မင်ဆော့တယောက်တော့ ဒေါ်လေးဖြစ်သူသတိရလာ
ပြီးဖြစ်တာကြောင့် ခွင့်ရက်ယူလို့ ဆေးရုံကိုသွားစောင့်
ပေးနေတာ နှစ်ရက်ပင်ရှိတော့မည် ။ ဆယ်ဟွန်းမှာလဲ
အလုပ်တဖက်နဲ့မို့ မင်ဆော့နဲ့တွေ့ချိန်က ညအချိန်အခါ
သာရှိသည်။အစ်ကိုတွေဦးလေးတွေကရှိပါလျက်နဲ့ပင်
ဆေးရုံကမခွာ။ တနေ့လုံးအဒေါ်ဖြစ်သူအနားစောင့်နေ
ပေးရတာကြောင့် ညရှစ်နာရီလောက် ဆယ်ဟွန်းလာ
တွေ့ချိန်မှာ ပင်ပန်းနေတဲ့မျက်နှာလေးကြောင့်စကား
တောင်ကြာကြာမပြောဖြစ်။နားပါစေလို့သာ အနားပေး
ထားရသည်။ အရမ်းပင်ပန်းခဲ့ရပြီးပြီမဟုတ်လား။ည ၈နာရီခွဲလောက် ဆယ်ဟွန်းဆေးရုံကိုရောက်လာ
တော့ ကုတင်ထက်ခေါင်းလေးစောင်းတင်ထားလို့
အိပ်ပျော်နေတဲ့မင်ဆော့ကြောင့် မနှိုးဖြစ်။အိပ်ပါစေ
လို့သာတွေးရင်း အနားမှာငြိမ်ငြိမ်သက်သက်ထိုင်စောင့်
နေပြီးတစိမ့်စိမ့်ထိုင်ကြည့်နေလိုက်သည်။မျက်ကွင်း
လေးတွေများညိုနေသလားလို့ ။ သိသိသာသာချောင်
ကျသွားတဲ့မျက်နှာက အိုဆယ်ဟွန်းကိုအကြီးအကျယ်
အနှောင့်အယှက်ပေးနေသည်။ရောက်ပြီလား !! ဘာလို့မနှိုးလဲ ငါမင်းကိုစောင့်
နေတာ ခဏအိပ်ပျော်သွားတယ်"ခန္ဓာကိုယ်ကလှုပ်ရှားလာပြီး မျက်လုံးတွေလဲပွင့်လာ
ပြီးနောက်ဆယ်ဟွန်းကိုမြင်သွားပြီးခေါင်းထောင်ကာ
ကိုယ်ကိုမတ်လို့လာသည်။"ဘယ်လိုလုပ်နှိုးရက်မှာလဲ !! ဒေါ်လေးသက်သာရဲ့
လား အချစ်""အင်း သက်သာလာပါပြီ !! အရမ်းတော့မလှုပ်ရှား
နိုင်သေးဘူး ပြန်လာပေးတဲ့အတွက်ပဲကျေးဇူးတင်လှပြီ"ဆယ်ဟွန်းက သူ့ရဲ့လက်ထိပ်တွေနဲ့မင်ဆော့ရဲ့ပါြး့ပင်
ထက်တို့ထိလိုက်ကာ စိတ်မကောင်းဖြစ်မိသွားသည်။
မျက်လုံးတွေကအစအရောင်တွေမှိန်သွားလိုက်တာ။
ကိုယ်က အချစ် ပျော်ရွှင်တာကိုပဲ မြင်ချင်တဲ့သူလေ။