[ T W E L V E ]

8K 759 34
                                    


ပိတ်​ရက်​မို့ အိုဆယ်​ဟွန်းတ​ယောက်​ မင်​​ဆော့နားကို
အချိန်​ပြည့်​ကပ်​လို့ ​နေသည်​ ။ ဆယ်​ဟွန်းမာမီက​တော့
ဆယ်​ဟွန်းကိုအိမ်​​ပေါ်ကဆင်းဖို့​တောင်​ ​ပြောခဲ့​သေး
သည်​​လေ။အိမ်​​ပေါ်ပြန်​တက်​ချင်​ရင်​​တော့ မင်​​ဆော့ကို
တခါထဲအပါ​ခေါ်နိုင်​မှ ပြန်​တက်​လာဖို့လဲသတိ​ပေးလိုက်
သေးသည်​။ အိမ်​​ပေါ်ကဆင်းဖို့အ​ပြောခံရ​လောက်​တဲ့
အထိ အိုဆယ်​ဟွန်းဟာ မင်​​ဆော့အနားကိုလာ​နေ​ပေမဲ့
ဂင်​မင်​​ဆော့က​တော့ သူ့အိမ်​သန့်​ရှင်း​ရေး​လောက်
တောင်​ အိုဆယ်​ဟွန်းကိုဂရုစိုက်​မ​နေပါ။ ဒီအချက်​က
အိုဆယ်​ဟွန်း ကိုအကြီးအကျယ်​ခံစားရ​စေသည်​။

တောက်​တဲ့လို အနားမှာလာကပ်​ကာ သွား​လေရာ
တောက်​​လျောက်​လိုက်​လို့ ​နေ​ပေမဲ့ မင်​​ဆော့က​တော့
နည်းနည်း​လေး​တောင်​ဂရုမစိုက်​​နေပါ။ မနက်​၇နာရီ
လောက်​ကစလို့ အိမ်​သန့်​ရှင်း​ရေးလုပ်​​နေသည်​မှာ
ယခုပင်​၉နာရီထိုး​ချေ​တော့မည်​။ အသန့်​ကြိုက်​တတ်​တဲ့
အချစ်​ဟာ မပျင်းမရိသန့်​ရှင်း​ရေးကိုလဲလုပ်​တတ်​သူ
ဖြစ်​သည်​။ ကိုယ့်​အခန်းသန့်​ရှင်း​ရေး​တောင်​အိမ်​အကူ
တွေကိုတာဝန်​​ပေးလို့​အေး​ဆေး​နေတတ်​​လေ့ရှိတဲ့
အိုဆယ်​ဟွန်းမှာလဲ ယခုတွင်​​တော့ ​ဘောင်းဘီကို
ဒူးနားထိ​ခေါက်​တင်​လို့ အ​လျှော်​အဖွက်​လုပ်​ငန်းကို
တာဝန်​ယူ​ပေး​နေရသည်​။ ​ရေချိုးခန်းထဲမှာနှစ်​​ယောက်
သား အိပ်​ယာခင်း​ကြီးကို​​ခြေ​ထောက်​နဲ့နင်းကာ​​မောကြီး
ပန်းကြီး​လျှော်​ဖွက်​​နေကြရသည်​။

အိုးခွက်​ပန်းကန်​​တွေတိုက်​ချွတ်​​ဆေး​ကြောတုန်းကလဲ
အိုဆယ်​ဟွန်း ပါသည်​။ အိမ်​ထဲက ပရိ​ဘောဂပစ္စည်း
တွေကို​နေရာအထားအသို​တွေပြန်​​ရွေ့ဖို့လုပ်​ပြန်​​တော့
လဲ အိုဆယ်​ဟွန်း တ​ယောက်​ကိုယ်​တိုင်​​ရွေ့​ပေး​ပြောင်း
ပေးလုပ်​​ပေးရပြန်​သည်​။ ရှင်းလင်းလိုက်​တာမှ အခန်း
တခန်းလုံးပုံစံ​ပြောင်းသွား​လောက်​တဲ့အထိအပင်​ပန်းခံ
ကိုရှင်းလိုက်​တာ။ ​နောက်​ဆုံးမှာ​တော့မပြီးနိုင်​မစီးနိုင်
အိပ်​ယာခင်း​ခေါက်​ကြီးသယ်​ချလာပြီး ​ခြေ​ထောက်​နဲ့
နင်း​လျှော်​​ပေးရာမှာလဲ အိုဆယ်​ဟွန်း ပါမိပြန်​သည်​။
မင်​​ဆော့ပါးစပ်​က​နေ ဆယ်​ဟွန်းကူပါဦး လို့တခွန်းမှ
မ​ပြောခဲ့​ပေမဲ့ အိုဆယ်​ဟွန်း လိုလူမျိုးက အခန့်​သား
ထိုင်​လို့ငြိမ်​ကြည့်​​နေနိုင်​တဲ့လူမျိုးလား။တသက်​နဲ့
တစ်​ကိုယ်​တခါမှမလုပ်​ဖူးတဲ့အလုပ်​​တွေကိုလုပ်​​နေ
ရလို့​နဖူးက​ချွေးက လက်​နဲ့သပ်​ချပစ်​ရ​လောက်​​အောင်
ဖြစ်​​နေ​ပေမဲ့ အပြုံးမပျက်​နဲ့ မင်​​ဆော့အနားကိုကပ်​ကာ
တနည်းမဟုတ်​တနည်းနဲ့ မင်​​ဆော့ရယ်​​နေရ​အောင်
ရုပ်​တည်​တည်​ကြီးနဲ့မဟုတ်​တာ​တွေ​ပြောလို့စ​နောက်
နေသည်​။

Come And Find Me [ Season_2 ]Место, где живут истории. Откройте их для себя