[ Come And Find Me ]
____________________________________
ဒုတိယနေ့ မှာ ကျွန်တော့်ရဲ့မေ့လျော့မူကြောင့် ဝန်ထမ်းကတ်လေးက ကိုယ်နဲ့အတူပါမလာ။ ကုမ္ပဏီ
ရှေ့ရောက်မှ သတိထားမိတာမို့ ပြန်လှည့်ယူပြန်ရင်လဲ
မမှီတော့ ။ တော်ကြာနေ နောက်ကျလို့ ဋ္ဌာနမှူးဆီက
ဆူတာခံရဦးမည် ။ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို
အသည်းအသန်ကုန်ပစ်လိုက်တာ အကြံအိုက်နေရ
သည်။ဂျင်ဝူးလဲ မကယ်နိုင်။ဘယ်သူမှ မကယ်နိုင်။
နောက်ဆုံးတော့လဲ ကုမ္ပဏီထဲကြောက်ကြောက်လန့်
လန့်နဲ့ဝင်လာရသည် ။ ကိုယ့်ဋ္ဌာနက ငါးထပ်မြောက်
မှာရှိနေသည်မို့ ဓာက်လှေကားရှေ့ မတ်တပ်ရပ်နေရ
ပေမဲ့စိတ်ကတော့တော်တော်လေးကိုညစ်နေပြီ။
ဓာက်လှေကားရှေ့မှာလဲ တခြားသောဝန်ထမ်းလေးငါး
ယောက်လဲရှိနေသည်။" ဝန်ထမ်းကတ်မပါဘူးလား ဂင်မင်ဆော့ "
ကိုယ့်အားသတိထားမိသွားသူက ဋ္ဌာနမှူးချွဲ။ ကံဆိုး
လွန်းစွာဋ္ဌာနထဲမှာအဆူမခံရဘဲ အပြင်မှာအဆူခံထိ
နေရတယ်လို့။ဘေးကဝန်ထမ်းတွေကလဲ ကွက်ကြည့်
ကွက်ကြည့်လုပ်လာကြတော့သည်။ထိုဝန်ထမ်းတွေက ရုတ်ချည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်
တာမို့ မင်ဆော့နောက်ကိုလှည့်ကြည့်လိုက်တော့
အိုဆယ်ဟွန်းက လူလေးငါးယောက်ကို ဦးဆောင်ကာ
လာနေသည်မို့ မင်ဆော့လဲတခြားသူတွေလို ခေါင်းငုံ့
ကာအရိုအသေပေးလိုက်ရသည် ။ အိုဆယ်ဟွန်းက
တခြားဘယ်သူကိုမှ ကြည့်နေတာမို့မဟုတ်ဘဲ ကိုယ့်
လမ်းကိုသာဦးတည်လျှောက်ကာ တည်တံ့နေတဲ့
မျက်နှာဟန်ပန်ကလူရှိန်စရာကောင်းနေသည်။
ဋ္ဌာနမှူးချွဲလဲ အနားမှာ အရိုအသေပေးမတ်တပ်ရပ်
နေသည် ။
ခေါင်းငုံ့ကာနေတုန်း ဖိနပ်တစ်စုံက ကိုယ့်မြင်ကွင်းရှေ့
မှာရပ်တန့်သွားတာမို့မော့ကြည့်လိုက်တော့ အိုဆယ်ဟွန်းပင်။ ဘောင်းဘီအိပ်ထဲလက်တဖက်ထည့်
ကာကိုယ့်အားစူးစိုက်ကြည့်နေသည်။