Arc 5 - အခန်း(၄၂) ကျူးစစ်​ယွိဘဝ : အချစ်​၏မာယာ

34.1K 2.1K 97
                                    

အခန်း(၄၂) ကျူးစစ်​ယွိဘဝ : အချစ်​၏မာယာ

Arc 5 : Fighting the cross-over wife

TGN : အချစ်​၏မာယာ

Translator - invisible_clover

•••

ဒီတစ်​ခါမှာ​တော့ ကျိုးယွင်​ရှန့်​ နဲ့ ​ချောင်းမိုခွန်းတို့တစ်​ချိန်​တည်းနီးပါးအိပ်​​ပျော်​သွားကြသည်​။ သူကြယ်​ပင်​လယ်​အာကာသကို​ရောက်​​တော့ ကမ္ဘာကြီးရဲ့ပြင်းထန်​တဲ့စွမ်းအင်​​တွေက ဝဲဂယက်​သဖွယ်​ ကျိုးယွင်​ရှန့်​ ကိုယ်​ထဲဝင်​​ရောက်​သွား​ပေမယ့်​ တစ်​ချို့က​တော့​ပျောက်​ဆုံး​နေသည်​။

ကျိုးယွင်​ရှန့်​ ကြိုးစားပြီးရှာကြည့်​​ပေမယ့်​ အဲ့ဒီစွမ်းအား​တွေဘယ်​​ရောက်​သွားလည်းရှာမရ​ပေ။

အဲ့ဒီလူမှာ​ကော သူ့လို lord godကို အမှီမပြုတဲ့ ကိုယ်​ပိုင်​ကြယ်​ပင်​လယ်​အာကာသရှိ​နေတာလား။ ဒါက ကျိုးယွင်​ရှန့်​ ​တွေးမိတဲ့ တစ်​ခုတည်း​သောအ​ဖြေပင်​။

သူ့ချစ်​သူက သူ့​နောက်​ဘဝတိုင်းလိုက်​​နေသလား ဆုံးဖြတ်​ဖို့ ကျိုးယွင်​ရှန့်​ မအိပ်​​တော့ပဲအခြားကမ္ဘာကိုခုန်​ကူးလိုက်​သည်​။

အခုသူက​ရှေးကျတဲ့ကုတင်​တစ်​ခုမှာလှဲ​လျောင်း​နေပြီး သူ့​ရှေ့ရင်း​ခြေသုတ်​ဖုံနားမှာက အိပ်​ငိုက်​​နေတဲ့​ကောင်​မ​လေးတစ်​​ယောက်​ရှိ​နေသည်​။ အခန်းထဲမှာ​တော့ အ​မွှေးအိုးထဲကထွက်​လာတဲ့နံ့ သာရနံ့ က​မွှေးပျံ​နေသည်​။

ဒီကမ္ဘာက အရမ်းကိုထူးခြားသည်။ ​ယောက်ျား၊မိန်းမနဲ့​ကော်​ ဆိုပြီး လိင်​သုံးခုရှိသလို ​'ကော'ဆိုတဲ့သူ​တွေက က​လေး​မွေးနိုင်​တဲ့​ယောက်ျား​တွေဖြစ်​နေကြသည်​။ သူတို့ရဲ့ရုပ်​ရည်​က ​ယောက်ျားနဲ့မခြား​ပေမယ့်​ သူတို့ကခန္ဓာကိုယ်​တစ်​​နေရာမှာ ကျူးရှားကျစ်​ လို့​ခေါ်တဲ့မှဲ့အနီ​လေး​တွေရှိတယ်​။ မှဲ့အ​ရောင်​​တောက်​​လေး သားဖွားနိုင်​စွမ်းမြင့်​​လေပဲ။

ဒီတိုင်းပြည်​ကို ချူယွင်​​ကော်​ လို့​ခေါ်ပြီး ယခင်​ကအ​ကြောင်းအရင်းမရှိ မိန်းမ​တွေကသားဖွားနှုန်းကျဆင်းခဲ့သည်​။ နှစ်​​ပေါင်းများစွာ သ​န္ဓေမြုံတာလည်းရှိသလို တစ်​ဘဝလုံးသ​န္ဓေမြုံတာလည်းရှိကြသည်​။ ​မွေးရင်​လည်းသား​ယောက်ျားကိုသာ​မွေးကြပြီး သမီးမိန်းက​လေးမ​မွေးကြ​ပေ။ တိုင်းပြည်​ရဲ့ လူဦး​ရေဟာအန္တရာယ်​အ​ခြေအ​နေမှာ​ရောက်​လာ​တော့ အမတ်​​တွေကစိုးရိမ်​​ကြောင့်​ကျပြီး ဧကရာဇ်​ရဲ့အမျိုးသားချစ်​သူကိုစွပ်​စွဲခဲ့သည်​။ သူ့ရဲ့ဖြစ်​တည်​မှုက နတ်​ဘုရား​တွေကိုစိတ်​ဆိုး​စေပြီး အခုလိုဖြစ်​ရသည်​ဟုဆိုတာ ထိုအမျိုးသားကိုယစ်​ပူ​ဇော်​ရန်​​လျှောက်​တင်​ကြသည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now