UNIT 3

5.4K 635 50
                                    

"ဟီး ဟီး....Chan ရှုံးသွားပြီ"

"အယ်​....ကိုယ့်​လက်​ကို Baek လာဆွဲထားတာ​လေ"

"မသိဘူးဗျာ...ရှုံးတာက ရှုံးတာပဲ"

"ဟား ဟား .... ဒီက​လေးက​တော့"

Aish...တကယ်​ပဲ။ စာလုပ်​​နေပါတယ်​ဆို နား​ထောင်​မ​နေလည်းနားထဲဝင်​လာတဲ့အသံ​တွေ။

လိုက်​​တော့လည်းလိုက်​တယ်​။ ကြီး​ကောင်​ကြီးမားနဲ့ TV game ထိုင်​​ဆော့​နေတဲ့ doctor hyung နဲ့ သူများအိမ်​​ပေါ် ခုနစ်​အိမ်​ကြား ရှစ်​အိမ်​ကြား အသံပြဲနဲ့ Game လာ​ဆော့​နေတဲ့ Baekhyun။

နာရီကိုကြည့်​မိ​တော့ ဆယ်​နာရီ။ "ည​နေစာ စားသွား​လေ သား" ဆိုတဲ့ Appa စကားကို တစ်​လုံးမှ​တောင်​မငြင်းဘဲ တစ်​ဖြဲနှစ်​ဖြဲစား။ ဒါတင်​ပြီးပြီလားဆို​တော့လည်းမဟုတ်​။ အိမ်​ကို ph ဆက်​ပြီး " သား Jun တို့အိမ်​မှာ အိပ်​မယ်​​နော်​ omma...စာကျက်​မလို့" ဆိုတဲ့ လုပ်​ဇာတ်​ကြီးကိုလည်းခင်း​သေးတာ။ မနိုင်​စိန်​ Byun Baekhyun။

တော်​စမ်း...Kim Junmyeon စာကိုအာရုံပြန်​စိုက်​။

"ဟား ဟား....ဒီတစ်​ခါ​တော့ Baekhyunee ညစ်​လို့မရ​တော့ဘူး"

"အာ...Chan ကကွာ..အကျင့်​ပုတ်​တယ်​"

"ခင်​ဗျား​လေး အရင်​စညစ်​တာ​လေ"

မရ​တော့ဘူး။ လုံးဝသည်းမခံနိုင်​​တော့ဘူး။ Omma နဲ့ Appa အခန်းက ​​အောက်​ထပ်​မှာမို့လို့ သိပ်​မကြားရ​လောက်​​ပေမယ့်​ အ​ပေါ်ထပ်​ဧည့်​ခန်းက TV ​ရှေ့မှာ​ဆော့​နေတဲ့သူတို့အသံက ​လှေကားထိပ်​က ကျွန်​​တော့အခန်းထဲ တိုက်​ရိုက်​။

ကျစ်​...စာကိုအာရုံစိုက်​လို့ကိုမရ​တော့တာ။

သည်းမခံနိုင်​တဲ့အဆုံး......။

"ငါလည်းပါမယ်​"

"ဟာ....မင်းကလည်း Game ကနှစ်​​ယောက်​တည်း​ဆော့လို့ရတာကို "

မျက်​စ​တွေပစ်​ရင်း အသာနှင်​​နေ​သော Baekhyun ကိုကြည့်​ရင်း အားရမိသည်​။တွေ့မယ်​ Byun Baek။

"မင်းကလည်း ငါလည်း​ဆော့ချင်​တာ​ပေါ့...hyung ကျွန်​​တော်​လည်း​ဆော့မယ်​​နော်​"

I'll be thereWo Geschichten leben. Entdecke jetzt