[ E I G H T ]

7.9K 971 98
                                    


တိုက်​ပိုင်​ရှင်​ဘယ်​သူမှန်း​တောင်​ ​သေချာမစုံစမ်းနိုင်​တဲ့
အတွက်​ ​ဒေါသ​တွေကထွက်​ရပြီး အိုဆယ်​ဟွန်းရဲ့
အနိုင်​ပိုင်းသွားတဲ့စကား​တွေ​ကြောင့်​ပိုခံပြင်းသည်​။
အိမ်​ပြန်​လာတဲ့လမ်းတ​လျှောက်​လုံး ကား​မောင်း​နေရင်း
တောက်​တ​ခေါက်​​ခေါက်​နှင့်​​ပေါက်​ကွဲ​​နေရသည်​။
အိမ်​ဆိုသည်​ကလဲ ကိုယ်​တ​ယောက်​ထဲ​နေသည့်
အိမ်​ဆီသို့သာ။ အိမ်​ခြံဝင်းထဲအ​ရောက်​ ရပ်​ထားတဲ့ကား
တစီး​ကြောင့်​ ဂျွန်​အင်​ အကဲခတ်​လိုက်​သည်​။မမြင်​ဖူး
တဲ့ကား။ အိမ်​ထဲမှာတ​ယောက်​​ယောက်​​တော့​ရောက်
နေပြီဆိုတဲ့အသိ​ကြောင့်​ အိမ်​ထဲကပြာကယာ​ပြေးဝင်
လိုက်​သည်​။ ကိုယ်​ပိုင်​သီးသန့်​အခန်း၏တံခါးကပွင့်
နေတာ​ကြောင့်​ သူအထဲကိုဝင်​ကြည့်​လိုက်​​တော့
နောက်​​ကျော​ပေးမတ်​တပ်​ရပ်​​နေတဲ့ မိန်းက​လေး
တ​ယောက်​။

" ဒီအခန်းထဲကိုခွင့်​ပြုချက်​မရှိဘဲမဝင်​နဲ့လို့​ပြောထား
တယ်​​လေ !"

သူ ​လေသံမာမာနဲ့​ပြောလိုက်​​တော့ဆတ်​ခနဲတုန်​သွား
တဲ့ခန္ဓာကိုယ်​။ထို့​နောက်​သူမက လှည့်​ကြည့်​လာသည်​။
တခြားသူ​တော့မဟုတ်​။ညီမဖြစ်​သူ လီဟွန်​​ဂျောင်း။

" ဒီ​တ​ယောက်​ကဘယ်​သူလဲ ! အစ်​ကို"

အစ်​ကိုဖြစ်​သူ၏စကားကိုဂရုမစိုက်​ဘဲ သူမက
ရှေ့မှာ​ထောင်​ထားတဲ့ပန်းချီကားကိုစိတ်​ဝင်​တစား
မေးမြန်းခြင်းပြုသည်​။ စာအုပ်​စင်​​တွေကြားမှာ
စာအုပ်​တအုပ်​ကိုဖွင့်​ဖတ်​​နေတဲ့​ကောင်​​လေးတ​ယောက်
ပုံကို​သေ​သေ သပ်​သပ်​ပုံ​ဖော်​​ရေးဆွဲထားတဲ့ပန်းချီ
ကားချပ်​။ လီဟွန်​​ဂျောင်းက ထိုကားချပ်​ကို​မေး​ငေါ့
ပြကာ အစ်​ကိုဖြစ်​သူကို သိချင်​စိတ်​နဲ့​မေးလိုက်​တယ်​။

" နင်​သိစရာမလိုပါဘူး__!ဒါနဲ့ ​ရှေ့ကကားကနင့်​ကား
လား !! "

"အွန်း!! ဟုတ်​တယ်​​လေ ဒယ်​ဒီ့်​ဆီပူဆာထားတာ"

လီဟွန်​​ဂျောင်းက ဟန်​ပါပါလက်​ပိုက်​ကာ ပန်းချီကား
တွေကိုတကားပြီးတကားလိုက်​ကြည့်​​နေသည်​။
လီဂျွန်​အင်​က​တော့ ညီမဖြစ်​သူအား စိတ်​ပျက်​သွား
သည့်​မျက်​နှာအမူအရာနှင့်​ကြည့်​​နေ​​တော့သည်​။
ငွေကို​ရေလိုသုံးနိုင်​တဲ့မိသားစုက ​ပေါက်​ဖွားလာတဲ့
မိန်းက​လေးမို့လား .။
ဒယ်​ဒီ့လက်​ထပ်​​ရောက်​မှ အခုလိုသုံးစွဲနိုင်​ခဲ့တာ​လေ။

Come And Find Me [ Season_2 ]Where stories live. Discover now