UNIT 4

4.9K 645 21
                                    

"မင်းသာကြက်​ဆိုရင်​ ငါမင်းကို​လေ အ​မွေးနုတ်​ နုတ်​နုတ်​စင်းပြီး ဂျင်​ဆင်းလုပ်​​သောက်​တယ်​"

"သူကကြက်​မဟုတ်​ဘူး...ယုန်​ အဲ့​တော့ ကင်​စားမှရမယ်​"

ဘာလဲဟ? သုံး​ယောက်​သားစာလုပ်​​နေရာက​နေ အဆက်​အစပ်​မရှိထ​ပြောတဲ့ Chen နဲ့ Baekhyun။

"​ဟေ့​ကောင်​​တွေ..မင်းတို့ဘယ်​သူ့ကို​ပြော​နေတာလဲ"

"မင်းကို​ပြော​နေတာ"

"ငါကဘာလုပ်​​နေလို့လဲ?"

နားမလည်​စွာနဲ့တွက်​လက်​စစာအုပ်​ကိုပိတ်​ ​ဘောပင်​ကိုချပြီး အဲ့နှစ်​​ကောင်​ကိုမျက်​နှာချင်းဆိုင်​​မေး​တော့ နှစ်​​ကောင်​သားမျက်​နှာကိုခပ်​​ချေ​ချေနဲ့လွှဲထားတယ်​။

"ဟာ....ငါ​မေး​နေတယ်​​လေ"

"​ဖြေချင်​စိတ်​ကိုမရှိတာ"

"ဟုတ်​တယ်​"

ရော်​....ဘယ်​လို​ကောင်​​တွေလဲ?

မ​ဖြေချင်​လည်း​နေ​ပေါ့ ကိုယ့်​ဘာသာစာပဲဆက်​လုပ်​မယ်​။ နှုတ်​ခမ်းဆူပြီး စာထိုင်​တွက်​ (စိတ်​ဆိုးပြ)​နေတာ​တောင်​ အဖတ်​မလုပ်​ဘဲ စာပဲဆက်​လုပ်​​နေတဲ့နှစ်​​ကောင်​ ဘာဖြစ်​​နေကြတာလဲ?

ကဲ.....စာကိုအာရုံစိုက်​မယ်​ Kim Junmyeon။

အားလုံးပြီးလို့ နာရီကိုကြည့်​လိုက်​​​တော့ ရှစ်​နာရီ။
အိမ်​ကိုထမင်းစားချိန်​​တော့မမီ​လောက်​ဘူးလို့ ကြို​ပြောခဲ့၍ကိစ္စမရှိ။

"ပြန်​ကြရ​အောင်​ကွာ...ရှစ်​နာရီထိုး​နေပြီ"

"​အေး"

အံမယ်​....ဒါမျိုးကျ နှစ်​​ယောက်​သား စာအုပ်​​တွေ​ကောက်​သိမ်းတာ တစ်​မိနစ်​​တောင်​မကြာ။

Chen ရပ်​ကွက်​ထဲက စာကြည့်​တိုက်​မှာ စာစုလုပ်​ကြတာမို့ Chan hyung ကို​တော့လာကြိုခိုင်းမှ။ အိမ်​နဲ့ Chen အိမ်​နဲ့က ​တော်​​တော်​​ဝေးတာ​ကြောင့်​၊ ညနက်​လို့တစ်​​ယောက်​တည်းပြန်​လာရင်​ အိမ်​ကစိတ်​ချမှာမဟုတ်​။

"တီ တီ"

သုံး​ယောက်​လုံး လွယ်​အိတ်​​ကောက်​လွယ်​ပြီး အပြင်​ထွက်​လာ​ရင်း Hyung ကို ph ​ခေါ်​နေတာ မကိုင်​။ အဲ့ hyung က​လေ အ​ရေးအ​ကြောင်းဆို။

I'll be thereOn viuen les histories. Descobreix ara