(19)

35.4K 2K 290
                                    
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" Treat or Trick ? "

ဟော်​လိုဝင်းပွဲ​တော်​ညစတင်​တာနဲ့ ဗင်းနစ်​လမ်းသွယ်​တစ်​ခုလုံးကို ဖုံးအုပ်​ထားတာက က​လေးတစ်​သိုက်​သာဖြစ်​တယ်​ ။ ဖရုံသီးပုံပါတဲ့ခွက်​​လေး​တွေကိုင်​ပြီး တစ်​အိမ်​ဝင်​တစ်​အိမ်​ထွက်​ သကြားလုံး​တောင်းကြတယ်​ ။ တချို့က​လေး​တွေဆို ​ပေကတူး​အောင်​​ရောင်​စုံခြယ်​မျက်​နှာ​လေး​တွေနဲ့​ပေါ့ ။ လမ်း​တော်​​တော်​များများမှာ ယာဉ်​အဝင်​အထွက်​ စနစ်​တကျပိတ်​ဆို့ထားတဲ့အတွက်​ က​လေး​တွေ​ကော လူကြီး​တွေပါလမ်းအပြည့်​ လမ်း​လျှောက်​သွားလိုက်​ ​ပြေးသွားလိုက်​ နည်းမျိုးစုံနဲ့ ​ယောက်​ယက်​ခတ်​​နေကြတယ်​ ။

လန်​ တစ်​​ယောက်​လဲ သူ့ချစ်​သူ​ကောင်​​လေးအိမ်​သွားဖို့အ​ကောင်းဆုံးဝတ်​ဆင်​​နေတယ်​ ။ အများစုက ဒီလိုအချိန်​အခါမှာ သူတို့သ​ဘောကျတဲ့ဇာတ်​ကားထဲက ကာရိုက်​တာ​တွေလို ဝတ်​စားကြတယ်​ ။ အထူးသဖြင့်​ ထိထ်​လန့်​​ကြောက်​မက်​ဖွယ်​ရာ ပုံစံ​တွေကို အဓိကထားလုပ်​ကြတယ်​ ။ လူငယ်​​တွေအ​နေနဲ့​တော့​ကောင်း​ပေမဲ့ လန့်​အ​နေနဲ့​တော့ နည်းနည်းအူ​ကြောင်​​ကြောင်​နိုင်​တာမျိုးဖြစ်​မှာဆိုးသည့်​အတွက်​ ပွဲတတ်​အ​နောက်​တိုင်းဝတ်​စုံအ​နောက်​​ရောင်​ကိုသာ သားသားနားနား သပ်​သပ်​ရပ်​ရပ်​ဖြစ်​​အောင်​ ဝတ်​စားလိုက်​သည်​ ။

SEX Romance Where stories live. Discover now