အခန်း(၂၅) ရှမ်းရိပင်းဘဝ

24.3K 2.4K 182
                                    

အခန်း(၂၅) ရှမ်းရိပင်းဘဝ

အိမ်​​ရှေ့မင်းသား ရဲ့ ညံ့ဖျင်းတဲ့ အုပ်​ချူပ်​မှု​ကြောင့်​အခုလိုအလိမ်​အညာကြီးကိုဖြစ်​တာမို့ သတင်းပြန့်​သွားပြီး​နောက်​ အိမ်​​ရှေ့မင်းသားလည်း သိက္ခာကျပြီး အမတ်​​တွေနဲ့ စာ​ပေ ပညာရှိကြားတွင်​ မျက်​နှာပျက်​ရကာ သူ့ရဲ့ဆက်​ခံသူ​နေရာကလည်း ယိမ်းယိုင်​စပြုလာသည်​။

ကံ​ကောင်းတာက ထျန်းချန်​မင်းကြီးက သူ့ကိုလုံးဝစိတ်​ကုန်​​သေးတာမဟုတ်​တာပဲ။ သူက အိမ်​​ရှေ့မင်းသား ကို ဦး​ဆောင်​ပြီး ချူံးလင်​ စား​သောက်​ပွဲကြီးကျင်းပ​စေတယ်​။ ဒါမှပဲ နည်းနည်းသိက္ခာပြန်​ဆယ်​နိုင်​​အောင်​​ပေါ့။

ဒါ​ပေမယ့်​လည်း အိမ်​​ရှေ့မင်းသားက မ​ကျေနပ်​။ ထျန်းချန်​မင်းကြီး စား​သောက်​ပွဲကပြန်​ကြွသွားတာနဲ့ သူ့ခွက်​သူဝိုင်​ဖြည့်​ပြီး ဧည့်သည်​​တွေကို လျစ်​လျူရှုကာသောက်​​နေ​တော့သည်​။
လက်​တ​လောအဖြစ်​အပျက်​​ကြောင့်​ ​နောက်​လိုက်​အ​တော်​များဆုံးရှုံးခဲ့ရပြီး ခမည်း​တော်​ရဲ့အပြစ်​တင်​ခြင်းကိုခံရတာ​ကြောင့်​ သူမျက်​နှာပျက်​ရပြီ။ ဘယ်​လိုလုပ်​ ဒီ​ကျောင်းသား​တွေ​ရှေ့မှာ မျက်​နှာ​ကောင်းယူရမှာလဲ။

ကျိုးယွင်​ရှန့်​ က အနီးနားမှာ ထိုင်​ပြီး ​မောက်​မာပြီးရိုင်းစိုင်းပါတယ်​ဆိုတဲ့နံမည်​ကြီး အိမ်​​ရှေ့မင်းသား ကိုအကဲခတ်​​နေလိုက်​သည်​။ သူကအရမ်းကို​ချော​မောပြီး ငှက်​ကြီး​တောင်​ဓားလိုမျက်​ခုံး​တွေက နားထင်​​စောင်းထိ​ကော့တက်​​နေပြီး ကျဉ်း​မြောင်းသည့်​ ဇာမဏီမျက်​ဝန်းအစုံက ​တောက်​ပသလို ရီ​ဝေ​ဝေဖြစ်​​နေသည်​။ လူ​တွေအားလုံးကို အထက်​စီးကပဲ ကြည့်​​လေ့ရှိတာ​ကြောင့်​ အလိုလို​ကြောက်​စရာ​ကောင်း​နေသည်​။

သူက အနက်​​ရောင်​အဝတ်​​ဟောင်းကိုဝတ်​ထားပြီး သူ့ဝတ်​ရုံကအရမ်းပါးတာ​ကြောင့်​ အတွင်းကဝတ်​ရုံအဖြူကိုပင်​မြင်​​နေရသည်​။ အဝတ်​သားကအရမ်းပါးတာ​ကြောင့်​ အသားဖြင့်​ကပ်​​နေပြီး ကြွက်​သားးလိုင်းများကိုပင်​မြင်​​နေရသည်​။ အ​ဝေး​နေရာကပင်​ သူ့ကိုယ်​မှ အရှိန်​အဝါကြီးတစ်​မျိုးကိုခံစားရသည်​။ သူ့ပုံစံကအရမ်းကို ပျင်းရိ​နေပြီး ဒူးတစ်​ဖက်​​ထောင်​ကာလက်​တစ်​ဖက်​က ခွက်​ကိုကိုင်​ရင်း အဆက်​မပြတ်​​သောက်​​နေသည်​။ သူ့မျက်​ဝန်း​တွေက ရီ​ဝေ​နေ​ပေမယ့်​လို့ တည်​ညိမ်​ပုံမရပဲ ပိုလို့အရိုင်းဆန်​​စေသည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now