ည ကိုးနာရီခန့် ။ တိတ်ဆိတ်နေသော ည သည်
တချက်ချက်လေတိုးဝှေ့  တိုက်ခတ်သွားချိန်မှာ လှုပ်ရှား
သွားသော အဖြူရောင်ပန်းပွင့်တို့ပင်လုံးကျွတ်ပွင့်လန်း
နေတဲ့ လူတရပ်စာပန်းခြုံလေးတွေထံမှ အသံမှတပါး
တခြားသောအသံဆူညံမှုတစုံတရာမရှိ ။ အိမ်ကလေး
၏ ပန်းချီခန်းထဲဝယ် တစုံတယောက်သည် ငြိမ်သက်
စွာထိုင်နေရင်း အဖြူနဲ့အနက်ရောစပ်ထားတဲ့နံရံကပ်
နာရီကြီးကို တချက်တချက်လှမ်းကြည့်နေရင်း စိတ်
လှုပ်ရှားနေသယောင် ။" မကြာခင် အကုန်အဆုံးသတ်နိုင်မယ်လို့မင်းထင်လား"
လီဂျွန်အင်၏ မျက်လုံးအိမ်နက်တို့ဦးတည်ရာသည်
ညာဘက်မှာ ရှိနေသည့် လျို့ဝှက်ဆောက်ထားသည့်
အခန်းငယ်တံခါးချပ်ဆီသို့ပင် ။ အစိမ်းနုရောင်ဆေး
ခြယ်ထားသည့်နံရံနှင့် ခွဲခြားမရအောင်တူနေသော
အခန်းငယ်၏တံခါးချပ်သည် နံရံနှင့်တူညီစွာမသိသာ
အောင်တည်ရှိနေသည် ။ တခြားတစုံတယောက်က
ကြည့်လာခဲ့မယ်ဆိုရင်တောင် တံခါးချပ်အားနံရံလို့သာ
ထင်မှတ်သွားလိမ့်မည် ။" ထင်တာ မဟုတ်ဘူး သေချာနေတာ "
ထိုအခန်းငယ်ထဲမှ ယုံကြည်မှုအပြည့်ရှိတဲ့အသံကြောင့်
လီဂျွန်အင် လေပူတချက်မှုတ်ထုတ်လိုက်သည် ။
နံရံကပ်နာရီကြီးအား တချက်မော့ကာကြည့်လိုက်တော့
ကိုးနာရီထိုးပြီးလို့တစ်ဆယ့်ငါးမိနစ်တိတိ ။ တရိပ်ရိပ်
တိုးဝင်ကြီးမားလာတဲ့ ပူလောင်စိတ်တွေက မသက်
မသာနိုင်လှသည် ။ သက်ပြင်းကို 'ဟင်း´ဆိုကာ
သံရှည်ဆွဲလို့ချလိုက်တော့ အခန်းငယ်ထဲက လူက
မကျေမနပ် သံ တိုးတိုးနှင့် ဆဲသံတိုးတိုး ။" သူဋ္ဌေး 'လီ ´လာ နေပြီ "
အခန်းငယ်ထဲက အိုဆယ်ဟွန်းရဲ့သတိပေးမှုကြောင့်
ရင်တထိတ်ထိတ်ခုန်နှုန်းဟာ မြင့်တက်လာပြီး လက်
နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည် ။
ဒါ နောက်ဆုံးပဲ ဂျွန်အင် ။ ဒါ နောက်ဆုံးရင်ဆိုင်ခြင်းပဲ။
ဒီတကြိမ်ပြီးရင် ထပ်တွေ့စရာမလိုတော့သလို ပတ်သတ်စရာလဲမလိုတော့ဘူး ။ မင်းလုပ်နိုင်ပါတယ်
ဂျွန်အင် ´လို့ကိုယ့်ကိုကိုယ်တီးတိုးအားပေးလိုက်သည်။