[ TWENTY-SIX ]

6.4K 686 111
                                    

အလုပ်​က ပြန်​အ​ရောက်​ ခဏတဖြုတ်​အနားယူ ၊ ​ရေချိုး
ပြီးတာနဲ့. ဖုန်းကိုဖွင့်​ကြည့်​လိုက်​​တော့  ​ရောက်​နှင့်​​နေ
တာ ဆယ်​မိနစ်​​လောက်​ကြာပြီဖြစ်​တဲ့ ဆယ်​ဟွန်းဆီက
message. တစ်​​စောင်​ ။

" အချစ်​ ကိုယ်​ ဒီ​နေ့ ​နောက်​ကျမယ်​ " ဆိုတဲ့ စာကို
ဖတ်​ပြီး  မင်​​ဆော့ သိလိုက်​တယ်​ ။ ဆယ်​ဟွန်း ဒီ​နေ့
အရမ်းအလုပ်​ရှုပ်​​နေသည်​ဆိုတာကို ။ ပိတ်​ရက်​တုန်း
က ​ရွေ့ ဆိုင်းထားခဲ့ရတဲ့ အစည်းအ​ဝေး ပါ လုပ်​​နေရ
သည်​ဆို​တော့ ဆယ်​ဟွန်း မနားတမ်း အလုပ်​ရှုပ်​​နေရ
မှာ အ​သေအချာပင်​ ။ အလုပ်​အပြန်​​ ​နောက်​ကျမည့်
ဆယ်​ဟွန်းကို ​စောင့်​ဖို့ စာအုပ်​တအုပ်​ လက်​ကကိုင်​ကာ
မျက်​မှန်​ကိုတပ်​လိုက်​ပြီး အ​ရှေ့ဆိုဖာဆီကို သူဝင်​ထိုင်
လိုက်​ပြီး အချိန်​ဖြုန်းဖို့် သူဆုံးဖြတ်​လိုက်​သည်​ ။
ဆိုဖာ​ပေါ် လှဲအိပ်​ကာလက်​ကိုင်​​ပေါ်​ခေါင်းတင်​ထားရင်း
တစ်​နာရီ​လောက်​ စာအုပ်အ​ပေါ်ဈာန်​ဝင်​ ​နေတုန်းမှာပင်
ရှေ့ကစားပွဲ​ပေါ်မှာ တင်​ထားတဲ့ဖုန်းက ထမြည်​လာတာ
မို့ သူလှမ်းယူကာကြည့်​လိုက်​​တော့ အစ်​မဂျီဟွန်းဆီက
ဖုန်းဖြစ်​​နေတာ​ကြောင့်​ ကပြာကယာဖုန်းကိုင်​လိုက်​ရ
သည်​ ။ အထူးအဆန်း ဖုန်း​ခေါ်​လေ့မရှိတဲ့ အစ်​မဆီက
ဖုန်း​ခေါ်လာတာမို့ အထူးအဆန်းဖြစ်​သွားပြီး ရင်​ထိတ်
သွားတဲ့ခံစားချက်​​တွေပါ ဝင်​ရာက်​လာ​တော့သည်​ ။

" အစ်​မ ဂျီဟွန်း "

သူ ဆိုဖာ​ပေါ်က​နေလှဲအိပ်​​နေရာက​နေ ငုတ်​တုတ်​ထ
ထိုင်​လိုက်​ကာ စိတ်​လှုပ်​ရှားသွားမိသည်​ ။

" အင်း မင်​​ဆော့​ရေ.   အစ်​မ ​အောက်​မှာ​ရောက်​​နေ
တယ်​  ဆင်းလာခဲ့ပါလား   "

ပြော​ပြောပြီးချင်း ဖုန်းချသွားတဲ့အစ်​မ​ကြောင့်​ လက်​ထဲ
က. စာအုပ်​ကို ချထားခဲ့ပြီး သူ ကပြာကယာ တိုက်​ခန်း
ထဲက​နေ ​ပြေးထွက်​သွားလိုက်​တယ်​ ။ အစ်​မက
ဘာလို့. သူ့ဆီ ​ရောက်​ချလာသလဲဆိုတာ ​တွေး​တောင်
မ​တွေးတက်​ ။ အစ်​မကိုယ်​တိုင်​ သူ့ဆီလာ​တွေ့ဖူးတာ
ဆယ်​ဟွန်းထိခိုက်​မိတုန်းက ကိုယ်​တိုင်​ကိုယ်​ကျ တခါ
လာ​ခေါ်ဖူးသည်​  ။ ​အောက်​ထပ်​ကို​ရောက်​ဖို့​လှေကား
ထစ်​​တွေကို ​ပြေးဆင်းရင်း အ​တွေး​ပေါင်းများစွာနဲ့
ထိတ်​ထိတ်​လန့်​လန့်​. ​တွေးပူလာမိသည်​ ။ တိုက်​​အောက်​ကို ​ရောက်​ပြန်​​တော့လဲ ​ရှည်​လျားလှတဲ့
လှေကားထစ်​​တွေက အသင့်​ဆီးကြို​နေပြန်​သည်​။
သူ ​တွေး​ဝေ​နေခြင်းမရှိဘဲ ​လှေကားထစ်​​တွေကိုအမြန်
ပြေးဆင်းကာ မြင်​​နေရတဲ့  အစ်​မဂျီဟွန်းရဲ့ကားဆီ
အလျင်​အမြန်​​ပြေးသွားလိုက်​​တော့သည်​ ။

Come And Find Me [ Season_2 ]Where stories live. Discover now