ပိတ်ရက်ဖြစ်သွားငြားလည်း Suit ဝတ်ထားရပြီး
ဆိုဖာထက် လက်ကြီးပိုက် ခြေချိတ်ကာ ဆူပုတ်ထိုင်
နေတဲ့ ဆယ်ဟွန်းကိုကြည့်ပြီး မင်ဆော့မှာ ခေါင်းတကုတ်ကုတ်နဲ့ သက်ပြင်းချရသည်မှာ အခါခါ။
ဆယ်ဟွန်းက သူ့ကိုတချက်ကလေးတောင်မကြည့်
သူ့အတွေးနဲ့သူ ကြံဖန်စိတ်ဆိုးနေတယ်လို့ပြောရမလား
ပဲ ။ ဆယ်ဟွန်းရဲ့ပုံစံကြီးကြောင့် လွယ်အိတ်ထဲလိုအပ်
တာတွေထည့်နေတဲ့ မင်ဆော့လဲ စိတ်အေးသက်သာ
မရှိ ။ကိုယ့်ဘက်ကမှားလို့ ကိုယ့်ဘက်က အရင်စချော့ရမယ်
ဆိုတဲ့သဘောလား ? သေချာတာကတော့
ဆယ်ဟွန်းကစိတ်ဆိုးနေတယ် ။" ဆယ်ဟွန်းကွာ တကယ်ပဲ စိတ်မကောင်းဖြစ်အောင်လုပ်တယ် "
မင်ဆော့တယောက် ဆယ်ဟွန်းကြားလောက်တဲ့အသံ
အနေအထားနဲ့ စိတ်မကောင်းဖြစ်ဟန် ညည်းတွားပြ
လိုက်သည် ။ ပိတ်ရက်မှာ တောင်တက်ကြမယ်ဆိုပြီး
ကုမ္ပဏီက လူတွေတချို့စုပြီး သွားဖို့စီစဉ်ထားသည်လေ
မရမကခေါ်နေကြလို့ အားနာပါးနာနဲ့ လိုက်သွားဖို့
စာရင်းပေးလိုက်မိသည် ။ ဒါကို ဆယ်ဟွန်းကစိတ်ဆိုး
နေသည်လေ ။ သူပြောပြဖို့လုပ်ပေမဲ့ မနေ့ညထဲက
အလုပ်ကိစ္စတွေပေါ်လာတဲ့ဆယ်ဟွန်းကို မနှောင့်ယှက်
ချင်တာကြောင့် မပြောပြမိလိုက် ။ သည်မနက်တွင်လဲ
ပိတ်ရက်ဖြစ်ပေမဲ့လဲ ဆယ်ဟွန်းအလုပ်သွားရဦးမည်။" အချစ်အနေနဲ့ ပိတ်ရက်မှာ ကိုယ်နဲ့အချိန်ဖြုန်းမယ်
ဆိုတဲ့အတွေးလေးဘာလေး မဝင်မိဘူးလား "အိုဆယ်ဟွန်းက တကယ်ကြီး စိတ်ဆိုးနေခဲ့တယ် ။
သူသည်လဲ အလုပ်ကိစ္စနဲ့အပြင်ထွက်ရမှာကိုတောင်
ကိုယ့်ကိုပြန်ရစ်မေးနေပြန်တယ် ။ မင်ဆော့ သက်ပြင်း
တိုးတိုးချလိုက်ကာ လက်ထဲကလွယ်အိတ်ကို ခဏချ
လိုက်ပြီး ဆယ်ဟွန်းရဲ့အနားကိုလျှောက်သွားလိုက်
တယ် ။