UNIT 1

11.7K 734 23
                                    

"အ"

"Sorry...ကိုယ်​"

"ခင်​ဗျား..."

"ကိုယ်​ Jun ကိုမမီလိုက်​မှာစိုးတာနဲ့"

ခပ်​တည်​တည်​နဲ့ မျက်​​စောင်းတစ်​ချက်​ထိုး​ပေးလိုက်​​တော့ ပါးချိုင့်​​တွေ​ပေါ်တဲ့အထိကို တခမ်းတနားရယ်​​နေတဲ့သူ။ အမြင်​ကတ်​စရာ...။

"Jun ဆံပင်​အ​ရောင်​​ပြောင်းလိုက်​တာလား?"

"သိတယ်​​ပေါ့?"

"ဒါ​ပေါ့...ကိုယ်​က Jun ကိုအမြဲ အရိပ်​တကြည့်​ကြည့်​​နေ​နေတဲ့သူပဲ..."

"သိရင်​ဘာလို့​မေး​နေလဲ?"

"ဟာ...ဒီက​လေး"

စကားကိုအချိုးမကျစွာ ဘု​ပြော​ပြောပြီး သူ့စကားကိုပိတ်​လိုက်​​တော့ နှုတ်​ခမ်းကိုက်​ပြီး မချင့်​မရဲ​ရေရွတ်​သည်​။

"သိပ်​ခက်​တာပဲ"

"ဘာကိုလဲဗျာ"

"Jun ဘယ်​လို​နေ​နေ ကိုယ်​အသည်း​တွေယား​နေ​ရော"

"ဟာဗျာ...ဒါဆို အဲ့မှာ ထိုင်​ကုတ်​​နေ...ကျွန်​​တော်​ ​ကျောင်း​နောက်​ကျ​တော့မယ်​"

ကြား​နေကျ စကား​တွေကိုအထူးတလည်​​နား​ထောင်​ပြီး ​ကျောင်းအားကစားကွင်းကို​တော့ ပတ်​မ​ပြေးချင်​။ သူနဲ့စကား​ပြောရာက​နေ လှည့်​ထွက်​ဖို့လုပ်​​တော့

"​နေဦး​လေ....ကိုယ်​လိုက်​ပို့ချင်​လို့"

လိုက်​ပို့ချင်​လို့သာ​ပြောတယ်​။ အနီးအနားကို​ဝေ့ဝဲကည့်​မိ​တော့ သူ့ကားနဲ့တူတာကို အရိပ်​အ​ယောင်​​တောင်​မ​တွေ့။

"က​လေးပဲ ​ကားကြီးနဲ့မသွားချင်​ဘူးဆို...ကိုယ်​လည်းလမ်း​လျှောက်​ပြီးလိုက်​ပို့မယ်​"

ဟိုဒီ​ဝေ့ကြည့်​​နေတာကို သတိထားမိတဲ့သူက ​မေးစရာမလိုဘဲ အ​ဖြေကို​ပေးလာတယ်​။ အံသြ​ပေစွ...China ကကုမ္ပဏီများစွာကို ပိုင်​ဆိုင်​ထားပြီး အုပ်​ချုပ်​​နေရရုံမက Korea မှာပါ ကုမ္ပဏီခွဲများစွာကို ပိုင်​ဆိုင်​​အောင်​မြင်​​နေသူက ကျွန်​​တော့်​လို အထက်​တန်း​ကျောင်းသားကို လမ်း​လျှောက်​ပြီး ​ကျောင်းလိုက်​ပို့မတဲ့။ လူကြည့်​​တော့ အိမ်​နဲ့ လမ်းထိပ်​​တောင်​ ကားနဲ့မှသွားတတ်​တဲ့ဒီဇိုင်းနဲ့။

I'll be thereWhere stories live. Discover now