(5)

68.8K 2.8K 209
                                    



           ခင်​ဗျားတို့ ဘဝသက်​တမ်း တစ်​​လျှောက်​မှာ က​သောင်းကနင်းနဲ့ က​မောက်​ကမ​ ကိစ္စ​တွေ ဆက်​တိုက်​ဖြစ်​​နေပြီဆိုရင်​ လုပ်​​ရမှာတစ်​ခု​တော့ရှိတယ်​ ။ မျက်​လုံးစုံမှိတ်​ .... အသက်​ဝ​အောင်​ရှူပြီး ခင်​ဗျားတို့ရဲ့ ဘုရားသခင်​​တွေကို
" ဒါ အကြံအကုန်​ပဲလား " လို့ ရန်​​တွေ့ရမှာပါ ။

လန်​လည်း သူ့ရဲ့ဘုရားသခင်​ကို
" ဒါ ခင်​ဗျားစီစဉ်​ထားမှန်း သိတယ်​ ။ ဒီတိုင်းကြည့်​​နေ​တော့မှာလား "  ဆိုပြီး ဘယ်​နှစ်​​ခေါက်​မှန်းမသိ​အောင်​ တ​နေသည်​ ။

ဘရိတ်​ဓားပါးပါး​လေးက မီး​ချောင်းဖြူဖြူ​အောက်​မှာ တာဝန်​ထမ်း​ဆောင်​ဖို့ အဆင်​သင့်​ဖြစ်​​နေ​တဲ့ပုံစံနဲ့ တလတ်​လတ်​ထ​နေသည်​ ။

လွန်​ခဲ့တဲ့နာရီ​ပိုင်း​လောက်​ကအထိ ပုံမှန်​ ကာမစိတ်​မွှန်​​နေတဲ့ ​ယောကျာ်းနှစ်​ဟာ ကားထဲမှာ ​​ချွေးတီးတီးကျတဲ့အထိ နမ်းရှိုက်​​နေခဲ့တယ်​ ။ ပြီး​တော့ အနီးစပ်​ဆုံးမိုတယ်​ကိုသွားဖို့ ဆုံးဖြတ်​တယ်​ ။

လန်​တို့​ရွေးလိုက်​တဲ့ မိုတယ်​​လေးမှာ လူအ​ရောက်​နည်းသည့်​ဟန်​ဖြင့်​ ​ခြောက်​ကပ်​​နေသည်​ ။ မိုတယ်​ပိုင်​ရှင်​ သတ်​လတ်​အမျိုးသားကြီးက​ ​အို​ဟောင်း​နေတဲ့ ​ရှေး​ဟောင်းစန္ဒယားကြီးကို ဟန်​ပါပါ တီး​နေသံကလွဲပြီး တခြားအသံဗလံဘာမှ မကြားရပါ ။

" စာအုပ်​လို ​စန္ဒယားသံကြီးပဲ "

ဒီ​နေ့အတွက်​ ဟိုင်း​ဝေးလို့ သူ့ကိုယ်​သူ နာမည်​​ပေးထားတဲ့ သူက လန်​ကို နှစ်​ကိုယ်​ထဲကြားရုံအသံနဲ့ လှမ်း​ပြောလိုက်​သည်​ ။

အ​ခန်းဆီကို သွားတဲ့လမ်း​တစ်​​လျှောက်​မှာ သန့်​ရှင်း​ရေးလုပ်​တဲ့ အဘွားကြီးကလွဲပြီး ဘယ်​သူမှ ရှိ​မ​နေခဲ့ဘူး ။ ဒါလည်းတစ်​မျိုး​ကောင်းတာပဲ ။ ဒါနဲ့ ​​လှေကားကတတ်​လာရင်​ အ​ဝေးဆုံးနဲ့ ​ထောင့်​အကျဆုံးအခန်းကို ယူလိုက်​သည်​ ။

တိတ်​ဆိတ်​လွန်းတဲ့ ပတ်​ဝန်းကျင်​ကို ​ဖောက်​ထွက်​ဖို့အတွက်​ သူ့ဘက်​ကအရင်​စတယ်​ ။

SEX Romance Where stories live. Discover now