ပန်းပွင့်သတို့သမီးအပိုင်း (၂၀)

5.4K 349 3
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၂၀)

ပင်းပင်း သည် မယ်မယ့် မျက်ရည်များကြောင့် ကတိပေးလိုက်သည်။ မယ်မယ်သည် မင်းမှုထမ်း မျိုးရိုးမဟုတ်ပဲ ကုန်သည်ကြီး၏ သမီးဖြစ်သည်။ ဆွေတော်မျိုးတော် ခမည်းတော်က ချစ်သဖြင့် လက်ထပ်ပြီး နန်းတော် အသိုင်းအ၀ိုင်းထဲ ရောက်လာခဲ့သည်။သို့သော်အရီးတော်တို့က မယ်မယ့် ကို အဆင့်ခွဲခြားကာဆက်ဆံသည်ကို ငယ်ကတည်းကတွေ့ခဲ့ရသောကြောင့် မယ်မယ့်ကို အကောင်းဆုံးထားချင်သောကြောင့် အရီးတော်လို မိဖုရားခေါင်ဖြစ်ရန် ကြိုးစားမည်ဟု ဆုံးဖြတ် ခဲ့သည်။ အရီးတော်ကလည်း လှပကာ အကင်းပါးသောမိမိကို အနားခေါ် လက်သပ်မွေးကာ လေ့ကျင့်ပေးခဲ့သည်။ မိမိက ထိမိုယွမ်ကို ငယ်ကတည်းက တွေ့ခဲ့သော်လည်း ချစ်သည့်စိတ်စိုးစဉ်း မှ မ၀င်ခဲ့ပေ။ သူက မိမိ ထိပ်ဆုံးရောက်ဖို့ လှေကားတစ်စင်းသာဖြစ်သည်ဟု ခံယူထားသည်။
အရီးတော်လိုပဲ ယခု မင်းကြီးကို မချစ်သော်လည်း မိဖုရားကောင်းဖြစ်အောင်နေမည်ဟု ဆုံးဖြတ် ထားသည်။ ပြီးတော့ အမြဲ အနှိမ်ခံခဲ့ရသည့် မယ်တော့်ကို တော်ဝင်မျိုးနွယ်အားလုံး လေးစားစွာ ဆက်ဆံရစေမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သို့သော် အခုတော့ မိမိ မိဖုရားခေါင်ဖြစ်ရဖို့ စာဂိရိကို လုပ်ကြံသတ်ဖြတ်ခိုင်းသောအခါ ပင်းပင်းတွေဝေရလေပြီ။ ပြီးတော့ တင်ဂီရိကို မိမိ ချစ်မိ သောအခါ သူ စိတ်ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ စာဂိရိနှင့် အတူနေရင်း သူမလေး၏ ဖြူစင်မှု၊ ရိုးသားမှု၊ မိမိတို့ နေ့စဉ်မြင်တွေ့သော်လည်း သတိမထားမိသည့် သေဆုံးစစ်သည်တော်များ၏ လမ်းပေါ်ရောက်ကာ ပျက်စိးလေလွင့်နေသော ကလေးများကို ကြင်နာကာအကူညီပေးချင်မှုတို့က မိမိဘယ်လိုမှ ယှဉ်မရသည့် အရည်ချင်းများဖြစ်သည်ကို သိသောအခါ သူမကိုလင်လုဖက် အဖြစ် ယှဉ်ပြိုင်ဖို့ထက် မိတ်ဆွေကောင်းအဖြစ် သူမကို ကူညီပေးချင်သည့်စိတ်ကာသာ ပိုလာခဲ့သည်။
"မယ်မယ့်ကို မိဖုရားခေါင်ကြီးရဲ့ မယ်တော်ဖြစ်အောင် သမီးမလုပ်ပေးနိုင်ခဲ့တာ ခွင့်လွှတ်ပေးပါ။ သမီးလေ လူ့အသက်သတ်ပြီး မိဖုရားကြီး မလုပ်ချင်တော့လို့ပါ။"
မယ်မယ်က ပြုံးကာ အေးချမ်းစွာပြောသည်။
"မယ့်မယ့်သမီးလေးက ဒီလို ကြင်နာတဲ့စိတ်ထားရှိတာ မယ်မယ် ၀မ်းအသာဆုံးပဲ။ မယ်မယ်ပြော ခွင့်မရှိပေမယ့် မယ့်မယ့်သမီးလေး စိတ်ထားရက်စက်ပြီး ခက်ထန်သွားမှာကို မယ်မယ် ကြောက် နေခဲ့တာ။ မယ်မယ် ကျေနပ်ပါတယ်ကွယ်။ဒါပေမယ့် သမီးအရီးတော်တို့၊ ဘကြီးတော်တို့သာ သိသွားရင် သမီးကိုအလွတ်ပေးမျာမဟုတ်ဘူး ဒါတွေကို စိတ်ထဲမျာပဲထားပါလို့ မယ်မယ်မှာချင် တယ်။" "ကျေးဇူးတင်ပါတယ် မယ်မယ်။ "
ပင်းပင်း မယ့်မယ့်လက်ကို အားကိုးတကြီးဆုပ်ကိုင်ကာ ကျေးဇူးတင်မိသည်။ မိခင်၏ အားပေးမှုက မိမိအတွက်ခွန်အားတခုဖြစ်သည်။
ထိမိုယွမ်သည် စာဂိရိ၏ သတင်းကိုကြားသော် အန်းအန်းကို အနားမှ ချက်ချင်းဖယ်ရှားစေသည်။ မိဖုရားကြီးက အန်းအန်း ဆက်လက်နေခွင့်ရအောင် မင်းကြီးကိုပြောသော်လည်း မင်းကြီးက ချွေးမလောင်းကို ကောင်းစွာ မစောင့်ရှောက်နိုင်သော အန်းအန်းကို ဖယ်ရှားရန်ပြောသောအခါ နောက်ဆုံး စာဂိရိ သံယောဇဉ်ရှိသော ပင်းပင်းကို အနားပြန်ထားရန် စီစဉ်လိုက်ရသည်။ အခြား တူမများစွာရှိသော်လည်း စာဂိရိက ပင်းပင်းကလွဲရင် ဘယ်သူ့ကိုမှ အနားခေါ်မထားချင်ဟု ပြော သော ကြောင့် နောက်ဆုံး ပင်းပင်းကို ခြိမ်းခြောက်အကြပ်ကိုင်ကာ စာဂိရိ အနားကို ပြန်ပို့လိုက်ရ သည်.။
စာဂိရိသည် ပင်းပင်းကိုတွေ့သည်နှင့် ၀မ်းသာစွာပြေးဖက်လိုက်သည်။ပင်းပင်းက ပြန်ဖက်ထားကာ
"စာဂိရိ နေကောင်းတယ်နော်."
"စာဂိရိ နေကောင်းပါတယ်။ ပင်းပင်းကြည့်ရတာ မျက်နှာကဖြူဖတ်ဖြူယော်နဲ့ နေမကောင်းဘူး လားဟင်။"
"နေကောင်းပါတယ် စာဂိရိရယ်။ ပင်းပင်းလေ စာဂိရိကို အဖော်လုပ်ခွင့်ရတာ ယုံတောင် မယုံနိုင် ဘူး။" စာဂိရိက ပြုံးကာ ပင်းပင်းကို မိမိဘေးတွင်ထိုင်စေပြိး ချစ်စဖွယ်ပြောလိုက်သည်။
"စာဂိရိက အကိုတော် ထိမိုယွမ်ကို ပြောလိုက်တာ။ ပင်းပင်း ကလွဲရင် ဘယ်မင်းသမီးမှ မလိုချင်ဘူး လို့။ စာဂိရိလေ ပင်းပင်းကို အရမ်းလွမ်းနေတာ။ "
ပင်းပင်းသည် စာဂိရိကို ငေးငေးလေးကြည့်ကာ ယဲ့ယဲ့ပြုံးပြီး
"စာဂိရိ ပင်းပင်းကို ခင်တာသိရတော့ ပင်းပင်းသေပျော်ပါပြီ"
"ဘာသေပျော်ပြီလဲ။ ဒီလို စကားမပြောပါနဲ့နော်။ ပင်းပင်းကို စာဂိရိ မသေစေချင်သေးဘူး။ စာဂိရိ နဲ့ တသက်လုံး အတူနေသွာူးစေချင်တာ။ စာဂိရိက ပင်းပင်းနဲ့ ညီအစ်မတော်ချင်တာ။"
"ပင်းပင်းလည်း စာဂိရိကို ညီအစ်မတော်ချင်ပါတယ်။ ဒါပေမယ့် အဆင့်တန်းခြင်းမတူဘူးလေ။ စာဂိရိက ဘုရင့်သမိးတော်။ ပင်းပင်းက အမတ်ရဲ့ သမီး။ မင်းကြီးသိရင် ပင်းပင်း အမျက်ရှခံရလိမ့် မယ်။"

စာဂိရိက တခစ်ခစ်ရယ်မောလိုက်ပြီး "စာဂိရိက ပင်းပင်းကို ယောင်းမတော်ချင်တာ.. အကိုတော်နဲ့ လက်ထပ်ပေးပြိး အနားမှာ အမြဲခေါ် ထားချင်တယ်။"
စာဂိရိ၏ စကားကိုကြားသော် ပင်းပင်း၏ မျက်နှာ ရှက်သွေးဖြင့်ရဲခနဲ ဖြစ်သွားတော့သည်။
"အို... စာဂိရိကဘာတွေ ပြောနေတာလဲ။"
စာဂိရိသည် မျက်နှာတစ်ပြင်လုံး နှင်းဆီခင်းဖြစ်သွားသော ပင်းပင်းကို ချစ်စနိုးဖြစ်ကာ ပါးကို ဖြတ်ခနဲ နမ်းလိုက်သည်။ ဒါကိုမြင်လိုက်သော ထိမိုယွမ်က မျက်လုံးပြူးသွားသည်။ စာဂိရိ ဘာကြောင့် ပင်းပင်းကို နမ်းလိုက်တာလဲ။ ပင်းပင်း၏ မျက်နှာက ရှက်သွေးတက်နေသဖြင့် စာဂိရိ ကများ ယောက်ျားလေးစိတ်ဖြင့် နမ်းလိုက်သလားဟု တွေးကာ ငယ်ထိပ်ထိ သွေးတက်ဆောင့် သွားသည်။
"စာဂိရိ..."
"ဟော... အကိုတော် ထိမိုယွမ်လာပြီ။ ဒီမှာ ပင်းပင်းကို စာဂိရိက ..." စာဂိရိသည် ထိမိုယွမ်၏ မျက်နှာထားကို မရိပ်မိပဲ ရယ်ပြုံးကာ ပြောဟန်ပြင်စဉ် ပင်းပင်းက ရှက်ရှက်နှင့် စာဂိရိ၏ နူတ်ခမ်းကို လက်လေးနှင့် ပိတ်လိုက်ပြိး အလန့်တကြားလေး တားရှာသည်။
"အို... မပြောပါနဲ့ စာဂိရိရယ်... ပင်းပင်းကိုချစ်ရင် မပြောပါနဲ့နော်.."
"ပင်းပင်းကလည်း... စာဂိရိက ပင်းပင်းကို ချစ်လို့ပါ.."
"အင်း...စာဂိရိ ချစ်တာသိပါတယ်။ ပင်းပင်း ကိုချစ်တယ်ဆိုတာနဲ့ပဲ ပင်းပင်းကျေနပ်ပါပြီ။"
ထိမိုယွမ်သည် မိမိကို ငုတ်တုတ်ထားကာ တဦးနှင့် တစ်ဦး ပူးပူးကပ်ကပ်ဖြင့် လက်ကိုင်လိုက်၊ ချစ်တယ် ပြောလိုက်နှင့် ရယ်မောပျော်ရွှင်နေသည်ကို ကြည့်ကာ ဒေါသတို့ အလှိမ့်လိုက်တက် လာသည်။
"ပင်းပင်း... မင်း သွားတော့။ ကျူပ် ချစ်သူနဲ့ လွတ်လွတ်လပ်လပ်တွေ့ဖို့လာတာ။ မင်းဘာကြောင့် ဒီမှာ ဆက်ရှိနေတာလဲ။"
အိမ်ရှေ့မင်းသား၏ မာကျောသောစကားသံကြားမှ ပင်းပင်း သတိဝင်လာပြီး အရိုအသေပေးကာ အခန်းထဲမှ ချက်ချင်းထွက်သွားတော့သည်။
"ပင်းပင်း... အကိုတော် .. ဘယ်လိုပြောလိုက်တာလဲ..ပင်းပင်းက စာဂိရိရဲ့ အသက်သခင်လေ.."
ထိမိုယွမ်က ရန်တွေ့နေသော နှင်းဆီဖူးလေးကို စကားမဆိုနိုင်အောင် ပိတ်လိုက်သည်။ စာဂိရိ က အတင်းရုန်းကာ သူ့ရင်ဘတ်ကို ထုရိုက်ပြီး ရန်တွေ့သည်။
"လွတ်... အကိုတော်ကို မုန်းတယ်။ စာဂိရိ ချစ်တဲ့သူကို မောင်းထုတ်လိုက်တယ်။ သူက စာဂိရိရဲ့ အချစ်ဆုံးသူ..."
"ဘာပြောတယ်။ မင်းရဲ့ အချစ်ဆုံးက ကျုပ်ပဲဖြစ်ရမယ်။ ဘယ်အကောင်၊ ဘယ်ကောင်မကိုမှ မချစ်ရဘူးလို့ပြောထားတယ်လေ..."
"ချစ်မှာပဲ။ ပင်းပင်းက စာဂိရိရဲ့ အချစ်ဆုံး... အွန်း.. လွှတ်.."
ထိမိုယွမ်သည် ချစ်သူလေး၏နုတ်မှထွက်သောစကားကို ဆုံးအောင်နားမထောင်တော့ပဲ အပြစ်ပေး တော့သည်။ လှပသော ပင်းပင်းက ချစ်သွားပြိး ယောက်ျားစိတ်ဝင်သွားပြီလားဟု တွေးကာ စိုးရိမ် နေမိသည်။ စာဂိရိကို စိတ်ချမ်းသာအောင် ယောက်ျားလေး အ၀တ်ဝတ်ခွင့်ပြုကာ ယောက်ျားလေး စာလုံးများသင်ခွင့်ပေးထားပြီး ယောက်ျားစိတ်ပြန်ဝင်ကာ မိန်းကလေးကို ချစ်သွားမည်ကို ထိမိုယွမ် စိုးရိမ်နေခိုက် မိမိရှေ့တွင်ပင်းပင်းနှင့် ကယုကယင် ပြောဆိုကာ ရင်းနှီးနေပုံက ထိမိုယွမ်၏ မျက်လုံးကို အမှောင်ဖုံးသွားစေသည်။

ချစ်သူလေးကို အချစ်ဖြင့်ဒဏ်ခတ်ပြီးမှ ထိမိုယွမ်သတိဝင်လာသည်။ စာဂိရိကို မိမိကြမ်းမိပြန်ပြိ။ ယောက်ဖရှေ့ ကတိပေးပြီးမှ ကတိဖျက်မိပြန်ပြီ။ ထိမိုယွမ်သည် စာဂိ့ရိ၏ ပုခုံးစွန်လေးကို နမ်းပြိး တောင်းပန်လိုက်သည်။
"စာဂိရိ တောင်းပန်ပါတယ်။ ကိုယ် သတိလက်လွတ်ဖြစ်သွားတယ်။ ကိုယ့်ရှေ့မှာ ဘယ်သူနဲ့မှ အဲ့လောက် လက်ပွန်းတသီးမနေပါနဲ့လားကွာ။ကိုယ့်ရင်တွေ ပူလွန်းလို့ပါ။"
စာဂိရိ စိတ်ဆိုးဆိုးနှင့် သူ့ကို ကြည့်ကာ
"အကိုတော်က ပင်းပင်းနဲ့ စာဂိရိကို သံသယ၀င်တာလား။ "
"သံသယ ၀င်တာမဟုတ်ပါဘူး။ သူ့ကို ကိုယ့်ရှေ့မှာချစ်တယ်လို့ပြောနေတော့ စာဂိရိ ကိုယ့်ထက် သူ့ကို ပိုချစ်သွားပြီထင်လို့ သ၀န်တိုသွားမိတာပါ။"
"စာဂိရိက ညီအစ်မလိုချစ်တာကို ပြောတာ။ သူ့ကို အကိုတော် တင်ဂီရိနဲ့ အောင်သွယ်ပေးမလို့ ပြောနေတာ။ ပင်းပင်းက ရှက်ပြီး စာဂိရိကို တားနေတာ အကိုတော်က ဘာတွေတွေးပြိုး အထင် လွှဲရတာလဲ။ အကိုတော်နော်။ စာဂိရိကို ယောက်ျားနဲ့လည်းစိတ်မချ၊ မိန်းကလေးနဲ့လည်း စိတ်မချ နဲ့။ စာဂိရိ ဘယ်လိုနေရမလဲ။" စာဂိရိ၏ စကားကိုကြားမှ တင်ဂီရိ ပြုံးလာပြီး
"သြော် ဒါကြောင့် ပင်းပင်းက စာဂိရိ ပါးစပ်ကိုပိတ်နေတာလား။ကိုယ်ကဘယ်သိပါ့မလဲ။ ချစ်တယ် ကြားတော့ ထူပူသွားတာပေါ့။ ကောင်းတယ်။ ယောက်ဖကြီးနဲ့ပင်းပင်းကို လက်ထပ် ပေးဖို့ ခမည်းတော်ကို လျှောက်တင်ရမယ်။"
စာဂိရိက သူ့ကို မျက်စောင်းထိုးကာ "သွား... ခုမှ.. သူများကိုတော့ အမြဲ သံသယ၀င်ပြိး ကိုယ့်ဖာသာ ထင်တာလျှောက်လုပ်တယ်။ အကိုတော်နဲ့ တိုင်ပြောမယ်။ "
ထိမိုယွမ်က စာဂိရိ၏ နူတ်ခမ်းလေးကိ လက်ညှိုးနှင့် ဖိပိတ်ကာ
"အကြိမ်ပေါင်း တစ်သောင်း တောင်းပန်ပါတယ် အချစ်ရယ်။ ကိုယ်က စာဂိရိကို ချစ်လွန်းလို့ဖြစ် သွားတာပါ။ ကိုယိ့ကို ခွင့်လွှတ်ပေးပါနော်။"
"ဒါဆို ပင်းပင်းကို ပြန်ခေါ်ပေး။ ခုနက သူ့ကို မောင်းထုတ်လိုက်တာ။ သူက စာဂိရိရဲ့ ယောင်းမ လောင်းနော်။ နောက်တခါ သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရင်စာဂိ၇ိ စိတ်ဆိုးမှာ။"
"ကောင်းပါပြိ။ ကိုယ်ပြန်ခေါ်ပေးပါ့မယ်။ ကဲ စိတ်ဆိုးပြေပြိလား။" စာဂိရိ ခေါင်းငြိမ့်လိုက်သောအခါ သူ့မျက်နှာက ငုံ့မိုးကျလာခဲ့သည်။ အခန်းထဲ နောက်တဖန် တိတ်ဆိတ်သွားပြန်သည်။

ထိမိုယွမ်သည် ပင်းပင်းကို အထင်လွဲကာ အဆောင်မှ မောင်းထုတ်လိုက်ပြီး စာဂိရိရှင်းပြမှ ယောက်ဖ တော်နှင့် အောင်သွယ်ပေးမည်ကို သိသဖြင့် ကျေနပ်သွားသည်။ ပင်းပင်းကို ပြန်ခေါ်ရန် သူမနေသည့် အဆောင်ဘက်သို့လှည့်လာစဉ် သူမအခန်းထဲတွင် မျက်နှာဖုံးးနှင့် လူတစ်ဦးညွှန်ကြားသမျှကို ခေါင်း တညိမ့်ညိမ့်နှင့် နာခံနေသည်ကို တွေ့သော် ထိမိုယွမ် စိုးရိမ်သွားသည်။ ပင်းပင်းသည် မိဖုရားကြီး လက်သပ်မွေးထားသော လူယုံဖြစ်သည်။ စာဂိရိကို အနီးကပ်လုပ်ကြံရန် အနားလာနေသလားဟု တွေးကာ သေချာစောင့်ကြည့်ရန် တေးထားလိုက်သည်။

"အကိုတော် စာဂိရိတို့နဲ့ တောကစားထွက်ရအောင် နော်။"
တင်ဂီရိက စာဂိရိကို လှမ်းကြည့်ကာ
"ထိမိုယွမ်ကို လိုက်ပို့ခိုင်းလိုက်လေ။ အကိုတော် မအားဘူး။ ကလေးတွေကို သင်ပေးစရာရှိတယ်။"
စာဂိရိက နူတ်ခမ်းစူလိုက်သည်။
"မရဘူး။ အကိုတော်က စာဂိရိကို ပစ်ထားတာကြာပြီ။ သူလည်းပါမယ်။ စာဂိရိက လက်မထပ်ခင် အကိုတော် နှစ်ယောက်နဲ့ လွတ်လွတ်လပ်လပ် သွားချင်တာ။ လက်ထပ်ပြီးရင် ထွက်လို့ ရချင်မှရ တော့မှာ။ နော်... အကိုတော်..စာဂိရိကို လိုက်ပို့မယ်မဟုတ်လား။ အကိုတော့် အတန်းကို ဆရာနိုရုန်း က၀င်ပေးထားမယ်တဲ့။"
တင်ဂီရိသည် မိမိကို လာချွဲနေသော စာဂိရိကို နားငြိီးသဖြင့် ခေါင်းမြန်မြန်ညိမ့်လိုက်သည်။
"ကောင်းပြီလေ။ ဘယ်တော့လဲ။"
"ဒီညနေ..စာဂိရိနဲ့ မြင်းစောင်းမှာ ဆုံမယ်နော်။ အကိုတော် လာဖြစ်အောင် လာနော်။ မလာရင် စာဂိရိ စိတ်ဆိုးမှာ။"
"အေးပါကွာ။ လာပါ့မယ်။ ခုတလော စာဂိရိ အတော်အားနေတယ် ဟုတ်လား။ ကိုယ့်ဖာသာ ဖတ်စာ မဖတ်ပဲ အကိုတော်ကို လာရှုပ်နေတယ်။"
"ဟင့်အင်း ..စာဂိရိက အကိုတော်ကို လက်ဆောင်ပေးစရာရှိလို့ စီစဉ်ထားတာနော်။ မလာရင် ခမည်းတော်ကို တိုင်မှာ။ အကိုတော်က စာဂိရိကို စိတ်ဆင်းရဲအောင်လုပ်တယ်ဆိုပြီး.."
တင်ဂီရိသည် စာဂိရိ၏ ခေါင်းလေးကို မနာအောင်ထုလိုက်ပြီး
"လာပါ့မယ် သခင်မရယ်။ ခမည်းတော်ကို သွားပြောမနေနဲ့။ တကယ်ထင်ပြီး အကိုတော်ကို ဆူနေမယ်။ မနိုင်ဘူး။ ဒီညီမတစ်ယောက်ကို။"
စာဂိရိ ပျော်ပြီးပြန်လာခဲ့သည်။ စာဂိရိပျော်နေချိန်တွင် ပင်းပင်းမှာ အကြပ်အတည်းကြားမှ စိတ်ဆင်းရဲ နေရသည်။ အရီးတော်ထံမှ လူတစ်ဦးရောက်လာပြီး မြင်းစီးထွက်ချိန်တွင် စာဂိရိကို မြင်းပေါ်မှ ပြုတ်ကျ အောင်လုပ်စေသည်။

"စာဂိရိ မြင်းပေါ်က ပြုတ်ကျတဲ့သတင်းမရရင် မင်း မယ်တော်ကိုမြေအောက် အကျဉ်းထောင်ကို ပို့ ပစ် လိုက်မယ်။ သခင်မဘုရားက သတင်းကောင်းကို စောင့်နေမယ်လို့ မှာလိုက်တယ်။ မှာထားတာ ကိုမမေ့ပါနဲ့။ သတ်မှတ်ထားတဲ့နေရာကို စာဂိရိပါလာအောင် သွေးဆောင်ပြီး ခေါ်ခဲ့ပါ. "

ပင်းပင်းသည် မယ်တော်ကို ဓါးစာခံလုပ်သည်ကို ငြိမ်ခံနေသော ခမည်းတော်ကို စိတ်နာမိသည်။ အိုမင်းကာ အလှတရားတို့ ယုတ်လျော့သွားသော မယ်မယ့်ကို ချောင်ထိုးထားတာ ကြာပြိဆိုတော့ မယ်မယ့် သေရေး၊ရှင်ရေးကို ခမည်းတော် ကရုမစိုက်တော့ဘူးထင်သည်။ ပင်းပင်းသည် မယ်မယ်နှင့် စာဂိရိ ကြားဗျာများကာ သောကပွားနေရသည်။
"မယ်တော် တခုခုဖြစ်ရင် အစ်မတော်ကြောင့်ပဲနော်။ အစ်မတော်ကို မယ်တော်က အရမ်းချစ်ခဲ့တာ။ အာနန်မင်းသမီးကြောင့် မယ်တော့် အသက်ကို အစ်မတော် အဆုံးခံတော့မှာလား။"
အန်းအန်းက ပင်းပင်းကို ပြောလာသည်ကို ပင်းပင်း ဘာမှပြန်မဖြေနိုင်ခဲ့ပါ။ ပင်းပင်းသက်ပြင်းချလိုက် ပြီး အန်းအန်းကို ခတ်ဆတ်ဆတ်ပြောလိုက်သည်။

"ဘာလုပ်ရမယ်ဆိုတာ ငါသိတယ် အန်းအန်း။ နင်ဘာမှ လာပြောစရာမလိုဘူး။ မယ်မယ့်ကို နင်ခေါ် ထုတ် သွားတယ်ဆိုတာငါသိပြီးသား။ မယ်မယ်ကနင့်ကို သမီးရင်းလိုချစ်ပြီး ကျွေးမွေး ခဲ့တာတောင် နင်က မယ်မယ့်ကို ဒုက္ခပေးရက်တယ်နော်။ ငါ နင့်ကို တကယ်စိတ်ပျက်သွားပြီ အန်းအန်း။"
အန်းအန်းက ပမာမခန့်ပြုံးကာ
"မယ်မယ်ကခမည်းတော်ကို မလွန်ဆန်နိုင်လို့သာ ငါ့ကို ပြုစုပေးခဲ့တာပါ။နင်နဲ့ယှဉ်ရင် ငါ့ကို ဘယ် တော့မှ ငါ့ကို မျက်နှာသာမပေးခဲ့ဘူး။ ငါ့ကိုဆို အမြဲနင်နဲ့နှိုင်းပြီး အပြစ်ပြောခဲ့တယ်။ နင်တို့ သားအမိ ငါ့ကို မုန်းတယ်ဆိုတာ ငါသိတယ်။ ငါ ဒါတွေအားလုံးကို မေ့မယ်လို့နင်ထင်နေလို့လား။ နင်မရှိရင် ဒါတွေအားလုံးက ငါရမယ့်အရာတွေချည်းပဲ။ နင် စာဂိရိကို မလုပ်ကြံနိုင်ရင်လည်း ကောင်းတယ်။ ငါ့ အတွက် တစ်ရန်အေးတယ်။ နင်တို့ သားအမိ အသတ်ခံရတာ ငါပျော်ပျော်ကြီးကြည့်နေမယ်။"
အန်းအန်းက ပင်းပင်းကို မခံချင်အောင်ပြောကာ ထွက်သွားသည်ကို ကြည့်ရင်းပင်းပင်း အံကြိတ်ထား မိသည်။
"မယ်မယ်.... သမီးဘယ်လိုလုပ်ရမလဲ မယ်မယ်။"
ပင်းပင်း ကြံရာမရ ရေရွတ်ရင်း မျက်ရည်ကျနေသည်ကို လူတစ်ဦးက စောင့်ကြည့်နေသည်။

ညနေပိုင်းတွင် ပင်းပင်း ဖြီးလိမ်းပြင်ဆင်ကာ စာဂိရိလာခေါ်သည်ကို စောင့်နေလိုက်သည်။ စာဂိရိက ပင်းပင်း နှင့်အတူ မြင်းဇောင်းသို့ထွက်လာခဲ့သည်။
"ပင်းပင်း မျက်နှာညိုးနေပါလား။ နေမကောင်းလို့လားဟင်။ သွားလို့ဖြစ်မလား။"
စာဂိရိက ပင်းပင်း၏ နဖူးလေးကို စမ်းကာ မေးလိုက်သည်။ ပင်းပင်းသည် ၀ဲလာချင်သည့် မျက်ရည်ကို သိမ်းကာ ပြုံးလိုက်ပြီး
"ကောင်းပါတယ်။ စာဂိရိ ပင်းပင်းကို အရမ်းခင်တာသိတော့ ပင်းပင်း ၀မ်းသာလို့ပါ။ ပင်းပင်းမှာ ရင်းနှီးတဲ့ သူငယ်ချင်းမရှိခဲ့ဖူးလို့ပါ။"
စာဂိရိက ပင်းပင်းကို ဖက်ထားလိုက်ပြီး
"ပင်းပင်းရယ် နောင်ဆို စာဂိရိတို့က သူငယ်ချင်းကောင်းသာမကဘူး ယောက်မကောင်းတွေ ဖြစ်ကြ တော့မှာနော်။ အကိုတော်နဲ့ အဆင်ပြေသွားရင် စာဂိရိကို အနိုင်မကျင့်နဲ့နော်။"

ပင်းပင်းက ရှက်ရယ်ရယ်လိုက်ပြီး "အို...စာဂိရိကလည်း။ အကိုတော် က ပင်းပင်းလို ရုပ်ဆိုးတဲ့သူကို ဘယ်လို သဘောကျမှာလဲ။ အာနန်က မိန်းကလေးတွေက နတ်သမီးလေးတွေလို လှတယ်ဆို။ "
စာဂိရိက ချစ်စနိုးဖြင့် ပင်းပင်း၏ ပါးပြင်းကို နမ်းလိုက်ပြီး တိုးတိုးပြောလိုက်သည်။
"သူတို့ဖာသာနတ်သမီးလေးလို လှချင်လှမယ်။ ဒါပေမယ့် ရှက်သွေးဖြာနေတဲ့ ပင်းပင်းလောက် စွဲဆောင်မှုမရှိဘူး ဆိုတာ စာဂိရိ အာမခံတယ်။ အကိုတော်သာ မြင်ရင် ပင်းပင်းကို သဘောကျသွား မှာပဲ။"
ပင်းပင်း ရှက်ကာ မျက်နှာတပြင်လုံးရဲနေတော့သည်။ စာဂိရိက အူယားကာ ပါးနှစ်ဖက်ကို နမ်းလိုက် စဉ် တင်ဂီရိ တွေ့သွားပြီး လေသံမာမာဖြင့် အော်လိုက်သည်။
"စာဂိရိ ...ဒါ ဘာလုပ်နေတာလဲ။ လူမြင်ကွင်းမှာ....."

~ ဆက်ရန်


ပန်းပွင့်သတို့သမီးWhere stories live. Discover now