[ T H I R T E E N ]

7.7K 718 68
                                    

အပိုင်း ၁၂ ၏ အဆက်

အစ်​ကိုဂျွန်​အင်​ ကို​တွေ့လိုက်​ရတာမို့ မင်​​ဆော့ စကား
သွား​ပြောဖို့အတွက်​ ​မြောင်​ယူရဲ့အ​မေးကို​တောင်​ပြန်
မ​ဖြေမိဘဲ အစ်​ကိုဂျွန်​အင်​ဆီတည့်​တည့်​မတ်​မတ်
သွားလိုက်​သည်​ ။ အရင်​တခါကကိစ္စအတွက်​ ​ဖြေရှင်း
ချက်​လိုသည်​​လေ ။ သူ့ကို ဆယ်​ဟွန်းက လူကြားထဲ
မှာ အရှက်​ခွဲပါသည်​လို့ လိမ်​ညာခဲ့သည်​ကိစ္စအတွက်
အ​ကြောင်းပြချက်​ကိုသိချင်​သည်​။ ဘာ အငြိုး​ကြောင့်
များလဲ ။ အစ်​ကိုဂျွန်​အင်​က ထိုသို့​သောလူစားမျိုးလား။

" မင်​​ဆော့ !! "

လီဂျွန်​အင်​ ရဲ့ အနည်းငယ်​အံ့သြ​နေတဲ့ မျက်​နှာသည်
အနည်းအကျဉ်း မလုံမလဲဖြစ်​​နေသည့်​သဖွယ်​လဲ
ပေါ်​နေသည်​ ။ မင်​​ဆော့ရဲ့အကြည့်​​တွေကိုလဲ ​ရှောင်
နေသလိုလို၊ ဂနာမငြိမ်​တဲ့မျက်​လုံး​တွေက သက်​​သေ
ပြ​နေသည်​။

" အရင်​တခါက ကိစ္စကို ​မေးကြည့်​ချင်​လို့
အစ်​ကိုဂျွန်​အင်​ !!တကယ်​ပဲ အစ်​ကိုဂျွန်​အင်​ကို
ဆယ်​ဟွန်းကလူကြားထဲမှာ ကျွန်​​​တော်​နဲ့
ဝေး​ဝေး​နေဖို့ လာ​ပြောခဲ့တာလား?"

ကိုယ့်​ဘက်​က ဆယ်​ဟွန်းမလုပ်​ခဲ့ဘူးဆိုတာကို ယုံ
ကြည်​​ပေမဲ့ အစ်​ကိုဂျွန်​အင်​ပါးစပ်​ကလဲထွက်​လာမည့်
အ​ဖြေမှန်​ကိုသိချင်​သည်​။ ဆယ်​ဟွန်းကိုမယုံကြည်​လို့
မဟုတ်​။အစ်​ကိုဂျွန်​အင်​ပါးစပ်​က အ​ကြောင်းအရင်းကို
သိချင်​လို့သာ။

" မင်​​ဆော့ !! အဲ့ထိကိစ္စက ______"

အစ်​ကိုဂျွန်​အင်​က မင်​​ဆော့ရဲ့မျက်​လုံး​တွေကိုကြည့်
ကာ အသံတိတ်သွားသည်​ ။ လီဂျွန်​အင်​၏မျက်​လုံး
အရိပ်​အ​ယောင်​​တွေဟာ ဝန်​ခံ​နေသည့်​သဖွယ်​။
တောင်းပန်​​နေသည့်​အတိုင်း။ ​ပြောထွက်​ဖို့ခက်​ခဲ​နေ
တာ​ကြောင့်​လား။ တိတ်​ဆိတ်​​နေသည်​ ။

"ဘာလို့လဲ အစ်​ကိုဂျွန်​အင်​ !! အစ်​ကို​ကြောင့်
အဲ့​နေ့က ကျွန်​​တော်​ ဆယ်​ဟွန်းကို​အော်​မိ
သွားခဲ့တယ်​ သူ့ကိုစိတ်​ဆိုးမိသွားတယ်​၊
သူ့အ​ပေါ်အပြစ်​လုပ်​မိသလိုခံစား______"

Come And Find Me [ Season_2 ]Onde histórias criam vida. Descubra agora