[ O N E ]

18.4K 988 17
                                    


Season_2 ✌ START✌

[ Come And Find Me ]

___________________________________

စာ​မေးပွဲ​ဖြေဆိုပြီးလို့ ရည်​မှန်းချက်​အတိုင်း OH မှာ
အလုပ်​ဝင်​ဖို့ဖြစ်​လာခဲ့မည်​ ။ ခက်​ခဲတယ်​ ဆိုတာသိ
ပေမဲ့ ကိုယ့်​အရည်​အချင်းနဲ့ကိုယ်​ အလုပ်​ရ​အောင်​ကြိုး
စားယူခဲ့သည်​ ။ 'မင်း​ကြောင့်​နဲ့​တော့ ငါအလုပ်​ရတယ်
ဆိုတာမျိုးမဖြစ်​ချင်​ဘူး​နော်​´ လို့ ဆယ်​ဟွန်းကိုအမျိုး
မျိုးကိုခြိမ်း​ခြောက်​ပစ်​ခဲ့ရတာ ။ ဂျင်​ဝူးလဲ OH မှာပဲ
အလုပ်​ရသွားတာမို့ နှစ်​​ယောက်​သား တက်​ညီလက်​ညီ
ကုမ္ပဏီ​ရှေ့​ရောက်​​နေပြီ။ တ​မျှော်​တ​ခေါ်မြင့်​မားလှတဲ့
အ​ဆောက်​အဦးကြီးကို ​မော့ကြည့်​ကာ ရင်​တထိတ်
ထိတ်​နဲ့ တ​ယောက်​မျက်​နှာတ​ယောက်​ကြည့်​ရင်း
အား​ပေး​နေရသည်​။

" ဖိုက်​တင်း!! ငါတို့လုပ်​နိုင်​မှာပါ"

ဋ္ဌာနမှူး'ချွဲ​ဗြောင်​ဆူ´ က သူ့ဋ္ဌာန​ရောက်​လာတဲ့သူ​တွေ
ကို ဝန်​ထမ်းသစ်​​တွေကို ဦး​ဆောင်​မိတ်​ဆက်​​ပေး​နေ
သည်​။ သူ့ဋ္ဌာနကို​ရောက်​လာတဲ့ ဝန်​ထမ်းသစ်​​တွေက
ယောင်္ကျား​လေးသုံး​ယောက်​၊ မိန်းက​လေးနှစ်​​ယောက်​၊
' ဂင်​မင်​​ဆော့´ ဆိုတဲ့ဝန်​ထမ်းသစ်​​ကောင်​​လေးကို
သူမသိမသာခိုးကြည့်​လိုက်​ရင်း ရင်​တုန်​​နေမိသည်​။
သူ​ဋ္ဌေး'အိုဆယ်​ဟွန်း´ က သူ့ကို​ခေါ်ပြီး​ပြောပြပြီးသား။
ဒါ​ကြောင့်​မို့ ဂင်​မင်​​ဆော့ ဆိုတဲ့တ​ယောက်​ကိုသူသတိ
ထား​စောင့်​ကြည့်​​ပေးရမည်​ ။

ဝန်​ထမ်းသစ်​​တွေက ဋ္ဌာနက စီနီယာ​တွေကို တ​ယောက်
ချင်းစီ တ​လေးတစားမိတ်​ဆက်​​နေတုန်း ဝန်​ထမ်းတ
ယောက်​က အ​ပြေးတပိုင်းနဲ့​ရောက်​ချလာ​တော့သည်​။

" သူ​ဋ္ဌေး !! သူ​ဋ္ဌေးက___ ကျွန်​​တော့်​တို့ဋ္ဌာနဆီလာ​နေပြီတဲ့"

" ဟင်​!!! "

ဋ္ဌာနမှူးချွဲ​ဗြောင်​ဆူမှာ မျက်​နှာပြူးသွားကာ ရုတ်​တရတ်
မို့ ဂင်​မင်​​ဆော့ဆိုတဲ့ဝန်​ထမ်းသစ်​မျက်​နှာကိုလှမ်းကြည့်
မိလိုက်​​လေသည်​။ ကျန်​တဲ့ဝန်​ထမ်း​တွေက​တော့
တဟင်​ဟင်​/တဟာဟာနဲ့အံ့သြ​နေတဲ့အသံ​တွေထွက်
လာကြ​တော့သည်​။ မတ်​တပ်​ထရပ်​သူ​တွေက ရပ်​၊
အင်္ကျီပုံစံ​တွေကို ပြင်​တဲ့သူကပြင်​၊ စားပွဲ​ပေါ်ကစာရွက်
စာတမ်း​တွေကိုသပ်​သပ်​ရပ်​ရပ်​ဖြစ်​​အောင်​ပြင်​တဲ့သူက
ပြင်​၊ ​တော်​​တော်​​လေးကို ဋ္ဌာနတခုလုံးရှုပ်​ယှတ်​ခတ်​သွား
တော့သည်​။

Come And Find Me [ Season_2 ]Donde viven las historias. Descúbrelo ahora