" ငါတို့ကဘာတွေလဲဟင် ? "
မရှင်းလင်းတဲ့ဆက်ဆံရေးအတွက် သေချာပေါက်ထုတ်သင့်တဲ့ မေးခွန်းတစ်ခုလို့ လန် ခံယူတာမို့ မတ်ဆေ့ခ်ျကို ပို့လိုက်ပြီ ။
မျက်နှာခြင်းဆိုင်ဝိုင်းမှာ တခြားသော အပေါင်းအသင်းတွေနဲ့ ရယ်လိုက်မောလိုက် စကားပြောနေရင်းမှ မတ်ဆေ့ခ်ျသံကြောင့် သူ ဖုန်းကိုဖွင့်ကြည့်လိုက်တယ် ။ ပြီးတော့ လန် ရှိတဲ့ဘက်ကို မျက်နှာမူပြီး တစ်ချက်ပြန်ကြည့်တယ် ။
အခု လန်တို့ အရောင်းဌာနရဲ့ဝန်ထမ်းတွေ စားသောက်ပွဲကျင်းပနေကြတာ ဖြစ်ပြီးတော့ မန်နေဂျာအကြိုက် ဖူဂျီ လို့ခေါ်တဲ့ ဂျပန်ရိုးရာစားသောက်ဆိုင်ကို ရောက်နေတယ် ။
စားသောက်ဆိုင်ရဲ့ အပြင်အဆင်က တကယ့်ကို ဂျပန်ရိုးရာတွေပြည့်နှက်နေပြီး ဆာကူရာပန်းခတ်ပန်းနွယ် ပန်းချီတွေဆိုတာလည်း နံရံအပြည့် ။
စားသောက်ခန်းဖွဲ့စည်းပုံကတော့ နံဘေးဘက်အခန်းတွေခြားနားထားပြီး ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့စားသောက်လို့ရတဲ့ အောက်မှာထိုင်ရတဲ့ပုံစံမျိုးပါ ။
မျက်နှာချင်းဆိုင်အခန်းတွေကတော့ အလယ်မှာ လမ်းမြှောင်လေးခွဲရုံခြားထားပြီး ဟိုဘက် ဒီဘက်ကောင်းကောင်းမြင်ရသည် ။
ဒါကြောင့်လဲ လန် သူဝင်လာကတည်းက ကောင်းကောင်းမြင်ရတာပါ ။ သူဝင်လာစကတော့ လန်ကို မြင်တဲ့ပုံမပေါ်ပါဘူး ။ နောက်နည်းနည်းလေးကြာမှ လန် တို့ဝိုင်းက အသံကျယ်လာတော့ သတိထားမိပုံပေါ်သည် ။
သည်လောက်အထိကို လန်အမြင်ကြည်ပါသေးတယ် ။ သူ နဲ့ပါလာတဲ့ အပေါင်းအသင်းတစ်ချို့ထဲက မိန်းကလေးတွေနဲ့ ပူးပူးကပ်ကပ်ဖြစ်နေတာက လန့် ကို မရိုးမယွဖြစ်စေတယ် ။
ပြီးခဲ့တဲ့ ပိတ်ရက်ကမှ သူတို့နှစ်ယောက် ဝုန်းဒိုင်းကြဲနေအောင် Fuck ခဲ့ကြတာလေ ။ ဖုန်းနံပါတ်တွေ မေးလ်တွေလဲခဲ့ကြတာလေ ။
