UNIT 10

5.8K 603 55
                                    

Yixing's POV

Ring Ring

"Hello မား"

"မားသား​လေး နိုးပြီလား?"

"ကျွန်​​တော်​က နိုးလို့ဖြင့်​ company ​တောင်​​ရောက်​​နေပြီ မားရဲ့"

"အို....​စောလှချည်​လား?သားရယ်​...နားနား​နေ​နေလည်း​နေပါဦး"

"အခုတစ်​​လော အလုပ်​​တွေအရမ်းရှုပ်​​နေလို့ပါ မားရယ်​"

တကယ်​​တော့ အလုပ်​​တွေများ​နေတာမဟုတ်​။ ကိုယ်​တိုင်​ကိုက အလုပ်​ချိန်​အလုပ်​ထဲစိတ်​မနှစ်​ထားနိုင်​တာ။

"Yixing"

"ဗျာ"

"သားချစ်​သူရ​နေပြီဆို"

"အာ...ဘယ်​လိုလုပ်​?"

"မားသတင်း​တွေအကုန်​ပြန်​ကြားတယ်​သား...​ကောင်​မ​လေးက ဘယ်​ကလဲ? မျိုးရိုးက​ရော?"

မားကို ကိုယ်​တိုင်​ဖွင့်​​ပြောပြမယ်​လို့ဆုံးဖြတ်​ထားတာ။ ဒီလို မားကအရင်​​မေးခွန်းထုတ်​လာ​တော့ ဘယ်​က​နေစကားစစီရမှန်းမသိ။

"မား"

"........."

"ကျွန်​​တော့်​ချစ်​သူက ​ကောင်​မ​လေး မဟုတ်​..."

"သား​ရေ...ခဏ​နော်​ အ​မေ​နောက်​မှပြန်​ဆက်​မယ်​"

အလျင်​စလိုနဲ့ ph ချသွားတဲ့ မားကဘာ​တွေအ​ရေးကြီးကိစ္စရှိ​နေမှန်းမသိ။

မားကဒီကသတင်း​တွေကိုဘယ်​လိုကြားသွားမှန်းမသိ။ သိသွားလည်းပြသနာမရှိတာကမှန်​​ပေမယ့်​ ကိုယ်​ကအရင်​က​လေးအ​ကြောင်းကိုဖွင့်​​ပြောပြချင်​ခဲ့တာ။

မားက​တော့ "သားသ​ဘော သားချစ်​တဲ့သူဆို မားက အဆင်​​ပြေတယ်​" လို့တဖွဖွ​ပြောတတ်​​ပေမယ့်​ ​ယောက်ျား​လေးတစ်​​ယောက်​ဆိုရင်​​ရော လက်​ခံနိုင်​ပါ့မလား?

သေချာတာ​တော့ ဘာ​တွေဘယ်​လိုပဲဖြစ်​​နေပါ​စေ။ က​လေးကိုလက်​လွှတ်​ဖို့ဆိုတာ​တော့ အ​တွေးထဲတွင်​ပင်​မရှိ​သောကိစ္စ။

လုပ်​ငန်း​ပေါင်းများစွာကို အုပ်​ချုပ်​​နေရတဲ့ကိုယ်​က မိဘ​တွေအ​ပေါ်သားတစ်​​ယောက်​အ​နေနဲ့တာဝန်​​ကျေချင်​ရုံကလွဲ ဘယ်​အရာ​တွေကိုမှတပ်​မက်​စွာ ဆုပ်​ကိုင်​ထားလိုစိတ်​မရှိတာ ကိုယ့်​ဘာသာအသိဆုံး။

I'll be thereWhere stories live. Discover now