10

9K 879 35
                                    

မနက်တည်းက အကြိတ်အနယ် ဆွေးနွေးနေခဲ့ရသော အစည်းအဝေးဟာ နေ့လည်ခင်းမှာတော့ အဆုံးသတ်ခဲ့သည် ~
ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ရှယ်ယာရှင်တွေသဘောထားကိုမေးတဲ့အခါမှာတော့ ထောက်ခံသူလဲ ရှိသလို ကန့်ကွက်တဲ့လူလဲ ရှိတာမို့ မနည်းညှိနှိုင်းကာ ဖြေရှင်းလိုက်ရသည်

အစည်းအဝေးခန်းမကထွက်ရမှ သက်ပြင်းတချက်ချကာ ဘာအလုပ်ရှိသေးလဲ စဉ်းစားရပြန်သည်
အတွင်းရေးမှုးမလေးကို မေးကြည့်တော့

" အတွင်းရေးမှူးShin … ဒီနေ့ချိန်းထားတာရှိသေးလား "

" မရှိပါဘူး မန်နေဂျင်း "

" ဒါဆို ကျတော် နေ့တဝက်နားလိုက်မယ် ကိစ္စရှိရင်ဖုန်းခေါ်လိုက်ပါ "

" ဟုတ်ကဲ့ "

တကယ်ပင်ပန်းနေပြီမို့ အိမ်ပြန်နားဖို့စိတ်ကူးမိလိုက်သည်
မနေ့ညကလည်း စာရင်းတွေစစ်နေရသဖြင့် ကောင်းကောင်းမအိပ်ရ…
ဒီရက်ပိုင်းထဲဖိစီးမှုက တော်တန်ရုံတော့မဟုတ်

လေးလံသောခြေလှမ်းတို့နှင့် Company ထဲကထွက်လာချိန်မှာ
မြင်လိုက်ရတာက Jeon…
သူ့ကိုစောင့်နေမယ်လို့ပြောထားတာ…
ခုထိလဲစောင့်နေတုန်းဘဲ…
တကယ်ဆိုအလုပ်ထဲစိတ်နှစ်လိုက်ပြီး မေ့သွားခဲ့တာ သူတကယ်စောင့်မနေလောက်ဘူးလို့ထင်တာလဲပါသည်
ခုလို အေးစက်နေတဲ့ အပြင်မှာ တချိန်လုံးစောင့်နေခဲ့တာသိရင် အစည်းအဝေးပြီးတာနဲ့ ပြေးလာခဲ့မိမှာ …

" Jeon … "

" မင်းရောက်လာပြီဘဲ "

အချမ်းဒဏ်ကြောင့် သူ့အသံဟာတုန်ရီနေသလို …
ရဲနေတဲ့ ပါးနှစ်ဖက်က ဘယ်လောက်အေးနေမှန်းပြောပြစရာမလို…
တော်တော်ခေါင်းမာတဲ့ Jeon ဘဲ
စိတ်တိုတိုနဲ့ သူ့လက်ကိုဆွဲကာ ကားဆီသို့ ခေါ်လာခဲ့သည်

" တတ် Jeon "

" ဘယ်သွားမလို့လဲ "

" ပြန်မမေးနဲ့ကွာ တတ်ဆိုတတ် "

အနည်းငယ်ကျယ်သွားတဲ့ ကျတော့်အသံကြောင့် ဘာမှထပ်မပြောဘဲ ကားထဲဝင်ထိုင်လိုက်သည်
ကားပေါ်ရောက်တော့မှ အနွေးပေးစက်ကိုဖွင့်လိုက်ပြီး သူ့လက်ဝါးတို့အား ဆုပ်ကိုင်လိုက်သည်
အေးစက်နေတာပဲ တကယ်လို့သူသာ ထွက်မလာခဲ့ဘူးဆို ဘယ်ချိန်ထိစောင့်နေမယ်မသိ…
ကိုယ့်ကြောင့်လို့ တွေးမိတော့ ရင်ထဲမကောင်း

Beyond the Hate (Completed)Where stories live. Discover now