[ T E N ]

8.2K 872 100
                                    

[ အိုဆယ်​ဟွန်းနှင့်​​ခေါက်​ဆွဲပြုတ်​တို့တိုက်​ပွဲ😉]

✌ ✌

မျက်​စိ​ရှေ့က ဟင်းရွက်​​တွေ အသား​တွေကို ကြည့်​ပြီး
ဆယ်​ဟွန်း မသက်​သာ ခါး​ထောက်​လိုက်​တယ်​။ဘယ်
ကစလို့ဘာလုပ်​ရမှန်းမသိတဲ့ ဗလာကျင်း​သောအ​တွေး
တွေနဲ့ ဟင်းရွက်​​တွေကို​တွေ​တွေကြီးရပ်​ကြည့်​​နေမိ
သည်​။အဖြူ​ရောင်​ရှပ်​အင်္ကျီလက်​ကိုဖြစ်​သလို​ခေါက်
တင်​ထားပြီး ဓားကိုကိုင်​ပြီး ဟင်းရွက်​​တွေကိုစလှီးဖြတ်
ဖို့်ကြံလိုက်​တယ်​။သို့​ပေမဲ့လဲ သူ ဘာချက်​ရမှာလဲ။
ဘာချက်​ရမှာလဲမသိသလို ဘာမှလဲမလုပ်​တတ်​။
လူတ​ယောက်​ကိုတိုက်​ခိုက်​ရတာကမှ သူ့အတွက်​လွယ်
ကူ​နေ​သေးသည်​။ ဟင်းရွက်​​တွေနဲ့အသား​တွေကိုဓား
နဲ့တိုက်​ခိုက်​ဖို့ကမလွယ်​ကူလှ။

ခင်​ဗျားသာ အကြည့်​စူးတတ်​တဲ့မိန်းက​လေးတ​ယောက်​ ဆိုရင် ​မီးဖို​ချောင်​ဝင်​​နေတဲ့ ခပ်​သန့်​သန့်​​ကောင်​​လေး
ရဲ့​ကျောပြင်​ကို​ငေးကြည့်​ပြီး ၃၂​ချောင်း​သောသွား​တွေ
အ​အေးပတ်​​နေ​လောက်​ပြီ​ပေါ့။

သို့​ပေမဲ့လဲ တကယ်​လမ်းလက်​​တွေ့မှာ အိုဆယ်​ဟွန်း
မှာ ခင်​ဗျားတို့ထင်​​နေသလို ချက်​တတ်​သူ​တော့မဟုတ်​။
ဓားတလက်​ကိုင်​လို့ နဖူးက​ချွေးပင်​ပျံ​နေ​လေပြီ။

မင်​​ဆော့က သူ့အတွက်​တခုခုချက်​​ကျွေးဖို့ မားကတ်
ကိုသွားပြီးဝယ်​စရာရှိတာ​တွေကိုဝယ်​ခဲ့တယ်​လို့
ဂျယ်​ဟို​ပြောပြထားတယ်​။ ဒါ​ပေမဲ့ လီဂျွန်​အင်​နဲ့
ခါးပိုက်​နှိုက်​​ကောင်​​ကြောင့်​ သူ့ညစာကပျက်​စီးသွား
ခဲ့ပြီ။ ဆယ်​ဟွန်းစိတ်​ထဲက​နေ ​ကောင်း​ကောင်းကြီး
မေတ္တာပို့လိုက်​တယ်​။ လက်​ရှိမှာ သူဟာ စိတ်​​ကောက်
နေတဲ့အချစ်​ကို​ချော့ဖို့ ဟင်းရွက်​​တွေနဲ့စတင်​မိတ်​ဆက်
နေတယ်​။

" ​ဒုက္ခပါပဲ !! တခုခု​​တော့ချက်​လိုက်​စမ်းပါဟ"

သူ့ကိုယ်​သူမ​ကျေမနပ်​ ညည်းတွားပစ်​လိုက်​တယ်​။
ကိုယ့်​ကိုကိုယ်​လဲ ​တော်​​တော်​မသုံးကျ​ကြောင်းကို
ကွက်​ကွက်​ကွင်းကွင်းသိလိုက်​ရတယ်​။ စိတ်​မရှည်​စွာနဲ့
ရေခဲ​သေတ္တာကိုဆွဲဖွင့်​လိုက်​​​တော့ နှစ်​ထုပ်​တည်း​သော
ပူးပူးကပ်​ကပ်​ရှိ​နေတဲ့​ခေါက်​ဆွဲထုပ်​က​လေး​တွေက
သူ့ကိုရယ်​ပြ​နေသလိုလို။ "အပိုအလုပ်​​တွေလုပ်​ဖို့
ဦး​နှောက်​ဗလာနဲ့စဉ်းစား​နေမဲ့အစား ငါတို့ကိုသာပြုတ်
သောက်​ပစ်​​လိုက်​ပါ​တော့"ဆိုတဲ့ ​ခေါက်​ဆွဲ​ခြောက်​ထုပ်
တွေရဲ့​လှောင်​​ပြောင်​မူ။ဆတ်​ခနဲ ​ခေါက်​ဆွဲ​ခြောက်​ထုပ်
နှစ်​ထုပ်​ကိုဆွဲယူလိုက်​ပြီး​ရေခဲ​သေတ္တာကိုပြန်​ပိတ်​လိုက်
တယ်​။

Come And Find Me [ Season_2 ]Where stories live. Discover now