"လူကြီးမင်းခေါ်ဆိုသော...."
ကျစ်...အဲ့ကိုကို ဟာလေ....အလုပ်ဘယ်လောက်ရှုပ်ရှုပ် ph လေးတော့ကိုင်ပေးပါဆိုတာကို။
သူ့ဘာသာ ကိုယ့်ထက်အသက်ရော လူကောင်ရောဘယ်လောက်ကြီးကြီး ph ဆက်လို့မရရင် ဒီကစိတ်ပူနေရတာ။
ဟူး....အလုပ်ကိစ္စတွေအဆင်မပြေလို့များလား? Beijing ကိုအလုပ်ကိစ္စနဲ့ ခရီးထွက်ရင် အများဆုံးတစ်ပတ်ပဲကြာတတ်တဲ့သူက ဒီတစ်ခေါက်သွားတာ ဒီနေ့နဲ့ဆို 10 ရက်။
"မိဘတွေရှိတဲ့နေရာဆိုတော့လည်း ကြာကြာနေချင်မှာပေါ့ Jun ရယ်" ဆိုတဲ့ Appa စကားကြာင့်သာ စိတ်လျှော့ပြီးသည်းခံနေရတာ။
လွမ်းနေရတာက ရူးမတတ်။
"Jun...ငါတို့လာတယ်"
လာတာတောင်ရိုးရိုးမဟုတ်ဘဲ အိမ်ထဲဒုန်းစိုင်းပြေးဝင်လာတဲ့ခြေသံတွေကြောင့် တံခါးဝကိုလှမ်းကြည့်မိတော့ Baekhyun နဲ့ Chen။
"မင်းက အိမ်ရှေ့မှာ ငုတ်တုပ်ကြီး ဘာထိုင်လုပ်နေတာလဲ?"
"အာ...ဒီလိုပါပဲ"
ဘာပြန်ဖြေရမှန်းမသိတဲ့အခါ ဒီလိုပါပဲ နဲ့အဆုံးသတ်သွားတတ်တဲ့ ကျွန်တော့်အကြောင်းသိနေတဲ့ Chen နဲ့ Baekhyun ကအနားလာထိုင်ရင်း
"ဟေ့ကောင် မှန်မှန်ပြော ဘာဖြစ်နေတာလဲ?"
"ဟင့်အင်း"
"ပြောလို့ပြောနေတယ်နော်"
မပြောမချင်း ဆက်တိုက်နားပူနေရမည့် အရိပ်အယောင်တွေကြောင့် Sofa နောက်ကျောကို ခေါင်းမီချရင်းဖြေမိတာက...
"လွမ်းတယ်"
"ဟင်?"
"ကိုကို့ ကိုလွမ်းလို့"
"လက်စသတ်တော့ လွမ်းနာကျနေတာကိုး"
မေးတုန်းကတော့ အသည်းအသန်။ ဒီကလူက ပြန်လည်းဖြေရော အဖတ်တောင်မလုပ်ဘဲ Game ထိုင်ဆော့နေတဲ့နှစ်ယောက်။