Arc 1 - အခန်း(၁)ကျိုးယွင်​ရှန့်​ဘဝ : Brothers conflict

57.3K 2.7K 73
                                    

Arc 1 : Brother conflict

အခန်း(၁)ကျိုးယွင်​ရှန့်​ဘဝ

ကျိုးယွင်​ရှန့်​ မျက်​လုံးဖွင့်​လိုက်​သည့်​အခါသူ့ကိုယ်​သူ King size​မွေ့ယာကြီးတစ်​​ပေါ်လဲ​လျောင်း​နေ​ကြောင်းသိလိုက်​ရသည်​။ သူ့​ခေါင်း​ပေါ်မှာအဖြူ​ရောင်​မျက်​နှာကျက်​နဲ့အတူကျက်​​သရည်​ရှိတဲ့ ဖန်​မီးဆိုင်းတစ်​ခုရှိ​နေသည်​​။ သူထလိုက်​ပြီး သူ့ဝိညာဉ်​နဲ့ဆက်​ထားတဲ့ လက်​​​ကောက်​ဝတ်​ကAIကိုကြည့်​လိုက်​သည်​။ အနက်​​ရောင်​display​ပေါ်မှာစာတစ်​ချို့ ​ပေါ်ေ​နပြီး ဒါ Lord Godဆီက​နေခိုးယူထားတဲ့အချက်​အလက်​​တွေပဲဖြစ်​သည်​။

ဗိုင်းရပ်​တစ်​​ကောင်​အ​နေနဲ့ Lord Godရဲ့ထိန်းချူပ်​မှု​အောက်​ကလွတ်​ဖို့ ကျိုးယွင်​ရှန့်​ သူ့ကိုယ်​သူအဓိကဇာတ်​​ကောင်​အဖြစ်​ပါဝင်​မှာမဟုတ်​ဘူး။ 007ရဲ့တွက်​ချက်​​ပေးမှုအရသူ​ရွေးချယ်​လိုက်​တဲ့ ​နေရာကမကြာခင်​ဖျက်​ဆီးခံရမယ့်​ အ​မြောက်​စာအရံဇာတ်​​ကောင်​ ဗီလိန်​​နေရာပဲ။ဗီလိန်​ဇာတ်​​ကောင်​ရဲ့ကံကြမ္မာကို​ပြောင်းလဲလိုက်​တာ ဒီ​လောကကိုပျက်​စီးမသွား​စေနိုင်​ဘူး။ Lord Godရဲ့ တွက်​ချက်​မှုကို errorဖြစ်​သွား​စေရုံ​လောက်​ပဲ။

Data errorအတွဲက​ Data​တွေကိုပိုerrorဖြစ်​​စေတယ်​။သူထွက်​သွားတဲ့အခါကမ္ဘာကြီးက Lord Godရဲ့ထိန်းချူပ်​မှု​အောက်​ကလွတ်​ထွက်​သွားလိမ့်​မယ်​။ကြည့်​ရတာအဆင်​​ပြေပုံရ​ပေမယ့်​တကယ်​​တော့မလွယ်​ဘူး ။ Necrotic ဧရိယာ​တွေပိုများလာ​လေ မှတ်​ဥာဏ်​ကအနည်းအမြန်​​သေကုန်​မှာပဲ။
ဒါကျိုးယွင်​ရှန့်​လိုချင်​​နေတဲ့အရာပဲ။

အချက်​အလက်​​တွေကိုဖတ်​ပြီးတဲ့​နောက်​ ကျိုးယွင်​ရှန့်​ နှုတ်​ခမ်းစွန်း​လေးမြင့်​တက်​သွားသည်​။ အခုလက်​ရှိခန္ဓာက ၁၆နှစ်​အရွယ်​​ယောက်ျား​လေး နံမည်​ကလည်း ကျိုးယွင်​ရှန့်​ ပဲ။ သူကအထက်​တန်းပထမနှစ်​​ကျောင်းသား သူ့မှာ၁၅နှစ်​အရွယ်​ညီနှစ်​​ယောက်​ရှိတယ်​။ တစ်​​ယောက်​က ကျိုးဝန်​အန်​ ​နောက်​တစ်​​ယောက်​က ကျိုးဝန်​ကျင့်​။

ကျိုးဝန်​အန်​ က ကျိုးယွင်​ရှန့်​ရဲ့အ​ဖေတူအ​မေကွဲညီ။ သူတို့အ​ဖေက သူ့အ​မေကိုပိုသ​ဘောကျလို့ ဝန်​အန်​က ကျိုးသခင်​ကြီးရဲ့အချစ်​ဆုံးသားဖြစ်​တယ်​။ ကျိုးယွင်​ရှန့်​ရဲ့ညီအရင်းက​မွေးကင်းစကတည်းက နှလုံးတည်​​ဆောက်​ပုံမမှန်​လို့​သေသွားခဲ့တယ်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now