UNIT 14

6K 579 76
                                    

"လာ​လေ Baekhyun"

"အွန်း"

ဟင်​....အရင်​ကလို လန်းဆန်းတက်​ကြွ​နေတဲ့​ကောင်​က "အွန်း" တာ​တောင်​မပွင့်​မလင်းနဲ့...ပါးစပ်​ကလည်း မလှုပ်​တလှုပ်​။ Byun Baekhyun မှဟုတ်​ရဲ့လား?

"Yahh...ဘာဖြစ်​​နေတာလဲ?"

"ဟမ်​....ဘာ ဘာဖြစ်​​နေလို့လဲ?"

ကြည့်​...စကားကလည်းထစ်​ပြီး စကား​ပြောတာ​တောင်​ မျက်​လုံးကို​စေ့​စေ့မကြည့်​။

"မင်း​လေ....မပွင့်​တပွင့်​နဲ့ ဘာဖြစ်​လာတာလဲလို့"

"အမ်း....ဟို..."

ဒီ​နေ့ Baekhyun အသံကြားဖို့​တော်​​တော်​ ခဲယဉ်း​ပေစွ။ အလကား​နေရင်းကို မျက်​နှာ​တွေကပါ ရဲ​နေသလားလို့။

နေမ​ကောင်းတာများလား?

"ဟဲ့....Jun အိမ်​ဝမှာဘာရပ်​လုပ်​​နေတာလဲ?ဝင်​ကြ​လေ....လာ Baekhyunee ​လေး"

"Nae"

အရင်​ကဆို omonie ချင်းထပ်​​နေ​အောင်​​ပြောပြီး တစ်​အိမ်​လုံးလှည့်​ပတ်​​သောင်းကျန်း​နေကျသူက အခု​တော့ ဟုတ်​တစ်​လုံးတည်း​ပြောပြီး Sofa ​ပေါ်ဝင်​ထိုင်​​နေပုံက ခပ်​ကျုံ့ကျုံ့။ ဒါတစ်​ခုခု​တော့ တစ်​ခုခု။

"သား...ခဏ​နော်​ omonie coffee ​ဖျော်​ခဲ့မယ်​"

"Nae"

Omma မီးဖို​ချောင်​ထဲဝင်​သွားမှ သူ့နားကပ်​ထိုင်​ပြီး ခပ်​တိုးတိုး​မေးရ​တော့သည်​။

"မင်း​နေမ​ကောင်းလို့လား?"

"​ကောင်းပါတယ်​"

"ဒါဆို ဘာလို့....."

"Chan ပြန်​မလာ​သေးဘူးလား?"

သူများစကားကိုဖြတ်​ပြီး hyung ကိုထ​မေးတဲ့ baekhyun ကိုခပ်​​စောင်း​စောင်းကြည့်​မိသည်​။

"လာမှာ​ပေါ့...မင်းလာမယ်​လို့ တစ်​မိသားစုလုံးကိုမှာသွားတာ...Appa လည်းမကြာခင်​ပြန်​​ရောက်​လာလိမ့်​မယ်​"

"​သြော်​....အွန်း အွန်း"

"သား....​ရော့ Coffee ပူပူ​လေး​သောက်​လိုက်​ဦး"

"Gamsamitha"

အမယ်​.....omma က coffee ခွက်​လာချ​ပေးတာကို ခါး​တွေဘာ​တွေမတ်​ပြီး ​ခေါင်းငုံ့လို့။

I'll be thereWhere stories live. Discover now