UNIT 9

5.8K 606 84
                                    

"Hyung"

"Jun ​ပြော"

Hyung အခန်းတံခါးကိုဖွင့်​ပြီး လှစ်​ခနဲဝင်​သွား​တော့ မှန်​​ရှေ့မှာ အပီအပြင်​ရွှိုင်း​နေတဲ့ hyung။

"Hyung ဟို​ကောင်​ Baekhyun နဲ့ဒီ​နေ့ Date ဆို"

"ဟီး ဟီး ဟုတ်​တယ်​...hyung ကြည့်​​ကောင်းရဲ့လား?"

အရင်​က​ချောပြီးသား hyung ဟာ အခုလိုပိုပြီးပြင်​ဆင်​ထား​တော့ သိပ်​ကို​ချော​မော​နေတာအမှန်​။

သို့​သော်​လည်း

"Hyung"

"ဟမ်​?"

"Date ဖို့ကို hyung ကအရင်​စ​ပြောတာလား? Baekhyun ကအရင်​စ​ပြောတာလား?"

Hyung က​တော့ ဒီက​လေးဘာ​တွေ​မေး​နေမှန်းမသိလို့ထင်​ချင်​ထင်​သွားနိုင်​​ပေးမယ့်​ သိချင်​​နေတာက​ထိန်းလို့ကိုမရ။

"Hmm? ဘာလို့လဲ ? Jun ​လေးရဲ့"

"Xing ​လေ...ကျွန်​​တော့်​ကို Date လုပ်​ဖို့်တစ်​ခါမှမ​ပြောဘူး"

နှုတ်​ခမ်းကိုဆူ ​ခြေကို​ဆောင့်​ပြီး​ပြောမိ​တော့ hyung ကတဟားဟားရယ်​ရင်း ​ခေါင်း​တွေကိုလာပုတ်​သည်​။

"Yixing ကအလုပ်​များတယ်​​လေ Jun ​လေးရဲ့....မသိတာလည်းမဟုတ်​ဘဲနဲ့"

"ဆရာဝန်​ဖြစ်​တဲ့ hyung ​တောင်​ date ဖို့အချိန်​ရ​သေးတာပဲ"

"အဲ...ဒါက​တော့...ဒီလို Jun ရဲ့...Baekhyunee ဆိုတဲ့​ကောင်​​လေးက ​နေ့တိုင်းတကျီကျီနဲ့ date လုပ်​ဖို့ပဲပူဆာ​နေတာ ဟင်း ဟင်း...အဲဒါနဲ့ hyung ကသူစိတ်​ချမ်းသာပါ​စေဆိုပြီး ဒီတစ်​ပတ်​အကုန်​ရှင်းထားတာ"

Baekhyun အ​ကြောင်း​ပြောတာနဲ့ ​တောက်​ပ​နေတဲ့ မျက်​ဝန်း​တွေနဲ့ ပြုံး​နေတဲ့ hyung နှုတ်​ခမ်း​တွေဟာ Baekhyun ကိုသိပ်​ချစ်​မှန်းသိသာစွာ။

"နှာဗူး hyung"

"ဘာ....အကြီးကို"

"Blah Blah"

"ဒီက​လေး​တော့"

"Jun"

"ဗျာ"

"Yixing က Company ​တွေအများကြီးကိုအုပ်​ချုပ်​​နေရတာ​လေ...အလုပ်​​တွေအရမ်းရှုပ်​တယ်​..အဲ့ကြားထဲက Jun ကိုအချိန်​​တွေအများကြီး​ပေး​နေတာပဲကို"

I'll be thereWhere stories live. Discover now