အခန်း(၄၃)ကျူးစစ်​ယွိဘဝ

22.8K 1.9K 52
                                    

အခန်း(၄၃)ကျူးစစ်​ယွိဘဝ

အတိတ်​​မေ့ပြီး အခုလိုရွာငယ်​ဇနပုဒ်​မှာ​ရောက်​​နေ​ပေမယ့်​လို့ ရှန်း​ဝေ့ဟုံရှီးစစ်​ ဆိုတဲ့အရှိန်​အဝါကြီးက​တော့နည်းနည်း​လေးမှမ​ပြောင်းလဲဘူး။

သူက မျက်​​မှောင်​ကုပ်​ပြီး နှုတ်​ခမ်းပါးကို တင်းတင်း​စေ့ကာ ကျိုးယွင်​ရှန့်​ ရှိရာကိုစူးစူးစိုက်​စိုက်​ကြည့်​​နေသည်​။ သူ့အကြည့်​က လူကိုရှိန်​​စေ​သောအကြည့်​မျိုးပင်​။

ဒါ​ပေမယ့်​ သူ့ကြည့်​​နေတာကဘယ်​သူမို့လဲ ကျိုးယွင်​ရှန့်​​လေ။ ကျိုးယွင်​ရှန့်​ဆိုတာ သာမန်​ငတိ​လေးမှမဟုတ်​ပဲ။ သူ​မေးကို​မော့ လက်​ကို​ရှေ့ဆန့်​ထုတ်​ပြီး လှမ်းအော်​လိုက်​တယ်
''​ဟေ့လူ! ခင်​များနဲ့ကျူပ်​ပြဿ နာရှိလား''

နေ​ရောင်​​အောက်​မှာ ထိုအမျိုးသား၏အသားအရည်​သည်​ဖြူ​ဖွေး​နေပြီး ​သေသပ်​စွာထုဆစ်​အ​ချောသပ်​ထားသည့်​ ​ကျောက်​စိမ်းရုပ်​တုနှင့်​ပင်​တူလှသည်​။ အသားအရည်​ကဖြူလွန်းတာက​ကြောင့်​ မျက်​နှာ​ပေါ်မှာ နီရဲ​နေတဲ့နှုတ်​ခမ်းတစ်​ခုကပဲထင်း​နေပြီး လူ​တွေရဲ့အာရုံကိုဆွဲ​ဆောင်​ထားနိုင်​သည်​။ သူ့ရဲ့​ချော​မောတဲ့အဆင်းအင်္ဂါက တဖိတ်​ဖိတ်​​တောင်​​နေသည့်​အပြင်​ မက်​မွန်​ဝတ်​လွှာသဏ္ဌာန်​မျက်​လုံးတို့ကပါ လှပလွန်းသည်​။ သူ့မျက်​လုံး​တွေကအရမ်းလှ​ပေမယ့်​လို့ ​မောက်​မာပြီးအထက်​စီးဆန်​သည့်​ဟန်​အပြည့်​ရှိ​နေသည်​။

သူသာ ​ကော တစ်​​ယောက်​ဆိုလျှင်​ သူကိုလက်​ထပ်​ချင်​ကြသူ​တွေ ကျူးအိမ်​​ရှေ့မှာပြည့်​​နေလိမ့်​မည်​။

ချင်းစယ်​ ထိုအမျိုးသားကိုကြည့်​ရင်း သူ့​ခေါင်းထဲ အ​ကြောင်းအရာနှစ်​ချက်​ဝင်​လာသည်​။ ​ကျောက်​စိမ်းလိုလှတယ်​ ၊ အတုမရှိဘူး။
ကံမ​ကောင်းစွာနဲ့ပဲ အပြင်​ကလှသ​လောက်​ အတွင်းစိတ်​က​အော့နှလုံးနာစရာ​ကောင်း​နေတယ်​။

ဒါကို​တွေးပြီး ချင်းစယ်​အကြည့်​လွဲကာ ​မြေကိုသာဆက်​​ပေါက်​လိုက်​သည်။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now