Come And Find Me
___________________________________
လမ်းတလျှောက်လုံး အေးအေးလူလူ စာအုပ်တအုပ်နှင့်
ငြိမ်သက်သားကောင်းနေတဲ့ မင်ဆော့ကြောင့်
ဆယ်ဟွန်းလဲ တိတ်တိတ်ဆိတ်ဆိတ်ကားကိုသာ
အာရုံစိုက်မောင်းလာလိုက်သည်။စာအုပ်ပေါ်စိတ်နစ်
လို့ ငြိမ်သက်နေတဲ့မင်ဆော့ကို စောင်းငဲ့ကြည့်မိရင်း
ဆယ်ဟွန်း အခါခါပြုံးရပါသည်။ငုံထားမတတ် ထားစရာမရှိလောက်အောင် ချစ်သည်
ဆိုတာ ဒါမျိုးကိုပြောတာဖြစ်ရမည်။ကိုယ်အကြိမ်ကြိမ်ပြုံးမိအောင် ထိုလူသားက စွမ်းဆောင်နိုင်သည်။
သူ့ဘာသာငြိမ်ငြိမ်ကလေး ရှိနေတာတောင် ကိုယ့်
အတွက်တော့ ကြည့်မဝဖြစ်နေရသည်လေ။
" ဆယ်ဟွန်း !!ကားကိုအာရုံစိုက်မောင်း"မင်ဆော့က ပြန်လည်စောင်းငဲ့ကြည့်လာခြင်းမရှိပေမဲ့
သိနေပုံပေါ်သည်။ စာအုပ်ကိုအကြည့်မပျက်ဘဲ
သတိပေးစကားဆိုလိုက်တော့ အိုဆယ်ဟွန်းဟာ
သဘောတကျပြုံးကာ ရှေ့ကိုသာအာရုံပြန်စိုက်သွား
သည်။ လမ်းတလျှောက်လုံး စကားတခွန်းတလေမှ
မပြောရပေမဲ့ ဆယ်ဟွန်းမပျင်းရပါ။ သူငြိမ်ငြိမ်လေး
ရှိနေတာကို ကိုယ်ခဏခဏလှည့်ကြည့်ရင်း အခါခါ
ပြုံးလို့ ကျေနပ်နေရသည်။ကားက အိမ်ခြံဝင်းထဲ ဝင်လိုက်တော့မှ မင်ဆော့က
စာအုပ်လေးကိုပိတ်ကာ ဆယ်ဟွန်းဘက်လှည့်ပြုံးပြ
လာသည်။ကားရပ်လိုက်တာနဲ့ စာအုပ်ကိုလက်ကကိုင်
ပြီး တံခါးဖွင့်ဆင်းသွားသည်။" အိုး!! ငါ့ကလေးတို့ ရောက်လာပြီ !ငါ့တို့မင်ဆော့လေး
နောက်ဆုံးတော့ ရောက်လာပြီပေါ့ ၊ မျှော်နေတာ !!
အိမ်ထဲဝင် လာ !! "အိမ်ထဲတောင်မဝင်ရသေး အိမ်ပြင်ကြိုရောက်လာတဲ့
မာမီက မင်ဆော့ကိုတွေ့တာနဲ့ အတင်းပြေးဖက်တော့
တာပဲ။အရင်ရက်တွေထဲက ခဏခဏ မင်ဆော့ကိုခေါ်
လာပေးဖို့ချည်းပြောနေတာ။မာမီက မင်ဆော့ကို
တော်တော်လေးချစ်သည်။ ပြုံးပြုံးရယ်ရယ်နဲ့ နှစ်
ယောက်စလုံးအိမ်ထဲဝင်သွားတော့ သူသာကျန်ခဲ့သည်။
ကားနောက်ခန်းထဲမှာထည့်ထားတဲ့ မင်ဆော့ရဲ့ကျော
ပိုးအိတ်နဲ့စာအုပ်ထုပ်ကို သူသယ်လိုက်သည်။
ဆယ်ဟွန်းကတော့ ကုမ္ပဏီကတန်းလာတာမို့
အဝတ်အစားတောင်မလဲရသေး။လူကြီးလူကောင်းဆန်
ဆန်ပုံစံနဲ့ ကျောပိုးအိတ်ကိုတစောင်းလွယ်ထားပြီး
လက်ကစာအုပ်ထုပ်ကိုပါဆွဲထားရသေးသည်။
မာမီနဲ့မင်ဆော့ကတော့ နှစ်ယောက်သား မတွေ့တာ
ကြာလို့ အလွမ်းသယ်နေကြတဲ့သူတွေလို။