တိုက်ခန်းအတွင်း ဆိုဖာပေါ်မှာ ထိုင်ကာ မျက်နှာကို
လက်ဖဝါးနှစ်ဖက်နဲ့ အကြိမ်ကြိမ်ပွတ်သပ်ရင်း 'ဟင်း´
ခနဲ သက်ပြင်းချမိသည် ။ မနေ့ညကမှ သူစွပ်ပေးထား
တဲ့ လက်စွပ်ကိုငုံ့ကြည့်လိုက်ပြီး မျက်ရည်တွေကဝေ့
တက်လာတယ် ။ သည်မနက် ကျွန်တော်တို့နှစ်ယောက် နည်းနည်းပြသာနာဖြစ်ကြ
တယ် ။ ပြသာနာစရာက 'ဝယ်ထားတဲ့အိမ်သစ်ကြီး´
ဟာ လက်ထပ်ပြီးရင် အတူနေဖို့လို့ သူပြောလာတာနဲ့
ချက်ချင်းငြင်းဆန်မိတဲ့ ကျွန်တော့်အပစ်ကြောင့် ။
တကယ်တော့ ဒါဟာ ကျွန်တော့်အမှားပါ ။ တန်ဖိုးကြီး
လွန်းတယ်၊ကြီးကျယ်လွန်းတယ် ဆိုတာကိုပဲခေါင်းထဲ
ထည့်ထားမိသွားပြီး သူကိုယ်တိုင်ဒီဇိုင်းဆွဲ၊စီစဉ်ပြီး
အကျအနဆောက်ထားတယ်ဆိုတဲ့ သူ့ရဲ့ကြိုးစားမူတွေ
ကို ကျွန်တော်လစ်လျုရှုမိသွားခဲ့တာပင် ။တကယ့် ကျွန်တော်က ဦးနှောက်မရှိတဲ့လူ ။ ရှေ့နောက်မစဉ်းစားဘဲ ပြောလိုက်မိတဲ့စကားတခွန်းက
သူ့ကို ဘယ်လောက်ထိနာကျင်သွားစေလိုက်သလဲ ။
ကျွန်တော်ဟာ သူ့ကိုအမြဲတစေ စိတ်ပင်ပန်းနာကျင်ရ
အောင်ပဲလုပ်မိနေခဲ့တယ် ။ တကယ်ကိုမကောင်းတဲ့
လူလို့ ခံစားရစေတယ် ။' အိမ်ကိုခဏပြန်မယ်´ဆိုပြီးထွက်သွားတဲ့ သူ့မျက်နှာထက်စိတ်မကောင်း
မူတွေ ရောယှက်နေတာကို မြင်လိုက်ရပြီးကျွန်တော်
အကြီးအကျယ် ထိတ်လန့်သွားမိခဲ့တယ် ။ ကျွန်တော်
အမှားတွေလုပ်လိုက်မိတာပဲလို့ သိလိုက်ရတယ် ။ကျွန်တော် သူ့ဆီကို ဖုန်းခေါ်ဖို့လဲမကြိုးစားတော့ဘဲ
သူရှိရာကိုပဲ သွားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးအလော
တကြီးပြေးထွက်လာခဲ့လိုက်တော့သည် ။" ဦးလေး ပြန်အမ်းမနေတော့နဲ့. "
တက္ကစီဦးလေးကြီးဆီက ပြန်အမ်းငွေကိုစောင့်မယူနေ
တော့ပဲ ကျွန်တော်တယောက် ဆယ်ဟွန်းရဲ့အိမ်ရှေ့ကို
ရောက်ချသွားတော့သည် ။ အိမ်ခြံဝင်းကြီးထဲကို
အတင်းပဲပြေးဝင်လိုက်ကာ အိမ်အဝကိုဦးတည်လိုက်
တယ် ။ အိမ်အဝရောက်တာနဲ့ အပြင်ထွက်ဖို့ပြင်ဆင်ပြီး
ထွက်လာတဲ့ ဆယ်ဟွန်းမာမီနဲ့တန်းတိုးတော့သည်။
အပြေးနဲ့အမောတကောဝင်လာတဲ့သူ့ကို ဆယ်ဟွန်းရဲ့
မာမီက အလန့်တကြားဖြစ်သွားပြီး 'ဘာဖြစ်လာတာ
လဲ ကလေး ´လို့ဆီးကြိုမေးပေမဲပြန်မဖြေမိ။