အခန်း(၃)ကျိုးယွင်​ရှန့်​ဘဝ

30K 2.4K 83
                                    

အခန်း(၃)ကျိုးယွင်​ရှန့်​ဘဝ

ကျိုးဝန်​ကျင့်​၊ ကျိုးယွင်​ရှန့်​ကိုတစစီဆုပ်​ဖြဲပစ်​ချင်​မိသည်​။သူပြန်​ထရန်​ကြိုးစားလိုက်​​သော်​လည်းအကန်​လိုက်​ရပြီး ပါးစပ်​မှသည်း​ခြေရည်​များအန်​ထွက်​လာ​တော့သည်​။
ဒီခန္ဓာကိုယ်​ရဲ့မူလပိုင်​ရှင်​က ကျိုးဝန်​အန်​ရဲ့ကစားခြင်းကိုခံရပြီး ကျိုးအိမ်​ရဲ့သားဆိုတဲ့​နေရာနဲ့ပိုင်​ဆိုင်​မှု​တွေအကုန်​ကိုဆုံးရှုံးခဲ့ရသည်​။ အဓိကဇာတ်​လိုက်​ကစီးပွား​ရေးလုပ်​ငန်းရှင်​ကြီးဖြစ်​လာ​တော့ နံမည်​ပျက်​ပြီးဘယ်​သူကမှအလုပ်​မ​ပေးချင်​​လောက်​တဲ့အ​ခြေအ​နေမျိုးထိလက်​စားချေတာကိုခံခဲ့ရသည်​။

ဒီခန္ဓာကိုယ်​ကို ကျိုးယွင်​ရှန့်​ အစားဝင်​ပြီးဒီခန္ဓာကိုယ်​ရဲ့အနာဂတ်​ကိုသိ​ပေမယ့်​ အဓိကဇာတ်​​ကောင်​ရဲ့​ခြေသလုံးကိုဖက်​ပြီး ကပ်​မဖားတဲ့အပြင်​ ချက်​ချင်းမသတ်​လိုက်​တာကတောင်​အရမ်းထိန်းချူပ်​ထားရာကျ​နေပြီ။ တုရွှီလန်​သာသူ့ပုခုံးကိုဆွဲမထားလျှင်​​နောက်​ထပ်​အချက်​အနည်းထပ်​ကန်​ပစ်​အုန်းမည်​ဖြစ်​သည်​။

"ရှန့်​​ရှောက်​ မင်းရဲ့သနားစရာညီ​လေးကိုအနိုင်​မကျင့်​ပါနဲ့'' တုရွှီလန်​ကမျက်​မှန်​ကိုပင့်​တင်​ပြီး​ပြောလိုက်​သည်​။သူ့ပုံစံက​ချော့​ပြော​နေပုံ​ပေါက်​​ပေမယ့်​ တကယ်​တမ်း​တော့ဒါဟာသတိ​ပေးခြင်းသာဖြစ်​သည်​။

ကျိုးယွင်​ရှန့်​ စိတ်​ထဲမထားပဲသူ့ပုခုံး​ပေါ်ကတုရွှီလန်​လက်​ကိုဖယ်​ပစ်​လိုက်​သည်​။ ထို့​နောက်​ကျိုးဝန်​ကျင့်​နားသို့တစ်​လှမ်းသွားလိုက်​သည်​။ ကျိုးဝန်​ကျင့်​ ကလည်းမနည်းကုန်​ထပြီးသူ့ကိုမုန်းတီး​နေသည့်​မျက်​ဝန်းအစုံဖြင့်​ကြည့်​​နေသည်​။

"မင်းငါ့ကိုမုန်းလား''

ပြန်​​ဖြေတဲ့အ​နေနဲ့ကျိုးဝန်​ကျင့်​ကပါးစပ်​ထဲ​သွေး​ရောတဲ့တံ​တွေးကို​ထွေးထုတ်​လိုက်​သည်​။ ကျိုးယွင်​ရှန့်​က ကျိုးဝန်​ကျင့်​ ​ဘေး၌မတ်​တပ်​ရပ်​လိုက်​ပြီး ဝန်​ကျင့်​၏ရင်​ဘတ်​​ပေါ်သို့​ခြေတင်​ထားလိုက်​သည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now