UNIT 2

6.2K 586 27
                                    

"Jun"

ခေါင်းအထိလုံ​အောင်​ဆွဲခြုံထားတဲ့​စောင်​ကို ခပ်​ဖွဖွလှုပ်​ရင်း နှိုး​နေတဲ့အထိအ​တွေ့။

"Junmyeon ထ​တော့​လေ"

ခြုံထားတဲ့​စောင်​ကို လှုပ်​ရုံတင်​မက ဆွဲပါလှန်​လိုက်​တဲ့ Chan Hyung ။

"Hyung ကလည်း အိပ်​​နေတာကို"

"နိုး​နေတာသိတယ်​ နှပ်​မ​နေနဲ့ ထ​တော့"

"၅ မိနစ်​ပဲ"

"၅ မိနစ်​​တွေ ၁၀ မိနစ်​​တွေ hyung မသိဘူး။ မနက်​စာ ထမင်းဝိုင်းကို ၈ နာရီအမီမ​ရောက်​ရင်​ omma ဗျင်းမှာ​တော့သိတယ်​"

အဲဒါကျွန်​​တော်​တို့အိမ်​ရဲ့စည်းကမ်း။ မိသားစု​လေး​ယောက်​ပဲရှိ​ပေ​မယ့်​ မနက်​​ရော ည​ရော လူစုံမှ ထမင်းလက်​စုံစားတတ်​ကြတာ။

အိပ်​ရာထ​နောက်​ကျရင်​ ကျွန်​​တော်​မ​ပြောနဲ့။ ကျွန်​​တော့်​ hyung ဆရာဝန်​ဖြစ်​​နေတာ​တောင်​ အခုထိ ​အဗျင်းခံ​နေရတုန်း။

"ထပါပြီဗျာ"

အိပ်​ရာ​ပေါ်က အမြန်​ထရင်း ​ရေချိုးခန်းဘက်​သွားဖို့လုပ်​​တော့ hyung က လက်​ကိုအသာလှမ်းဆွဲပြန်​တယ်​။

"ဟာ...hyung .... မျက်​နှာသစ်​ဦးမယ်​​လေ"

"​နေဦး...ခဏ...hyung ​မေးစရာရှိလို့"

"​မေး​လေ"

"Yixing မ​နေ့က...."

"ဟာ...မနက်​​စော​စောစီးစီး အဲ့လူကြီးအ​ကြောင်းပဲလား?"

ခေါင်းကိုတဗျင်းဗျင်းကုတ်​ရင်း နှုတ်​ခမ်းဆူ​ပြော​တော့ hyung ကပြုံးသည်​။ ဒီလိုအပြုအမူမျိုးဆိုတာ ကျွန်​​တော်​ကလည်း မိသားစု​တွေနဲ့မှ လုပ်​​လေ့ရှိတာ။

"စကားကိုဆုံး​အောင်​ နား​ထောင်​ပါဦး Jun ရယ်​"

"​ပြောဗျာ"

"မ​နေ့က hyung duty ပြီးလို့ မနက်​ 2 နာရီခွဲ​လောက်​မှ အိမ်​ပြန်​​ရောက်​တာ.."

"အွန်း"

"Yixing နဲ့ခြံ​ရှေ့မှာ​တွေ့တယ်​"

"ဗျာ"

ဒီလူ သူများအိမ်​​ရှေ့ အချိန်​မ​တော်​ ဘာရပ်​လုပ်​​တာပါလိမ့်​။

I'll be thereWhere stories live. Discover now