UNIT 12

6.2K 596 116
                                    

Yixing's POV

"အဲ......ကျွန်​​တော်​က ဟီး...ဟို​လေ Aunty ကအရမ်းနု​တော့..."

ဘာ​ပြောရမှန်းမသိ ​ခေါင်းကုတ်​လိုက်​ သွားဖြီးလိုက်​လုပ်​ရင်း ထိုင်​ရမလို ထရမလိုဖြစ်​​နေတဲ့ က​လေးကိုကြည့်​ပြီး ရယ်​ချင်​စိတ်​ကိုမြိုသိပ်​ထားရသည်​။

"အရင်​ထိုင်​ခိုင်းလိုက်​ပါ သားရယ်​"

မားက တရုတ်​လိုလှမ်း​ပြော​တော့ ကြားထဲကနားမလည်​တဲ့​ကောင်​​လေးက ကျွန်​​တော့်​ကိုအားကိုးတကြီးလှမ်းကြည့်​​လေရဲ့။

"ထိုင်​​လေ Jun...မားက ထိုင်​ တဲ့"

ထိုင်​ဆိုတာနဲ့ ချက်​ချင်းထိုင်​ချပြီး Stand by အ​နေအထားနဲ့ခါးမတ်​​နေတဲ့ က​လေးကိုကြည့်​ပြီး သနား​တောင်​သနားမိသည်​။ အဲ့​လောက်​​တောင်​ ​ကြောက်​စရာလား က​လေးရယ်​?

"မားက Korea ကို​မ​ရောက်​တာ​တောင်​ကြာပြီ..ဒီတစ်​​ခေါက်​ပြန်​လာရင်း ဟင်း ဟင်း...သားရဲ့ရတနာ​လေးကိုပါ တစ်​ခါတည်းလာကြည့်​တာ"

လေသံက နည်းနည်းဝဲ​နေ​ပေမယ့်​ က​လေးက​တော့ နားလည်​​ကြောင်း မျက်​လုံး​တောက်​​တောက်​​လေး​တွေက သက်​​သေ။

"ခင်​ဗျာ? ဟုတ်​...မား"

မားဆိုတဲ့​နေရာမှာ သိသိသာသာတိုးဝင်​သွားတဲ့အသံ​လေး​ကြောင့်​ ခုံ​အောက်​က​နေ​အေးစက်​​နေတဲ့ က​လေးလက်​​လေးကို ဆုပ်​ကိုင်​လိုက်​​တော့ လှည့်​ကြည့်​ပြီး ပြုံးပြလာတဲ့ က​လေး။

"Jun ​လေးက Xing ပြတဲ့ ဓာတ်​ပုံထဲမှာထက်​ပိုချစ်​ဖို့​ကောင်းတယ်​...အဲဒါ​ကြောင့်​လည်း သည်းသည်းလှုပ်​​နေတာထင်​တယ်​"

မားက သူ့ကိုယ်​သူ မား ဆိုတဲ့နာမ်​စားနဲ့ ​ကောင်းတဲ့စကား​တွေကိုပဲ ဆက်​တိုက်​ဆို​တော့ က​လေးရဲ့မျက်​နှာ​လေးက ခုနကနဲ့မတူစွာ ပြုံး​ယောင်​သမ်းလာတယ်​။

"မဟုတ်​တာ...ကျွန်​​တော်​က​သာ မား ကအရမ်းနု​နေ​တော့ ကိုကို အဲ....Xing ကိုသဝန်​​တွေစွတ်​တို....umm"

နှုတ်​ခမ်း​လေး​တွေကို အတွင်းဘက်​လိပ်​လိုက်​ပြီး စကားတန့်​လိုက်​တဲ့ က​လေးဟာ မ​တွေ့တာကြာလို့ပို​တောင်​ချစ်​ဖို့​ကောင်းလာသလို။ ဆံပင်​အ​ရောင်ေ​ပြာင်းပြီး နည်းနည်းညှပ်​လိုက်​​တော့ တကယ့်​ကိုက​လေး​ပေါက်​စ​လေးလို။

I'll be thereWhere stories live. Discover now