"Jun ရေ .... Xing Hyung ရောက်ပြီနော်"
"အေး....လာပြီ လာပြီ"
အက်ႌကအခုထိ ၾကယ္သီးအစံုမတပ္ရေသး။ ခေါင်းကဆံပင်ကလည်းငှက်သိုက်အလား။ ဒီနေ့မှအိပ်ရာထနောက်ကျရသလား? Kim Junmyeon ရာ။
မနက်ကတည်းကချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုကြောင့် အပေါ်က Hoodie အဖြူရောင်ကိုကောက်စွပ်၊ အောက်က Jean အရှည်ဝတ်ပြီးတာနဲ့ ခေါင်းအမြန်ဖြီးရသည်။
ကိုကို ချစ်တဲ့ဆံပင်အုပ်အုပ်လေးတွေကိုရှေ့မှာဒီအတိုင်းချထားလိုက်သည်။ အဟင်း...ကိုယ့်ကိုယ်ကိုကြည့်ပြီးလည်း ပြုံးရသေးတယ်။
ဘာရယ်တော့မဟုတ်...ချစ်ဖို့ကောင်းလို့ ။ 😌
"Yhh...ပဲများနေတာမပြီးတော့ဘူးလား? Hyung စောင့်နေတာကြာပြီကွ"
ဇိုးဇိုးဇတ်ဇတ်နဲ့ အခန်းထဲ ဝင်လာတဲ့ Byun Baekhyun ကိုမသိချင်ယောင်ဆောင်ရင်း စာကြည့်စားပွဲပေါ်က ကျောပိုးအိတ်လေးကိုကောက်လွယ်လိုက်တော့ ထွက်လာတဲ့ရယ်သံခပ်ဟဟ။
"ဘာရယ်တာလဲ?"
"Aww...မင်းဒီဇိုင်းက ရည်းစားနဲ့သွားတွေ့မှာလား? မူကြိုသွားမှာလား မသဲကွဲလို့ပါ ဟား...ဟား"
"အဆဲခံချင်နေတာလား Byun Baekhyun"
"အောင်မာ...ဒီမှာ ငါမင်းထက်ဝါကြီးတယ်နော်...မင်းအစ်ကိုယောက်ျား "
"အဲ့တော့?"
"ရိုရိုသေသေဆက်ဆံပါ ညီလေးရေ"
အိမ်ထောင်သည်ဖြစ်သွားလို့လားမသိ..Baekhyun ကကိုယ်နဲ့မတူဘဲ ရင့်ကျက်တဲ့အသွင်ပေါ်နေတာတော့ လက်ခံချင်စရာပင်။
အထက်တန်းကျောင်းတုန်းက Baekhyun နဲ့ကိုမတူတော့တာ၊
အင်း.....ကျွန်တော့်ကိုစနောက်နေတဲ့အချိန်ကလွဲလို့ပေါ့။
"သားရေ...မပြီးသေးဘူးလား?"
"လာပြီ Omma ရေ"
Baekhyun ကိုမျက်စောင်းတစ်ချက်ထိုးပြီး လှေကားပေါ်ကနေအမြန်ပြေးဆင်းလာလိုက်သည်။