[ " F I V E " ]

8.6K 1K 54
                                    

ဆိုအာ​မွေး​နေ့ညက သူတို့နှစ်​​ယောက်​ ဆယ်​ဟွန်းအိမ်
ကိုမပြန်​ဖြစ်​ဘဲ တိုက်​ခန်းမှာပဲအိပ်​ဖြစ်​လိုက်​ကြသည်​။
မွေး​နေ့ပွဲကလဲ တကယ့်​ကိုဆူဆူညံညံနဲ့ပြီးဆုံးသွားခဲ့
သည်​ ။ ဘာလိုဖြစ်​ဖြစ်​ ​ပျော်​စရာ​တော့ ​ကောင်းခဲ့တယ်​။
မနက်​​ရောက်​​တော့မှ ဝရုန်းသုန်းကာအိပ်​ရာထ ပြီး
ကုမ္ပဏီသွားဖို့ပြင်​ဆင်​ရတာ ရယ်​စရာ​တော့​ကောင်း
သွားခဲ့ရတယ်​။နည်းနည်း​နောက်​ကျမှအိပ်​ရာထနိုင်
ပြီး မျက်​နှာသစ်​သွားတိုက်​ဖို့်အတွက်​ ​ရေချိုးခန်းထဲ
နှစ်​​ယောက်​ ဝရုန်းသုန်းကား​ပြေးဝင်​၊မနက်​စာကို
ပေါင်​မုန့်​တချပ်​ပါးစပ်​ထဲထိုးထည့်​ ​ကော်​ဖီနှစ်​ခွက်
အလျင်​စလို​ဖျော်​​သောက်​ပြီး ​တော်​​တော်​​လေးကို
ရှုပ်​ရှက်​ခတ်​သွားခဲ့ရသည်​။

ဋ္ဌာနထဲမှာ အိပ်​​ရေးမဝတဲ့ရုပ်​ဖြစ်​​နေတဲ့ဂျင်​ဝူးနဲ့​ဘေး
ချင်းကပ်​ထိုင်​​နေရတာကလဲ ကိုယ်​ပါမလန်းမဆန်း
တွေကိုဖြစ်​လို့။ ရှုပ်​ပွ​နေတဲ့ဆံပင်​​တွေကို လက်​နဲ့
အတင်းဖိသပ်​ပုံ​ဖော်​ရင်း ဂျင်းဝူမှာလဲ ရုပ်​ပျက်​ဆင်းပျက်
ကိုယ်​​တွေထက်​ပို​နောက်​ကျ​နေသူက တ​ယောက်​ရှိ​သေး
သည်​။ မင်​​ဆော့နဲ့ ဝန်​ထမ်းသစ်​​ဂျောင်​ဟိုကြားလစ်
ဟာ​နေ​သော​နေရာပိုင်​ရှင်​သည်​ ​မြောင်​ယူ။ ကိုယ်​​တွေ
ထက်​ပိုဆိုး​နေတဲ့​မြောင်​ယူတ​ယောက်​ လမ်းမှာပြန်​​ပေး
ဆွဲခံလိုက်​ရပြီလား​တော့မသိ။

" ပြန်​​ပေးဆွဲခံလိုက်​ရပြီလား မသိဘူး !!ဋ္ဌာနမှူးချွဲ
ရောက်​လာ​တော့မှာ ကိုအခုထိ​ပေါ်မလာ​သေးဘူး"

ဋ္ဌာနထဲလူစုံ​ရောက်​လို့ မနက်​ဖြန်​ ထုတ်​ကုန်​အသစ်
ဈေးကွက်​ထဲချပြဖို့အလုပ်​ရှုပ်​​နေကြတာ​ကြောင့်
မြောင်​ယူကိုလဲ ဆက်​ပြီးမ​မျှော်​နိုင်​​တော့။ ထုတ်​ကုန်
အသစ်​အတွက်​ မင်​​ဆော့လဲ ရင်​ခုန်​ရသည်​။ဒီတခါက
ဆယ်​ဟွန်းကိုယ်​တိုင်​ အကျအနစီစဉ်​ထားတဲ့ ထုတ်​ကုန်
သူလဲအလုပ်​များ​နေ​တော့မှာအ​သေအချာ။ အဲ့လိုမှန်း
သိရင်​မ​နေ့ညက သူ့ကို​ခေါ်မ​နေပါဘူး။သူအရမ်းအလုပ်
ရှုပ်​​နေတာ​တောင်​ မငြင်းပဲလာ​ပေးခဲ့​သေးတယ်​။

Come And Find Me [ Season_2 ]Där berättelser lever. Upptäck nu