UNIT 8

6.5K 618 127
                                    

Yixing's POV

"ခင်​ဗျားကို မုန်းတယ်​"

"ဟာ...က​လေးကလည်း"

တကယ်​စိတ်​ထဲကပါလို့ ​ပြော​နေတာမဟုတ်​မှန်း သိ​သော်​လည်း ရင်​ထဲက​အောင့်​ခနဲ။

သာမန်​ကိစ္စဆို ဘယ်​​လောက်​ပင်​ပန်းပင်​ပန်း မခံစားတတ်​​ပေမယ့်​ က​လေးနဲ့ပတ်​သက်​ရင်​ အ​သေးအမွှားကိစ္စကအစ ကျွန်​​တော်​မျက်​ရည်​လွယ်​တယ်​။

သိပ်​ချစ်​ရတာ​တွေ က​လေးနားလည်​​အောင်​ တစ်​ရက်​ချင်းကိုမှ တစ်​သက်​လုံး အနားမှာ​နေပြီး ​ပြောပြဦးမယ်​။

"မသိဘူးဗျာ...ကျွန်​​တော်​က ဟင့်​...ကျွန်​​တော်​က ခင်​ဗျားတမင်​မလာတာထင်​ပြီး အထင်​လွဲ​နေတာ...ခင်​ဗျားကကျွန်​​တော့်​ကို တကယ်​မချစ်​ဘူးလို့ ထင်​ပြီး...ဟင့်​..ကျွန်​​တော်​..."

"က​လေးရယ်​"

ကုတင်​​စွန်းနား​လေးမှာ တင်​ပါးလွှဲ​လေးထိုင်​ကာ တဟင့်​ဟင့်​ရိုက်​ငို​နေတဲ့က​လေး​ကြောင့်​ ကုတင်​ကို​ကျောမီထိုင်​​နေရာက​နေ ​ခြေချထိုင်​လိုက်​ပြီး

"​ထင်​ရက်​လိုက်​တာ...ကိုယ်​က​လေးကိုဘယ်​​လောက်​ချစ်​လဲ က​လေးကိုယ်​တိုင်​သိရဲ့သားနဲ့ ဘာလို့​လျှောက်​စဉ်းစားရတာလဲ?"

ရင်​ခွင်​ထဲဆွဲ​ပွေ့ပြီး က​လေးဆံပင်​​တွေထဲမျက်​နှာနှစ်​ကာ သက်​ပြင်း​မောတစ်​ချက်​ချမိတယ်​။ အခုက​လေးငို​နေရတာ တကယ်​​တော့ ကိုယ့်​​ကြောင့်​ပင်​မဟုတ်​လား?

"မသိဘူး...​ကြောက်​တာပဲသိတယ်​...မချစ်​​တော့မှာ စိုးလို့"

"တိတ်​ပါကွာ...ချစ်​တဲ့အ​ကြောင်း​တွေ ကိုယ်​အခုမ​ပြောပြဘူး...ဘယ်​​လောက်​တန်​ဖိုးထားပြီး မြတ်​နိုးရလဲဆိုတာ အခုချိန်​ကစပြီး ကိုယ်​သက်​​သေပြသွားမယ်​"

".................."

"ယုံ​ပေးမယ်​မလား? က​လေး"

"အင်း....ယုံတယ်​...Xing ကိုယုံတယ်​"

"ဟား ဟား....ဟုတ်​ပါပြီ"

မျက်​ရည်​​တွေကြားထဲက​လေ ​ခေါင်း​လေးတငြိမ့်​ငြိမ့်​နဲ့ ယုံ​ကြောင်း​ပြောပြ​နေတဲ့က​လေး။ ဘာလို့များ အရမ်းဖြူစင်​​နေရလဲ ကိုယ့်​က​လေးရာ။

I'll be thereWhere stories live. Discover now