အခန်း(၂၃) ရှမ်းရိပင်းဘဝ

25.8K 2.7K 270
                                    

အခန်း(၂၃) ရှမ်းရိပင်းဘဝ

ရှမ်းရိပင်းသည်​ ရှမ်းအိမ်​၏တစ်​ဦးတည်း​သောဖြစ်​ပြီး အရမ်းအချစ်​ခံရသည်​။ သူ့ရဲ့အဝတ်​အစား၊ အစားအ​သောက်​အားလုံးက အ​ကောင်းဆုံး​တွေချည်း။ ကျိုးယွင်​ရှန့်​ ရှမ်းအိမ်​ကိုပြန်​​ရောက်​ပြီး​တော့ သူရက်​နည်းနည်းနားလိုက်​ရပြီး ရုတ်​တရက်​ တစ်​​နေ့မှာ​တော့ ရဲမတ်​​တွေ​ရောက်​ချလာပြီး အကျဉ်း​ထောင်​ထဲ​ရောက်​သွား​လေသည်​။

ရှမ်းသခင်​ကြီးဟာ မင်းကြီးနဲ့နီးကပ်​သည့်​​နေရာတွင်​အမှုထမ်းရတာ​ကြောင့်​ ​မေးခွန်းကိုကြည့်​ခွင့်​ရှိသည်​။ ထျန်းချန်​မင်းကြီးက သူ့ကို ​မေးခွန်​ထုတ်​​ရောင်းသူဟုသံသယဝင်​​နေသည်​။

သားအဖနှစ်​​ယောက်​သား အနံ့ ဆိုးပြီးစုတ်​ပျက်​​နေသည့်​ ​ထောင်​ထဲတွင်​အပိတ်​ခံထားရသည်​။ ရှမ်းဟွိုက်​၏ မျက်​လုံးတို့သေ​နေပြီး လူကလည်း ငူငူငိုင်​ငိုင်​ဖြစ်​​နေသည်​။

"အ​မေ သားတို့ကိုဘယ်​​တော့ညစာလာပို့မှာလဲမသိ။ ကျွန်​​တော်​ ရတနာရှစ်​သွယ်​ဘဲကင်​ မစားရတာ​တောင်​ကြာပြီ''ကျိုးယွင်​ရှန့်​ ကပါးစပ်​ထဲမှာ ​ကောက်​ရိုးတစ်​မျှင်​ကိုက်​ထားပြီး အရိုက်​ခံထားရသည်​ တင်​ပါးလုံးလုံး​လေးကိုပွတ်​​ချေ​နေသည်​။ ​တော်​​သေးတာက သူကမ္ဘာအသစ်​တစ်​ခု​ရောက်​တိုင်း ခန္ဓာကိုယ်​စွမ်းအင်​ကိုပြင်​ထားတတ်​လို့​ပေါ့။ မဟုတ်​ရင်​ အတွင်း​ကြေဒဏ်​ရာရနိုင်​သည်​။

ရှမ်းသခင်​ကြီးက အခုထိအလုပ်​ထုတ်​မခံရ​သေးပဲ အမတ်​အဖြစ်​ရှိ​သေးတာ​ကြောင့်​ အရိုက်​မခံရ​ပေ။ ဒါ​ပေမယ့်​လို့ သူ့ရင်​ထဲမှာ​တော့ အဆတစ်​ရာနာကျင်​​နေရသည်​။ သူ သူ့သားရဲ့နားရွက်​ကို ဆွဲလိုက်​ပြီး ''အသုံးမကျတဲ့က​လေး ။ မင်းကအခုစားချင်​​သောက်​ချင်​စိတ်​ရှိ​သေးတယ်​​ပေါ့။ မင်းအ​ဖြေကို​ဖြေ​ပေးတဲ့ လူကိုမြန်​မြန်​​ပြောပြလိုက်​။ ဒါဆို ငါတို့ထပ်​ပြီးအနှိပ်​စက်​မခံရ​တော့ဘူး''

"အဲ့တာ သားကိုယ်​တိုင်​​ရေးထားတာကို ဘယ်​သူကို​ခေါ်ထုတ်​ပြရမှာလဲ'' ကျိုးယွင်​ရှန့်​ နားရွက်​ကို ပြန်​ကိုင်​ထားပြီး သူ့အ​ဖေကို အ​ဖေမှားမယ်​​နော်​ ဆိုတဲ့အကြည့်​နဲ့ပြန်​ကြည့်​လိုက်​သည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now