Yixing's POV
"ဆရာ ဒီနေ့ meeting ပြီးရင်ရုံးတန်ဆင်းမှာလားတဲ့...driver Kim ph ဆက်လို့"
"အေး...ဒါပေမယ့် သူ့ကိုအခုပြန်လို့ရပြီလို့ပြောလိုက်...ငါဝင်စရာနေရာလေးရှိလို့"
"ဟုတ်"
meeting ပြီးရင် ကလေးကိုသွားကြိုမလို့ အလုပ်တွေကိုစောစောဖြတ်ထားရတာ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲလို့။
ဒါပေမယ့်လည်း ကလေးပုံလေး Wallpaper တင်ထားတဲ့ ph screen ကိုထုတ်ကြည့်မိရင်း ပြုံးမိပြန်သည်။
ကလေးကအခုစာမေးပွဲပီးထားတော့ သင်တန်းတွေတက်နေတာ။ သိပ်ဆိုးတဲ့ကလေးက 4 နာရီမှ ရုံးဆင်းတတ်တဲ့ ကျွန်တော့်ကို သင်တန်းအပြီး 2 နာရီ သင်တန်းရှေ့အရောက်လာကြိုရန် အမိန့်ထုတ်ထားလေရဲ့။
ဒီကကောင်ကလည်းသိပ်မကြိုက်ရှာပါဘူး။ တစ်နေ့တစ်နေ့ အလုပ်တွေကို အပြတ်ဖြတ်ရတာအမော။ ကလေးတစ်ချက်ပြုံးပြတာနဲ့ ပင်ပန်းတာတွေပျောက်သွားတတ်တာ အကျင့်။
Ring Ring
ဟင်း...အသက်တော့ရှည်ဦးမယ်။
"ပြော....ကိုယ့်ကလေးလေး"
"Xing....ဒီနေ့လာကြိုမှာလား?"
ဘာတွေစားနေမှန်းမသိ...မပီမသနဲ့ ဗလုံးဗထွေးထွက်လာတဲ့ ကလေးအသံလေးဟာ ချစ်စဖွယ်အတိ။
"ဒါပေါ့ ကလေးရဲ့..ကိုယ်ဒီနေ့ meeting ပြီးတာနဲ့ ထွက်ခဲ့မယ်"
"Xing မအားလည်းရတယ်နော်...Chan hyung ဒီနေ့ duty မရှိဘူးတဲ့"
ဒီလိုကျတော့လည်း လိမ်မာနေပြန်ရာ။
"ဟင့်အင်း...ကိုယ်လာကြိုမယ်"
"Xing ကိုအတင်းမလာခိုင်းဘူးနော်"
"အင်း...ကိုယ်ကလေးကိုတွေ့ချင်လို့"
"ပြီးရော"
သူပြောချင်တာပြောပြီးတာနဲ့ မနှုတ်ဆက်ဘဲ ph ချသွားတတ်တာက အမြင်ကတ်ဖို့ကောင်းတဲ့ အကျင့်လေး။