အခန်း(၄) ကျိုးယွင်​ရှန့်​ဘဝ

29.2K 2.4K 72
                                    

အခန်း(၄) ကျိုးယွင်​ရှန့်​ဘဝ

စိတ်​ထဲမှာကျိုးယွင်​ရှန့်​ကိုဒီနိုင်​ငံကအမြန်​ထွက်​သွား​စေချင်​​နေ​ပေမယ့်​ မျက်​နှာမှာမ​ပေါ်လာ​အောင်​​တော့ ကျိုးဝန်​အန်​ထိန်းထားနိုင်​သည်​။ တစ်​ဖက်​လူကအတိအကျ​ပြော​နေမှစိတ်​မ​ကောင်းသည့်​မျက်​နှာ​လေးနှင့်​ဟန်​​ဆောင်​​နေလိုက်​​သေးသည်​။

ကျိုးဝန်​အန်​ထွက်​သွား​တော့မှ ကျိုးယွင်​ရှန့်​ကွန်​ပျူတာဖန်​သားပြင်​ကိုကြည့်​ရင်းခပ်​မဲ့မဲ့ပြုံးလိုက်​သည်​။ တကယ်​​တော့ဒီစာချူပ်​မှတ်​တမ်းက ဒီခန္ဓာပိုင်​ရှင်​ရဲ့အ​မေရန်​ရှီရဲ့ ​သေတမ်းစာဖြစ်​တယ်​။ ဟက်​ကာတစ်​​ယောက်​အ​နေနဲ့ network ​တွေ​ပေါ်မှာအချက်​အလက်​​တွေလိုက်​ရှာပြီးစု​ဆောင်းရတာမျိုးက ကျိုးယွင်​ရှန့်​ဝါသနာပင်​။ဒီကမ္ဘာကြီးရဲ့တည်​​ဆောက်​မှုပုံစံ​ပြောင်းလဲသွားမှာကို သူသိ​ပေမယ့်​ ဘယ်​ကိစ္စကိုမှမလွဲ​ချော်​​စေရဘူး။

ဤသေတမ်းစာ​ပြောင်းလဲမှုကရန်​ရှီရဲ့Emailထဲကရှာ​တွေ့ခဲ့ခြင်းဖြစ်​သည်​။ သူမ၏ရှယ်​ယာများအားလုံးကို ကျိုးဝန်​အန်​မှ ကျိုးယွင်​ရှန့်​သို့လွဲ​ပြောင်း​ပေးထားသည်​။ တစ်​နည်း​ပြောရရင်​သူမက သူမသားအငယ်​အတွက်​တစ်​ပြားတစ်​ချပ်​မျှချန်​မထားခဲ့​ပေ။ ရန်​ရှီဟာသူမခင်​ပွန်း၏လွှမ်းမိုးမှု​ကြောင့်​သားအငယ်​ကိုအ​တော်​ချစ်​သည်​။ သားအငယ်​ကိုတစ်​ခါ​လေးမျှရက်​ရက်​စက်​စက်​မဆက်​ဆံဖူး​ပေ။ သူမ​သေတမ်းစာ​ပြောင်းလဲပြီး ​ရှေ့​နေဆီမပို့​သေးပဲ ပင်​လယ်​ထဲခုန်​ချ​သေသွားတာ။ဒီလိုတိုက်​ဆိုင်​မှုမျိုးကဘယ်​မှာရှိလို့လဲ။ ဘယ်​သူက​သေတမ်းစာအသစ်​ကို​ဖျောက်​ပစ်​ချင်​တာလဲ?သူမတကယ်​သတ်​​သေတာမှဟုတ်​ရဲ့လား? ပိုပြီး​တော့သံသယဖြစ်​စရာ​ကောင်းတာက သူမ​သေသွားပြီးတဲ့အချိန်​ ​ရှေ့​နေက​သေတမ်းစာအ​ဟောင်းကိုလက်​ခံရရှိ​သေးတာပဲ။ဒါ​ပေမယ့်​ သူမရဲ့ပိုင်​ဆိုင်​မှု​တွေအားလုံးကိုသားအငယ်​အတွက်​သာချန်​ထား​ပေးခဲ့တယ်​။ ကျိုးယွင်​ရှန့်​အတွက်​က​တော့ villasသုံးခုနှင့်​လက်​ဝတ်​ရတနာအချို့ကိုသာချန်​ထား​ပေးခဲ့သည်​။
ဒီမူရင်းပိုင်​ရှင်​ကျိုးယွင်​ရှန့်​သာမက ရန်​ရှီ၏မိဘများဖက်​ကပါ ဒီ​သေတမ်းစာကိုသ​ဘောမကျခဲ့။ ထို့အချိန်​၌ ကျိုးသခင်​ကြီးက သားအကြီးကကျိုးလုပ်​ငန်းစုကိုဆက်​ခံမှာဖြစ်​တဲ့အတွက်​သားအငယ်​ကိုသူ့အ​မေရဲ့ပိုင်​ဆိုင်​မှု​တွေအ​မွေ​ပေးခြင်းဖြစ်​တယ်​ ဟု​ဖြေရှင်း​ပြောဆိုခဲ့သည်​။ရန်​ရှီ၏မိဘများကလည်း​မြေးအငယ်​ကိုချစ်​​သော​ကြောင့်​ထိုရှင်းပြချက်​ကိုလက်​ခံခဲ့ကြသည်​။ ကျိုးသခင်​ကြီး၏အုပ်​ထိန်းမှု​အောက်​တွင်​ကျိုးယွင်​ရှန့်​ကရန်​မိသားစုနှင့်​အ​နေစိမ်းပြီး ကျိုးဝန်​အန်​ က​တော့မကြာခဏဆိုသလိုအလည်​သွားတတ်​သဖြင့်​ဆက်​ဆံ​ရေး​ကောင်းသည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now