UNIT 13

5.4K 559 13
                                    

"မနက်​ဖြန်​ ​ကျောင်းဖွင့်​​တော့မှာဆို​တော့ လိုအပ်​တာ​တွေ သွားဝယ်​ရမယ်​​နော်​ Jun"

အိမ်​​ရှေ့ Sofa ​ပေါ်မှာ ပျင်းရိပျင်းတွဲလှဲပြီး Game ​ဆော့​နေရာက မီးဖိုခန်းထဲက ထွက်​လာတဲ့ omma အသံ​ကြောင့်​ နှာ​ခေါင်းရှုံ့မိသည်​။

ပျင်းစရာကြီး။

"ဟဲ့...ငါ​ပြောတာကြားလား?"

ပြန်​​ဖြေတဲ့အသံမကြားလို့ ထင်​ပါရဲ့။ Sofa နားလာတဲ့ omma။

"ကြားပါတယ်​ဗျာ"

"ကြားလည်း အဖတ်​​လေးဘာ​လေးလုပ်​​လေ...​နေဦး..နင့်​အစ်​ကိုဆီ ph ဆက်​လိုက်​ဦးမယ်​"

"ဟာ....ဘာလုပ်​ဖို့လဲ? ဟိုက သူ့ချစ်​သူနဲ့သူ သာယာ​နေမှာကို"

"ဟဲ့...ဘာလုပ်​ဖို့ရမှာလဲ? ​စော​စောပြန်​လာခိုင်းရမယ်​​လေ...နင့်​ကိစ္စ​တွေကရှိ​သေးတာကို"

"​နေပါဦး"

ပြောရင်းဆိုရင်း ph ​ကောက်​ကိုင်​ရင်း ဆက်​ဖို့လုပ်​​နေတဲ့ omma ကိုမနည်းတားရသည်​။

"မဆက်​နဲ့...​အေး​ဆေး​တွေ့ပါ​စေ...hyung ကတစ်​ရက်​တစ်​​လေပဲ Baekhyun နဲ့ ​​သေချာ​တွေ့ရရှာတာ"

Omma လက်​ထဲက ph ကိုဆွဲယူလိုက်​ရင်း ​ပြော​တော့ omma က အသာပြုံးရင်း

"အလဲ့...အစ်​ကိုကို သိတတ်​​နေတာ​ပေါ့​လေ"

"မဟုတ်​ပါဘူး"

"ဒါဆို ဘာလို့လဲ?"

"ကျွန်​​တော်​ ကိုကိုနဲ့ date လုပ်​တဲ့အခါ ဝဋ်​လည်​မှာစိုးလို့"

"အယ်​...ကြည့်​စမ်း ဒီက​လေး"

Omma ကို​ပြောပြီးပြီးချင်း လျှာထုတ်​​ပြောင်​ပြရင်း ​လှေကား​တွေ​ပေါ်​ပြေးတက်​ခဲ့သည်​။

ဟင်း ဟင်း....ချစ်​ဖို့​ကောင်းလိုက်​တဲ့ omma။

"ဟဲ့...နင့်​ကျောင်းကိစ္စ ဝယ်​ဖို့ခြမ်းဖို့​တွေလုပ်​ဦး"

I'll be thereWhere stories live. Discover now