[ F O U R T E E N ]

7.3K 920 71
                                    


မ​နေ့ညက (_____) တွင်​ လူတဦး တိုက်​​ပေါ်ကခုန်
ချ ​သေဆုံးမူဖြစ်​​ပေါ်ခဲ့ပါတယ်​ ။

ငွေလိမ်​လည်​ခံသူရများဟာ လူ​ပေါင်းသုံး​သောင်းခန့်
ရှိ​နေခဲ့ပါတယ်​ ။

ငွေလိမ်​လည်​ခံရမှု​ကြောင့်​ ကိုယ့်​ကိုကိုယ်​​သေ​ကြောင်း
ကြံစည်​မှု အမှု​ပေါင်း၁၀မှုရှိ​နေခဲ့ပါတယ်​ ။

သတင်း​ကြေငြာသူ ဂီ​ဂျွန်​​ဆော့ ဖြစ်​ပါတယ်​ခင်​ဗျာ။

TV မျက်​နှာပြင်​ထက်​ လာ​နေသည့်​ သတင်း ။ယခု
လက်​ရှိတွင်​ နာမည်​​ကြီး​နေသည့်​ သတင်းတခု။
အချိတ်​အဆက်​ကျကျ ပီပီပြင်​ပြင်​လိမ်​လည်​သွားသည်
မှာ ချီးကျူးရမလားပဲ။ လွန်​ခဲ့​သော ၁၀နှစ်​ခန့်​က
အလားတူဖြစ်​ရပ်​မျိုး ဖြစ်​ခဲ့ဖူးသည်​။ နိုင်​ငံ​တော်​ဟာ
ငွေလိမ်​လည်​သူ​တွေကို ရှာ​ဖွေမဖမ်းဆီးနိုင်​ခဲ့သလို
ငွေလိမ်​လည်​ခံရသူ​တွေအတွက်​လဲ တာဝန်​မ​ကျေခဲ့။
ယခုထပ်​မံဖြစ်​ပွားခဲ့ပြန်​သည်​။ တနိုင်​ငံလုံးရုတ်​ရုတ်​သဲ
သဲဖြစ်​ကာ ​သွေးပျက်​ခဲ့ကြရသည်​။ ကိုယ့်​ကိုကိုယ်
သေ​ကြောင်းကြံစည်​သူများဟာလဲ ​ငွေဆုံးရှုံးမူ
အတိုင်းအတာပမာဏ​ကြောင့်​သာဖြစ်​သည်​။
မည်​မျှရင်းနှီးမြုပ်​နံလျှင်​ ​ခြောက်​လအတွင်း ဘယ်
လောက်​ရာခိုင်​နှုန်း ပြန်​ရမည်​ဟု ​ငွေး​ကြေးသ​ရေယို
စရာ မက်​လုံး​ပေးလို့မြူစွယ်​ခဲ့သည်​။ ​​နေရာအနံအပြား
မှာ ​ငွေလိမ်​လည်​ခံရသူ​တွေမနည်းရှိ​နေသည်​။

ငွေလိမ်​လည်​သူ များမှာ တဖွဲ့ထဲဖြစ်​​ကြောင်း သတင်းရရှိ ✔

ငွေလိမ်​လည်​မူ နှင့်​ပတ်​သတ်​လို့ ထွက်​​ပေါ်လာတဲ့
သတင်း​ပေါင်းစုံဟာ မှန်​သည်​၊မှားသည်​ ဆိုတာ​တောင်
ခွဲခြားနိုင်​စွမ်းမရှိ​တော့။ ဟိုဟိုဒီဒီ ထွက်​​ပေါ်လာတဲ့
ကောလဟာသ​တွေဟာလဲ အလျိုလျိုပင်​။ ဆူညံပွက်
လောရိုက်​​နေသည့်​ လူ​တွေရဲ့အသံ​တွေ၊ငိုသံ​တွေ၊
အော်​ဟစ်​သံ​တွေ ၊ ရုတ်​ချည်း အားလုံးသည်​​ကြောက်
စရာ​ကောင်းလာခဲ့သည်​။

Come And Find Me [ Season_2 ]Where stories live. Discover now