UNIT 7

5.7K 605 63
                                    

"သူချစ်​ဖို့ကြိုးစားတာကလည်း နှစ်​လပြည့်​​တော့မယ်​....ချစ်​ကိုမချစ်​လာနိုင်​​တော့ဘူး"

"​အေး​လေ....Xing hyung ကိုဆို အရမ်းအနိုင်​ယူတဲ့​ကောင်​"

"ဘာ​ကောင်​မှန်းကိုမသိဘူး...ငါသာသူ့​နေရာမှာဆို Xing hyung ကိုယူပြီးပြီ"

"တကယ်​​နော်​...ငါ Chan hyung ကိုပြန်​​ပြောမှာ"

"ဟာ.....မင်းကလည်း"

အိမ်​ကိုလာပြီး Game ​ဆော့ကြမယ်​ဆိုပြီး မ​ဆော့ဘဲ စကားထိုင်​များ​နေကြတဲ့နှစ်​​ယောက်​။ အစားကျပြတ်​သလားဆို​တော့လည်းမဟုတ်​။ အစားတစ်​​ဖက်​ အ​ပြောတစ်​ဖက်​နဲ့။ ပြီး​တော့လည်း​ပြောတဲ့ အ​ကြောင်းက ​​ကျွေးတဲ့သူရဲ့မ​ကောင်း​ကြောင်း။

"မင်းတို့်မပြန်​ကြ​သေးဘူးလား?"

သူတို့ဖွထားတဲ့ အ​အေးဘူးခွံ​တွေနဲ့မုန့်​ထုပ်​အခွံ​တွေကို ​ကောက်​သိမ်းရင်း​မေး​တော့ နှစ်​​ယောက်​သား​မော့ကြည့်​လာကြတာမျက်​နှာငယ်​နဲ့။

"မင်းကပြန်​​စေချင်​ပြီ​ပေါ့..."

"မ​နေ​စေချင်​ရင်​လည်း မ​နေပါဘူးကွာ...လာပြန်​မယ်​ Baekhyun"

"အပို​တွေမ​ပြောနဲ့...အဲ့မှာထိုင်​​နေ အ​အေးဘူးယူဦးမှာလား?"

"အင်း"

မျက်​​စောင်းတစ်​ချက်​ထိုးရင်း ထွက်​လာ​တော့​နောက်​က​နေ တဟီးဟီးတဟားဟားနဲ့။

"ဒါနဲ့ Jun...Xing hyung ကိုအ​ဖြေမ​ပေးဘူးလား?"

အိမ်​​ရှေ့က​နေ ထွက်​လာတဲ့အသံပြဲ​ကြောင့်​ မီးဖိုခန်းထဲမှာ အ​အေးဘူးယူ​နေတဲ့ကျွန်​​တော်​ အိမ်​​ရှေ့ကိုအမြန်​​ပြေးလာရတဲ့အဖြစ်​။

"Yrrr..တိုးတိုး​ပြောလဒရဲ့...အထဲမှာ omma ​ရော appa ​ရောရှိတယ်​"

"ရှိ​တော့ဘာဖြစ်​လဲ? မသိတဲ့သူ​တွေကျလို့"

"ဒါ​ပေမယ့်​လည်း......"

"​နေစမ်း....Jun မင်းရှက်​​နေတာလား?"

"ဟမ်​...ငါကဘာလို့ရှက်​ရမှာလဲ?"

"ဟုတ်​ပါတယ်​...ပါး​တွေနီ​နေတယ်​"

I'll be thereWhere stories live. Discover now