(7)

51.1K 2.4K 197
                                    


လူ​တွေကဘာလို့များ​မွေးဖွားလာရတာလဲ ?

ခင်​ဗျားတို့လဲ စိတ်​ပါရင်​ဝင်​​ဖြေကြည့်​လို့ ရပါတယ်​ ။

ဒီ​မေးခွန်းက Xavier ရဲ့ ဘုရားသခင်​ အစစ်​ကိုရှာ​ဖွေ့​တွေ့ရှိခြင်း အစ​ပါ ။

ဘုရားသခင်​​တွေအများကြီးရှိပါတယ်​ ။

ဒါ​ပေမဲ့ ခင်​ဗျားတို့​​တွေ တစ်​​ယောက်​စီ တစ်​​ယောက်​စီ မလွှဲမ​သွေကြုံရမဲ့ ဘုရားသခင်​က​တော့ ​သေခြင်းတရားပဲ ။

         အသက်​ ၆ နှစ်​အရွယ်​မှာ Xavier ​လေးစားရတဲ့ ဖိုးဖိုးဆုံးတယ်​ ။ သူက လူ​တွေ အားထားရပြီး သ​ဘော​ကောင်းတဲ့ ဆရာဝန်​ကြီး​လေ ။ သူ​ဆုံး​တော့ လူ​တွေအများကြီး အသုဘလိုက်​ပို့ကြတယ်​ ။

" ဆရာကြီး Kim ​ကျေးဇူးကို မ​မေ့ပါဘူး "

အဲလို​ပြော​ပြောပြီး ငို​နေကြတာပဲ ..... ။ ဖိုးဖိုးက​တော့ ဘယ်​​လောက်​သူ့နာမည်​ ​ခေါ်ပြီး ငိုငိုထမလာ​တော့ဘူး ။ ဘယ်​များ​ရောက်​သွားပါလိမ့်​ ?

ဖိုးဖိုးပြန်​လာခဲ့ပါ .... အီးးးဟီးးးဟီးးးဗြဲ ....

           အသက်​ ၁၀ နှစ်​အရွယ်​မှာ Xavier ကိုအလိုလိုက်​တဲ့ ဖွားဖွားဆုံးတယ်​ ။

" ဖွားဖွားက ဖိုးဖိုး​နောက်​ လိုက်​သွားတာပါ ... တအားကြီးမငိုနဲ့ Xavier ​လေး "

ဒေါ်​လေးက မျက်​ရည်​​သွင်​သွင်​ စီးရင်း နှစ်​သိမ့်​တယ်​ ။ ဖွားဖွားလည်း Xavier ဘယ်​​လောက်​ငိုငို ထမလာ​တော့ဘူး ။ သူနဲ့ မဆိုင်​သလိုပဲ ​ကောင်း​ကောင်းအိပ်​​ပျော်​​နေတယ်​ ။

အားးးး ဖွားဖွားကို မုန်းတယ်​ကွာ .....

            ၁၄ နှစ်​​အရွယ်​​ရောက်​တာ့ Xavier ရဲ့ ​အလုပ်​ကြိုးစားတဲ့ ​ဖေ​ဖေဆုံးသွားတယ်​ ။

" ​ကောင်း​ကောင်းသွားပါ ​ဖေ​ဖေ "

ဖေ​ဖေက ​တရားသူကြီးတစ်​​ယောက်​ဖြစ်​ချင်​ခဲ့တာ​လေ ။ သူ့ဘဝတစ်​​လျှောက်​လုံး စာ​တွေ​လေ့လာ စာ​မေးပွဲ​တွေ​ဖြေရင်းပဲ ကုန်​ဆုံး​နေခဲ့တာ ။ ပတ်​ဝန်းကျင်​က​လူ​တွေက​တော့ ​ပြောကြတယ်​ ။

SEX Romance Where stories live. Discover now