျက်နှာပေးနှင့်မလိုက်ဖက်စွာ နှလုံးသားသည် နူးညံ့လွန်းသည် …" ငါရောလိုက်ခဲ့မယ်လေ "
" Jeon လိုက်ရင် ကိုယ်အလုပ်ထဲကို စိတ်ရောက်မှာ မဟုတ်တော့ဘူး "
![](https://img.wattpad.com/cover/131400803-288-k383545.jpg)