19

8.6K 735 44
                                    

" Appa !!ကျတော် ခရီးထွက်စရာရှိလို့ "

" နယ်က ရုံးခွဲတွေ စစ်ဖို့လား ဟိုတလောကဘဲပြန်လာတာကို … "

" ဒီတခါကအလုပ်နဲ့ဟုတ်ဘူး Appa ရ … အပန်းဖြေခရီးထွက်ချင်လို့ "

" ထူးထူးဆန်းဆန်းပါလား တယောက်တည်းလား "

" ဟုတ် "

" ဒါဆို Appa လိုက်ခဲ့ရမလား မဟုတ်လဲ ဒီရက်ပိုင်းအားနေတာ .. "

" Nae !! ရတယ် Appa "

" Appa သိပါတယ်ကွာ ဘယ်သူနဲ့သွားမှာလဲ ဆိုတာ "

" ဟီးးး သိရဲ့သားနဲ့ … "

" အေးပါ အားလုံးကိုမေ့ပြီး တဝကြီးပျော်အောင်နေခဲ့ "

" ကျေးဇူးပါ Appa "

Appa ဆီကခွင့်ပြုချက်ရသည်နှင့် သူ့ရုံးခန်းသို့အမြန်ပြန်လာကာ Jeon ဆီ သို့ Message လှမ်းပို့လိုက်သည်

" Jeon ! Appaက ခရီးထွက်ဖို့ခွင့်ပြုတယ်တဲ့ … ကိုယ်တို့ ဘယ်သွားကျမလဲ "

စာရိုက်ရင်းတောင် ပြုံးနေသည့် သူ့ပုံစံဟာ မည်မျှပျော်နေကြောင်း အထူးတလည်ပြောနေစရာမလို !

အချစ်ရဆုံးသူကိုရာသက်ပန်လက်တွဲခွင့် Appa ဆီက ခွင့်ပြုချက်ရလိုက်သည်လေ …
Han Seo Joon ရဲ့ မိုက်ရူးရဲ လုပ်ရပ်တွင် အဆိုးထဲက အကောင်းတွေဖြစ်သွားခဲ့သည် … သူနဲ့ Jeon ကြားက ပြသနာတွေ ပြေလည်သွားသလို … မိုက်ရူးရဲဆန်ဆန် Jeon ရဲ့အချစ်အား အချစ်သူရဲကောင်းဟု ခေါင်းစဉ်တပ်ကာ Suga Hyung က သဘောတူခဲ့သည် …

နောက်ဆုံးအတားအဆီးဖြစ်သော Appa ရဲ့ ခွင့်ပြုချက်ရဖို့ ခက်ခဲမည် ထင်ထားခဲ့သည် … ထိုနေ့က …

" Appa ကိုပြောစရာရှိလို့ "

" အင်းပြောလေ "

" ကျတော်မှာ ချစ်သူရှိနေပြီ "

" ကောင်းတာပေါ့ ဒီအရွယ်က ချစ်သူထားသင့်နေပြီပဲ ပြောပါအုံး သူကဘယ်သူလဲ ဘယ်မိသားစုကလဲ "

" သူက ဘယ်မိသားစုကမှ မဟုတ်ပါဘူး Appa ! ချမ်းသာတဲ့အသိုင်းအဝိုင်းက မဟုတ်သလို မိန်းကလေးတယောက်လဲ မဟုတ်ဘူးး "

" ဒါဆို သား ချစ်သူက သာမန် ယောက်ျားလေးတယောက်ပေါ့ "

" ဟုတ်ပါတယ် … Appa ကျတော်တို့ကို ခွင့်ပြု … "

Beyond the Hate (Completed)Where stories live. Discover now