ပန်းပွင့်သတို့သမီးအပိုင်း (၄)

2.6K 201 1
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၄)

ထိမိုယွမ်သည် စာဂိရိကိုယ်လေးကို နေရာအနံှ့ အနမ်းပေး လိုက်သည်။ စာဂိရိသည် မိမိလည်ပင်းများကို ပြင်းပြသော အနမ်းပေးနေသော ထိမိုယွမ်၏ လက်မှ ရုန်းမရပဲ သူပြုသမျှ နူရလေတော့သဖြင့် ဒေါသမျက်ရည်ဝဲ ကာ ရန်တွေ့၏။
'အရှင်မင်းသား ... ယောကျ်ားလေးကိုတောင် မရှောင်နိုင်အောင် ဘာကြောင့် အရှက်မဲ့ရတာပါလဲ ... ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော် မကြိုက်ဘူး။ လွှတ်ပါ။ '

'အရှက်မဲ့တယ် ... ဟုတ်လား ... မင်းကို နမ်းတာ အရှက်မဲ့တာလား စာဂိရိ ...'

'ယောကျ်ားလေးအချင်းချင်း နမ်းတာ အရှက်မဲ့တာ မဟုတ်လို့ ဘာလဲ ... '

'မင်းမှားသွားပြီ။ နမ်းတာက အရှက်မဲ့တာ မဟုတ်ဘူး။ ကျူပ်က ရိုးသားတာ။ ကျူပ်ချစ်တဲ့သူကို နမ်းတာ၊ ချစ်တာ ဘာဖြစ်လဲ။ ကျုပ်က မင်းကို အပျော်ကြံတာ မဟုတ်ဘူး ။ မင်းကို ကျူပ် လက်ထပ်ဖို့ အတွက်ရည်ရွယ် တာ။ မင်းကို နမ်းရုံမကဘူး။ ကျုပ်က ချစ်မှာ ... ။ မင်းကို ကျူပ်ပြုစုပေးတာ မကြိုက်ဘူးလို့ မပြောပါနဲ့။ ရိုးရိုးသားသား ဝန်ခံလိုက်စမ်းပါ။ မင်းလည်း ကျူပ်အပြုအစုကို ကြိုက်တယ်ဆိုတာ။ ကျူပ်မင်းကို သက်သေပြမယ်'

'ဟင့်အင်း .. ဘယ်တော့မှ .. မကြိုက်ဘူး။ ဒီလို ယောကျ်ားချင်းကြိုက်တဲ့ အရှက်မဲ့တဲ့ အချစ်.... ကျွန်တော် ဘယ်တော့မှ မကြိုက်ဘူး။'

'မင်းကို အလုပ်နဲ့ သက်သေပြရုံပေါ့ ...ကဲ .... '

ထိမိုယွမ်သည် ခါးခါးသီးသီး ငြင်းနေသော စာဂိရိကို အတင်းချူပ်ကာ အချစ်ထဲပျော်ဝင်လာအောင် ပညာစုံပြ တော့သည်။
စာဂိရိသည် ထိမိုယွမ်၏ ရင်ခွင်အောက်ဝယ် ချုပ်မိပြီး သူ၏ အချစ်သင်ခန်းစာကို အတင်းသင်ကြားပေးခြင်းခံရ တော့သည်။ စာဂိရိ အတင်းငြင်းဆန်သည့်ကြားမှ သူ၏ လှုံ့ဆော်မှူကြောင့် စာဂိရိ တကိုယ်လုံး မီးလိုပူလာ၏။ နောက်ဆုံး မထိန်းနိုင်တော့ပဲ ညည်းသံထွက်လာမိသည်။ ထိမိုယွမ်၏ ပညာအောက်ဝယ် စာဂိရိ၏ ကိုယ်က အသိဉာဏ်ကို အနိုင်ယူသွားလေပြီ။ သူ၏ ကျွမ်းကျင်သော အထိအတွေ့ဝယ် စာဂိရိ မျှောပါသွားတော့ လေသည်။
ထိမိုယွမ်သည် အထွတ်အထိပ်ရောက်သွားပြီး မောဟိုက်စွာ အသက်ရှူနေသော စာဂိရိကို ပြုံးကြည့်ကာ

'မင်း ခံစားလွယ်သားပဲ စာဂိရိ ... မင်း ဘယ်လောက်ပဲ ငြင်းငြင်း မင်းရဲ့ ကိုယ်က ကိုယ့်အတွေ့ကို သဘောကျ နေပါပြီ။ ကျူပ်က မင်းရဲ့ ပထမဆုံးဖြစ်ရတာ ဂုဏ်ယူပါတယ်။ '

စာဂိရိသည် ထိမိုယွမ် ပြောသည်များကိုကြားသော် မျက်ရည်များပင် စီးကျလာသည်အထိ ရှက်ရွံစွာခံစားရ၏။

'ဘာကြောင့် ဒီလို အရှက်မဲ့တဲ့ အရာကို လုပ်ရက်တာလဲ အရှင့်သား ... အရှင့်အတွက် အကိုတော်က မိန်းမလှ မျိုးစုံကို ပေးထားရက်နဲ့ ဘာကြောင့် ဒီလို .... ကျွန်တော့်ကို လုပ်ရတာလဲ....'

ထိမိုယွမ်သည် စာဂိရိ ငိုရှိူက်သည်ကို စိတ်မကောင်းသော်လည်း သူ့ကို လိုချင်စိတ်က လွှမ်းမိုးသွားလေပြီ။ ယခု စာဂိရိ ကိုမှ မိမိမရလျှင် ခက်ခဲစွာ စစ်ခင်းယူလျှင်ပင် ရဖို့မလွယ်တော့ပေ။

'စာဂိရိ ... လူလူချင်း ချစ်တာ ရှက်စရာမဟုတ်ဘူး။ အချစ်က အမြဲတမ်းလှပပါတယ်.. မင်းလည်း ကျူပ် အပြုစု ကို ကြိုက်ပါတယ်... မင်း စိတ်ကို မလှည့်ဖြားပါနဲ့တော့ .. စာဂိရိ။ရိုးသားတာ ယောကျ်ားကောင်းတို့ အပြုအမူ ပါ ... '

'ကျွန်တော့်ကို ယောကျ်ားလို့ သဘောထားရင် ရှေ့မဆက်ပါနဲ့တော့ အရှင့်သား .. ကျွန်တော့်ကို လွှတ်ပေးပါတော့'

ထိမိုယွမ်သည် ငိုရှိုက်နေသော ကောင်လေးကို အပေါ်မှ စီးမိုးကြည့်ကာ

'မင်းယောကျ်ားလေးပဲ ဖြစ်ဖြစ်၊ ဘာကောင်ပဲ ဖြစ်ဖြစ် မင်းအလှက တစ်စက်မှ လျော့မသွားဘူး။ မင်းကို ကျူပ်ချစ်တယ် စာဂိရိ ... ယောကျ်ားလေး ဖြစ်ပေမယ့် နတ်သမီးလေးလို လှတဲ့မင်းကို အခုမှ ကိုယ်ပိုစိတ်ဝင်စား သွားတာ. ကျူပ်ကမင်းကို အနမ်းပေးရုံပဲ လာခဲ့တာ။ မင်းက ယောကျ်ားလေးဆိုတာ သိရတော့ မင်းကို ကျူပ်ပိုင်ချင်သွားပြီ။ မင်းက ကျူပ်ချစ်သူပဲ ဖြစ်ရမယ် စာဂိရိ ... ဒီနေ့ကစပြီး မင်းက ကျူပ် တစ်ဦးတည်းရဲ့ ချစ်သူ ဆိုတာ မမေ့ပါနဲ့..'

'ကျွန်တော်က ယောကျ်ားလေးပါ။ ဘယ်လိုလုပ် အရှင့် ချစ်သူဖြစ်နိုင်မှာလဲ ... '

စာဂိရိ မျက်ရည်စများဖြင့် မော့ကြည့်ကာ ခေါင်းမာစွာ ငြင်း၏။ ထိမိုယွမ်က ညစ်ကျယ်ကျယ်ပြုံးကာ

'ဒါဆို မင်းတို့တိုင်းပြည်က ယောက်ျားလေးကို မိန်းကလေးလုပ်ပြီး အတိုင်းတိုင်းအပြည်ပြည်ကို လိမ်ထားတာ ဖော်ထုတ်လိုက်ရုံပေါ့ ... မင်းလည်း ယောကျ်ားဘ၀ ပြန်ရသွားတာပေါ့ မဟုတ်လား ...'

'ဟင့်အင်း ... မလုပ်ပါနဲ့ .... ခမည်းတော်က တမင်လိမ်ထားတာ မဟုတ်ဘူး ... မပြောပါနဲ့ ...'
စာဂိရိ မျက်နှာဖွေးဖွေးဖြူသွားသည်အထိ ထိတ်လန့်သွားသည်ကို ကြည့်ကာ မိမိအကြံ အောင်မြင်ပြီဆိုတာ ထိမိုယွမ် သိလိုက်လေပြီ။
'ကောင်းပြီ .. ဒါဆိုရင် ကျုပ်အချစ်ကို မင်းလက်ခံပါ။ မင်းကို ကျူပ်ချစ်သူ အဖြစ်လိုချင်တယ် ...စာဂိရိ ..'

စာဂိရိသည် မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ငိုရှိုက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။
ထိမိုယွမ်သည် စာဂိရိ၏ နားရွက်လေးကို အသာနမ်းကာ မေးလိုက်သည်။
'ဘယ်လိုလည်း စာဂိရိ မောင်တော့် အချစ်ကို လက်ခံပြီလား ....အချစ်လေး ...'
'ခမည်းတော်နဲ့ အကိုတော်ကို ဒုက္ခ မပေးပါနဲ့ .... '
'စိတ်ချပါ ... ယောက္ခမနဲ့ ယောက်ဖတော်ကို ကိုယ် ဒုက္ခ မပေးပါဘူး။ စာဂိရိသာ ကိုယ့်အချစ်ကို လက်ခံပါ'

စာဂိရိ မျက်ရည်ကြားမှ ခေါင်းငြိမ့်လိုက်သည်။ ထိမိုယွမ်သည် အချိန်မဖြုန်းတော့ပဲ စာဂိရိကို အချစ်တိုင်းပြည်ထဲ သို့ချက်ချင်းခေါ်သွားတော့သည်။ စာဂိရိသည် ထိတ်လန့်ခြောက်ခြားစွာဖြင့် ပထမဆုံး အချစ်တိုင်းပြည်ထဲသို့ ရောက်ဖူးသွားတော့သည်။ တစ်ညလုံး မူးမူးမေ့မေ့ဖြင့် မိမိ တစ်ခါမှ မတွေးတောဖူးသော အနေထားမျိုးစုံ ဖြင့် ထိမိုယွမ် ခေါ်ဆောင်ရာသို့ လိုက်ပါသွားရတော့သည်။ နာကျင်မှူ၊ ရှက်ရွံမှူ တို့ဖြင့် မျက်ရည်ကိုသာ အဖော်ပြုနေ ပြီး နောက်ဆုံး ထိမိုယွမ်၏ ရင်ခွင်ထဲအိပ်ပျော်သွားတော့သည်။ မကြာခင် ဘဝမှန်ကို ပြန်ရမည့် အခွင့်အရေး လည်း နေလာနှင်းပမာ လုံး၀ ပျောက်ကွယ်သွားလေပြီ။ ထိမိုယွမ် မင်းသား ကို ဘာကြောင့်သတိထားဖို့မှာ သည်ကိုလည်း ဘဝကို ရင်းပြီးမှ စာဂိရိ သိသွားလေပြီ။
စာဂိရိသည် ထိမိုယွမ်၏ ရင်ခွင်အောက်တွင် အကြိမ်ကြိမ်ကျရှူုံးကာ သတိလက်လွတ် အိပ်ပျော်သွားလေပြီ။

ထိမိုယွမ်သည် စာဂိရိကို ကြင်နာစွာထွေးပွေ့ကာ နံဘေးတွင်ကိုယ်ချင်းထိကပ်ကာ ငြိမ်းချမ်းစွာ အိပ်ပျော်သွား တော့သည်။ ကံကောင်းထောက်မစွာဖြင့် အာနန်ပြည်၏ လျိူ့ဝှက်ချက်ကို သိရိကာ စာဂိရိကို မိမိ ရအောင်ယူ နိုင်ခဲ့လေပြီ။ မာယာကိုမသိ၊ ရိုးသားစွာကြီးပြင်းလာသော အာနန်ပြည်၏ အလှရတနာကို မိမိ တိုင်းပြည်သို့ ရအောင်ယူနိုင်တော့မည်။ ထိမိုယွမ်သည် စာဂိရိကို ကြည့်ကာ ချစ်စိတ်တို့ယိုဖိတ်လာတော့သည်။

'ချစ်တယ်။ စာဂိရိ ရယ်... မင်းကို ပိုင်ဆိုင်ခွင့် မရရင် ကိုယ်တော့ရူးတော့မှာပဲ ...'

ထိမိုယွမ်သည် ငိုရင်းအိပ်ပျော်သွားသော စာဂိရိ၏ နားနားကပ်ကာ တိုးတိုးပြောနေမိသည်။ သေးသွယ်သော ကိုယ်လေးကို ထွေးပွေ့ရင်း မိမိလည်း စိတ်အေးချမ်းစွာ အိပ်ပျော်သွာတော့သည်။

ထိမိုယွမ်သည် အပြင်မှ တိုခီဝါ၏ အသံကိုကြားသောအခါမှ စာဂိရိ၏ အိပ်ဆောင်မှ ထလာပြီး
'အထိန်းတော်ကြီး ... စာဂိရီနိုးလာရင် ကျူပ်သွားပြီလို့ပြောလိုက်ပါ။ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျ နေလို့ မနိုးတော့ဘူး။ သူ့ကို ကရုစိုက်ပေးပါ။ စာဂိရိက ကျူပ်ရဲ့ ချစ်သူဖြစ်သွားပြီ ...'

တိုခီဝါသည် ထိမိုယွမ်၏ စကားများးကိုကြားသော် မိမိ သခင်မလေး နှင့် ထိမိုယွမ်၏ အခြေအနေကို သိရှိကာ မျက်ရည်များဝဲတက်လာ၏။ ထိမိုယွမ်မင်းသားက မိမိသားကို အကြောင်းပြကာ မိမိကိုပထုတ်ပြီး စာဂိရိ သခင်လေးကို ရအောင်ယူသွားလေပြီ။

ထိမိုယွမ် ထွက်သွားတော့ စာဂိရိ သခင်လေးကို ဝင်ကြည့်လိုက်သည် ။ စာဂိရိ သခင်လေးသည် ခြုံစောင် အောက်တွင် သတိလက်လွတ် အိပ်ပျော်နေသည်ကို တွေ့သော် တိုခီဝါ မျက်ရည်ကျကာ သခင်လေးနိုး လာလျှင် ရေချိုးရအောင် ကြိုတင်ပြင်ဆင်ထား၏။ မိမိ၏ အားနည်းချက်ကို အမိအရသုံးပြီး အာနန်ပြည်၏ အလှရတနာကို ထိမိုယွမ် ရအောင်ခိုးယူသွားလေပြီ။ မိမိ သခင်လေး မည်မျှကြောက်ရွံနေမည်ကို တွေးပင် မတွေးဝံ့အောင် ဖြစ်မိသည်။ အိမ်ရှေ့စံနှင့် မင်းတရားကြီးသာ သိသွားလျှင် မိမိ အသတ်ခံရနိုင်သည်။ တိုခီဝါသည် သခင်လေးအတွက် တွေးကာ တရှူံ့ရှူံ့ငိုကြွေးနေမိသည်။

စာဂိရိ မည်မျှ အိပ်မောကျသွားသည် မသိတော့ပေ။ အိပ်ယာမှနိုးသောအခါ နေရောင်ပင် အတော်လင်းနေ လေပြီ။ ကိုယ်ကို လူးလွန့်လိုက်သည်နှင့် နာကျင်မှုကို အရင်ခံစားလိုက်ရသည်။ တကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေသည်။ အားမရှိသလို ခံစားနေရသည်။ စာဂိရိ ညက အဖြစ်ကို သတိရပြီး နံဘေးကို ကြည့်မိသောအခါ သူ မရှိတော့ပေ။ အိပ်ယာထက်တွင် မိမိ တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ စာဂိရိ ထထိုင်လိုက်ပြီး အဝတ်ကို တိတ်ဆိတ်စွာ ပြန်ဝတ်ပြီး အထိန်းတော်ကြီးကို ခေါ်လိုက်သည်။
'တိုခီဝါ ... တိုခီဝါ ...'

'သခင်မလေး ... ဖြစ်မှဖြစ်ရလေ ... တိုခီဝါ သေသင့်ပါတယ်။ တိုခီဝါ တာဝန်မကျေပွန်ခဲ့ဘူး ... '

စာဂိရိသည် တိုခီဝါ၏ ငိုသံကြားမှ မိမိကို သိုင်းဖက်ထားသည်ကို ခံရင်း တိုခီဝါ အားလုံးသိနေသည်ကို သတိပြုမိသည်။
'ထိမိုယွမ် မင်းသား နဲ့တွေ့သေးလား...'
'ဟုတ်ကဲ့ ... မင်းသားလေးက သခင်မလေး အိပ်မောကျနေတာ မနိုးနဲ့ဆိုလို့ တိုခီဝါ စောင့်နေတာပါ။ မင်းသားလေးက သခင်မလေးကို လာတွေ့ပါအုံးမယ်လို့ မှာသွားပါတယ် ...'

'အကိုတော်နဲ့ ခမည်းတော်ဘုရားတို့ သိသွားပြီလား ...'
'ဘယ်သူမှ မသိပါဘူး သခင်မလေး ...'
စာဂိရိ သက်ပြင်းရှိုက်ကာ အိပ်ယာထက်မှ ထလိုက်သည်။ နာကျင်မှူကြောင့် အနည်းငယ် ညည်းမိသည်။ တိုခီဝါသည် သခင်မလေးကို တွဲကာ ရေချိုးဆောင်သို့ ခေါ်သွားပေးသည်။ စာဂိရိသည် ရေနွေးထဲ တွင်စိမ်ရင်း တိုခီဝါ ကို တီးတိုးမှာ၏။
'တိုခီဝါ အကိုတော်တို့ကို မသိပါစေနဲ့ .... '
'သခင်မလေး .... '
စာဂိရိ မျက်ရည်စီးကျလာပြီး
'အကိုတော် တို့သိရင် ထိမိုယွမ်က ဒီလျှို့ဝှက်ချက်ကို အားလုံးသိအောင် ဖော်ထုတ်မယ်တဲ့'
'ဒါဆို ... သူက သခင်မလေးကို အကျပ်ကိုင်ထားတာပေါ့ ...'
စာဂိရိ ခေါင်းညိမ့်လိုက်စဉ် မျက်ရည်များက ပါးပြင်တလျှောက်စီးကျသွားတော့သည်။ တိုခီဝါသည် အလှကံထူး လှသောကြောင့် ခုနှစ်ပြည်ထောင် စစ်ခင်းပြီးယူရလောက်အောင်လှသော သခင်လေးကို ဝမ်းနည်းပက်လက်ဖြင့် ကြည့်ကာ
'အဲဒါ တိုခီဝါကြောင့် .... တိုခီဝါရဲ့ သားလေးနဲ့တွေ့ပေးမယ်ဆိုပြီး ထိမိုယွမ် မင်းသားက ကျွန်မကို ပထုတ်လိုက် ပြီး သခင်မလေးဆီကို လာခဲ့တာ ... ကျွန်မ မရှိလို့ သခင်မလေး .... ကျွန်မကို အပြစ်ပေးတော်မူပါ ...'

စာဂိရိသည် တိုခီဝါ၏ စကားကိုကြားသော်
'တိုခီဝါ ရဲ့သားနဲ့ တွေ့ခဲ့သေးလား ... သူ .. .သူူ... တိုခီဝါကို မှတ်မိရဲ့လား ...'
'ဘယ်မှတ်မိမှာလဲ သခင်မလေးရယ် ... သူ .. က အမေလို့တော့ ခေါ်တယ် ..ဒါပေမယ့် ရင်းရင်းနှီးနှီး မရှိဘူး '

စာဂိရိသည် မိမိ အဖြစ်ဆိုးကို မေ့သွားပြီး တိုခီဝါကို ပြန်လို့နှစ်သိမ့်ပေးနေသည်။
'စိတ်မပူပါနဲ့ တိုခီဝါရဲ့သားက တိုခီဝါကို ရင်းနှီးလာမှာပါ။ တော်ပါသေးရဲ့။ တိုခီဝါ တို့ သားအမိပြန် ဆုံရတာ '

'သခင်လေး သခင်လေး ကျွန်မကြောင့် ဒီလိုဖြစ်ရတာ ...'
'မဆိုင်ပါဘူး တိုခီဝါ။ သူက ဉာဏ်များပြီး လိုချင်တာ ရအောင်ယူတတ်တဲ့သူ ... သူက အကိုတော်ပြောသလိုပဲ
ကြောက်စရာကောင်းတဲ့သူပါ။ စာဂိရိကို တွဲပေးပါဦး။ ရေချိုးချင်တယ် ...'

တိုခီဝါသည် စာဂိရိ၏ ကိုယ်လေးကို တွဲကာ ရေကန်ထဲချပေး၏။ နုနယ်လှသော သခင်လေးကိုယ်ပေါ်တွင် အညိုအမည်းများစွဲအောင် လုပ်ရက်သွားသော ထိမိုယွမ် မင်းသားကို ကျိန်ဆဲရင်း မျက်ရည်ကျမိသည်။
သခင်လေးကို အဝတ်စားကူဝတ်ပေးပြီး စားစရာများ ယူဆောင်ပေး၏။ ထို့နောက် သခင်လေးအတွက် ဆေးယူပေးကာ ကြင်နာစွာတိုက်ပေး၏။

စာဂိရိသည် ဆေးသောက်ပြီး တဖန်အိပ်ယာထက်တွင် လှဲကာ အနားယူနေသဖြင့် တိုခီဝါ အလိုက်တသိ အခန်း တံခါးစေ့ကာ ထွက်လာခဲ့သည်။ တိုခီဝါ ထွက်သွားမှ စာဂိရိ စိတ်လျှော့လိုက်ပြီး မျက်ရည်များစီးကျလာပြီး နောက်ဆုံး မောမောနှင့် အိပ်ပျော်သွားတော့သည်။

ထိမိုယွမ်သည် ထိုအချိန်မှ အိပ်ယာမှ နိုးလာပြီး ကျေနပ်စွာဖြင့် အိပ်ယာထက်တွင် လှဲကာ ညက မိမိအောင်ပွဲကို ပြန်ပြီး စားမြုန့်ပြန်ပြီး ပြုံးနေမိသည်။ စာဂိရိ၏ အလှ နှင့် သူလေး၏ အမူအယာကို တစ်ခုချင်းပြန်တွေးကာ ချစ်စိတ်များ တဖွားဖွားပေါ်လာပြန်တော့သည်။

ပါရှားမင်းသားတို့နှင့် ပေါင်းကာ လောကစည်းစိမ်ကို အထွတ်ထိပ်ရောက်အောင် ရှာဖွေခဲ့သူပီပီ ထိမိုယွမ်၏ ဘဝတွင် ယောကျ်ားနှင့်ရော၊ မိန်းမနှင့်ရော ပျော်ပါးခဲ့ဖူးသည်။ ထို့ကြောင့် ညက စာဂိရိကို ယောကျ်ားမှန်း သိသည့်တိုင် ရှေ့ဆက်တိုးခဲ့ခြင်းဖြစ်သည်။ မိမိပျော်ပါးခဲ့သော ကြေးစားကောင်လေးများနှင့် မတူ သန့်စင်လွန်း သော အလှနတ်သားလေး၏ အသွေးအသားကို စားသုံးခဲ့ရပြီး စာဂိရိ၏ အထိအတွေ့တွင် မိမိစွဲလန်းလို့နေပြီ။

'ဟား ... ချစ်လိုက်တာကွာ ... စာဂိရိ ရာ .. မင်းကို ပိုင်ဆိုင်ချင်လှပြီ ...'

ထိမိုယွမ်သည် စာဂိရိ၏ ကိုယ်သင်းနံ့တို့ထုံမွှေးသော အကျီ ၤကို မျက်နှာပေါ်ဖုံးအုပ်ကာ တဝရှူရင်း ညက အဖြစ်ကို ပြန်တွေးနေသည်။
ညက စာဂိရိကို နမ်းရှိုက်ကာ မိမိကို စွဲအောင် လုပ်ရုံရည်ရွယ်ခဲ့ပြီး တိုခီဝါ ထွက်သွားသည်နှင့် အဆောင်ထဲ ခိုးဝင်ခဲ့သည်။ ထိုအချိန်တွင် အပြင်တွင် မိုးသည်းသည်ထက်သည်းလာခဲ့သည်။ လျှပ်စီးများလည်း လက်ကာ မိုးခြိမ်းသံကြောင့် တလောကလုံး ဘာမှ မကြားရလောက်အောင်ဖြစ်နေသည်။ အပျိုတော်များကလည်း အိပ်မောကျနေလေပြီ။
စာဂိရိ၏ အခန်းထဲတွင်သာ မီးရောင်လင်းနေပြီး စာဖတ်နေ၏။ ထိမိုယွမ် တံခါးဖွင့်ဝင်လာပြီး တံခါးကို ပြန်အပိတ် အသံမြည်သွားသဖြင့် စာဂိရိ အသံပြုကာ အခန်းပြင်သို့ထွက်လာခဲ့သည်။ မိမိနားအရောက် ထိမိုယွမ် စိတ်မထိန်း နိုင်တော့ပဲ သူမလေးကို အနောက်မှ သိုင်းဖက်ကာ ပါးလေးကို ဘယ်ပြန်ညာပြန် နမ်းလိုက်၏။

'ဘယ်သူလဲ ...'
'ကျူပ်ပါ ... စာဂိရိ ... ထိမိုယွမ်ပါ ...'

ထိမိုယွမ် သည် စာဂိရိ၏ အမေးကိုပြန်ဖြေရင်း လည်တိုင်လေးကိုပါ ငုံနမ်းလိုက်ပြန်သည်။ စာဂိရိ၏ သင်းသော ကိုယ်နံ့က မိမိ စိတ်ကိုလွတ်ထွက်အောင်လုပ်နေသလိုပင်။
'အရှင်မင်းသား ... ဘာကြောင့် ကျွန်မ အဆောင်ကို ညအချိန်မတော် လာရတာပါလဲ ... '

ထိမိုယွမ်သည် မီးရောင်မှိန်မှိန်ကြားမှ အလှကြီးလှနေသော စာဂိရိ၏ ပကတိ အကာအကွယ်မဲ့မျက်နှာလေးကို ရွှမ်းရွှမ်းစားစားကြည့်ကာ နူးညံ့စွာပြောလိုက်သည်။
'စာဂိရိ ရဲ့ မျက်နှာလှလှလေးကို တွေ့ဖူးချင်လို့ ... ပြီးတော့ စာဂိရိ ဆီက အဖြေကို လိုချင်လို့ လာခဲ့တာ ... ကျူပ်လာရကြိုးနပ်သွားပါပြီ... ဘယ်သူမှ မမြင်ဖူးတဲ့ စာဂိရိ ရဲ့ အလှကို ကျူပ်မြင်ခွင့်ရသွားပြီ။ မင်းက ကျူပ် ထင်ထားတာ ထက်ကို လှတာပဲ။ မင်းကို ကျူပ်ရအောင်ယူမှ ဖြစ်တော့မယ်... စာဂိရိ ...'

စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် နောက်သို့ တရွေ့ရွေ့တိုးလာရင်း အိပ်ခန်းထဲသို့ ရောက်လာလေပြီ။
လေအဝှေ့တွင် ထိမိုယွမ်ထံမှ အရက်နံ့ကိုလည်း ရလိုက်သဖြင့် သူ မူးနေသည်ကို သိကာ အနည်းငယ်ကြောက် သွားသည်။
'အသင်မင်းသား .... ညအချိန် ယောကျ်ားနဲ့ မိန်းမ အတူရှိတာ မသင့်တော်ပါဘူး .... မနက်မှ ပြန်လာခဲ့ပါ။ စာဂိရိ အသင်မင်းသားရဲ့ စကားကို ပြန်စဉ်းစားပေးပါ့မယ် ... '

ထိမိုယွမ်သည် စာဂိရိ၏ စကားကို သဘောကျစွာရယ်မောကာ
'စာဂိရိလေး ... ကျူပ်ကို စကားနဲ့ အချိုမသပ်ပါနဲ့တော့လားကွယ် ... ကျူပ်က ဒီည စာဂိရိရဲ့ အချစ်ကိုမှ မရရင် မပြန်ဘူး ... '
စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် သူ့ရည်ရွယ်ချက်ကို သိသွားလေပြီ. ထို့ကြောင့် ပြတင်းတံခါးဆီပြေးကာ အပြင်မှ ရဲမတ်များကို အော်ခေါ်ရန် ကြိုးစားလိုက်သည်။ စာဂိရိ၏ ရည်ရွယ်ချက်ကို သိထားသည့်အလား ထိမိုယွမ်က စာဂိရိ၏ ကိုယ်လေးကို လမ်းမှဖြတ်တားကာ ပွေ့ချီပြီး ခုတင်ပေါ်လှဲချလိုက်သည်။
'ဒီလောက် အပင်ပန်းမခံပါနဲ့ကွယ် ... အပြင်မှာ မိုးတွေ ဒီလောက်ရွာနေတာ စာဂိရိရဲ့ အသံကို ဘယ်သူမှ ကြားမှာ မဟုတ်ဘူး။ မင်းကို နူတ်ဆက် အနမ်းလေးပေးချင်လို့ပါ။'

စာဂိရိသည် သူ့ရင်ခွင်အောက်တွင်ရောက်ပြီး ရုန်းမရအောင်ချူပ်ထားခြင်းခံရသည်. မီးရောင်အောက်တွင် အရက်နံ့မွှန်ကာ စူးရဲစွာ စိုက်ကြည့်နေသော ထိမိုယွမ် မင်းသား၏ မျက်နှာကို အနီးကပ်တွေ့လိုက်ရသည်။ သူသည် အကိုတော်ပြောသလို လိုချင်တာကို မည်သူ့မျက်နှာမှမထောက်ပဲ အရယူမည့်သူဖြစ်သည်ကို သိလိုက်စဉ် စာဂိရိ ကြောက်သွား၏။
'လွှတ် ... လွှတ် ... စာဂိရိ ကိ ုလွှတ်... '

ထိမိုယွမ်သည် အတင်းငြင်းဆန်နေသော မိန်းမလှလေးကို ပြုံးကြည့်ကာ မချင့်မရဲဖြင့် ပြောလိုက်မိသည်။ တကယ်တော့ စာဂိရိကို မိမိ သိမ်းပိုက်ဖို့မရည်ရွယ်ပါ။ သူမ အကြောက်လွန်နေသည်ကို စလိုက်ခြင်းဖြစ်သည်။
'မင်း ဘာကြောင့် ကိုယ့်ကို ဒီလောက် ခါးခါးသီးသီးဖြစ်နေတာလဲ စာဂိရိ ... ကျူပ်လို နန်ကျောင် အိမ်ရှေ့မင်းသားကို ငြင်းတာ မင်းတစ်ယောက်တည်းရှိတယ်။ မင်းကို ကျူပ် တကယ် သဘောကျတာပါ။ မင်းကို ကျူပ် မိဖုရားခေါင် မြှောက်မှာပါ။ ဒါကြောင့် အသာတကြည်ပဲ ကျူပ်အလိုကို လိုက်လျောလိုက်ပါ။ မင်းကို ကျူပ် အချစ်အကြောင်းသင်ပေးမလို့ပါ။ '

သူ့စကားများကြောင့် စာဂိရိ ပိုကြောက်သွား၏။
'ဟင့်အင်း .. .အသင်မင်းသား... ကျွန်မကို လွှတ်ပေးပါ။ အကိုတော့် မျက်နှာကို ထောက်ပါအုံး။ ဒီလိုမျိုး မိန်းမ တစ်ယောက်ကို အနိုင်ကျင့်တာ ယောကျ်ားကောင်းတို့ အပြုအမူ မဟုတ်ပါဘူး။ ကျွန်မကို လွှတ်ပါ'

'ယောကျ်ားကောင်းဆိုတာ သူလိုချင်တာကို ရအောင်ယူတတ်ရတယ် ဆိုတာ မင်းလို အားနွဲ့တဲ့မိန်းကလေးက ဘယ်လိုသိမှာလဲ ... မပူပါနဲ့ ... ကျူပ် မင်းကို ကြင်ကြင်နာနာ ချစ်မှာပါ။ ဒါကြောင့် အားကုန်မခံနဲ့တော့ ..... အလှလေး'
'ဟင့်အင်း ... တိုခီဝါ ...တိုခီဝါ ... မမတို့ .. လာကြပါဦး ...'

ထိမိုယွမ်သည် အသည်းအသန်း ငြင်းဆန်ပြီး အခြွေရံများကို အော်ခေါ်နေသော စာဂိရိ၏ အသံကို အနုနည်းဖြင့် ပိတ်ပေးလိုက်တော့သည်။ ထိမိုယွမ်သည် ပထမ စာဂိရိ ဆက်မအော် နိုင်ရန် နူတ်ခမ်းလေးကို ပိတ်လိုက်ခြင်း ဖြစ်သော်လည်း မကြုံဖူးအောင် အိထွေးသော နူတ်ခမ်းလေးက ထိမိုယွမ်ကို မရပ်နိုင်အောင်လုပ်လိုက်သလိုပင်။
နီမြန်းအိထွေးသော နူတ်ခမ်းလေးကို မွတ်မွတ်သိပ်သိပ် နှင့် အချိန်ကြာမြင့်စွာ နမ်းလိုက်မိသည်။ အတင်းထုရိုက် နေသော လက်လေးများကို ချူပ်ထားလိုက်သည်။

' မင်း ဒါ ပထမဆုံး အနမ်းခံတာ မဟုတ်လား။ မင်း မငြင်းပဲ ခံစားကြည့်လိုက်ပါ။ ကျူပ်မင်းကို ကောင်းအောင် လုပ်ပေးမှာပါ. ကျူပ်က မင်းကို အချစ်အကြောင်း အားလုံးသိအောင် သင်ပေးမလို့ပါ။ မငြင်းပါနဲ့တော့ စာဂိရိ'

ထိမိုယွမ်သည် စာဂိရိ၏ နူတ်ခမ်းနုနုလေးကို မြတ်နိုးစွာ စိုက်ကြည့်ကာ မိမိကို အနူတစ်ယောက်လို အတင်းငြင်း နေသော စာဂိရိကို နားမလည်နိုင်အောင်ဖြစ်မိသည်။ မိမိ အနမ်းကို ခံရစဉ် ရှက်သည်ထက် ခံပြင်းဒေါသထွက် နေဟန်က ထိမိုယွမ်၏ မာနက လှူံ့ဆော်နေသလိုပင်။ မိန်းကလေးတကာကို ညှို့နိုင်သည့် နာမည်ကြီး အနမ်းများက စာဂိရိလို အပျိုပေါက်မလေးကို မညှို့နိုင်တော့ဘူးတဲ့လား...။
စာဂိရိသည် သူ့ အနမ်းကြမ်းများမှ လွတ်သော် လေကို အလုအယက်ရှူနေရသဖြင့် စကားပြန်မပြောနိုင်သေးပေ။
သူ့စကားများအရ သူ မိမိကို အရယူမည်ဆိုလျှင် မိမိ တို့၏ လျှို့ဝှက်ချက်ပေါ်တော့မည်။ ထို့ကြောင့် စာဂိရိသည် သူစကားပြောစဉ် အတင်းတွန်းကာ ထွက်ပြေးရန်ကြိုးစားပြန်၏။

သို့သော် လက်မြန်သော ထိမိုယွမ်က လှမ်းဆွဲလိုက်ပြီး
'မင်းကို ကျူပ် အသာတကြည်ပြောတာ မရဘူးဆိုတော့ ကျူပ်ဆက်မပြောတော့ဘူး။ လက်တွေ့ပဲပြတော့မယ်'

ထိမိုယွမ်သည် စာဂိရိကို စကားဆိုခွင့်မပေးတော့ပဲ အချစ်သင်ခန်းစာများကို တစ်ခုပြီး တစ်ခုပို့ချနေတော့သည်။
စာဂိရိသည် သူ့အနမ်းကြမ်းများကြောင့် စကားဆိုမရသည့်အပြင် သူ့လက်များက မိမိ အဝတ်များကို ချွတ်နေ သဖြင့် ရုန်းကန်သော်လည်း ဘယ်လိုမှ တားမရပဲ သူပြုသမျှခံနေရသည်။ ဒီအတိုင်းဆိုလျှင်မိမိတ့ိုလျှို့ဝှက်ချက် ပေါ်တော့မည်ဟု တွေးမိစဉ် ထိမိုယွမ်၏ လက်အစုံက အဝတ်အောက်ကိုစမ်းမိသွား၏။ ထိမိုယွမ် အံ့အားသင့် ကာ စကားမဆိုနိုင်အောင်ဖြစ်သွားသည်။ သူမ အောက်ပိုင်းကို စမ်းမိသောအရာက မိမိကို တုန်လှူပ်သွားစေ သည်။ ဒါ့ကြောင့် စာဂိရိက မိမိကို အသည်းအသန်ငြင်းဆန်သည်ကို သိသွားတော့သည်။

'သွားပြီ .. သူ သိသွားပြီ ...'
စာဂိရိ တကိုယ်လုံးအေးစက် သွားမတတ် ထိတ်လန့်သွားတော့သည်။ ထိမိုယွမ်၏ မျက်နှာကိုပင် မကြည့်ဝံ့ အောင်ရှက်ရွံစွာ ဖြင့် မျက်လုံးကိုမှိတ်ထားလိုက်မိသည်။
ထိမိုယွမ်သည် မိမိ စမ်းမိသည်ကို မယုံကြည်နိုင်အောင်ဖြစ်မိသွားသည်။ အာနန်ပြည်၏ လျှို့ဝှက်ချက်က
ထိမိုယွမ်ကို ရုတ်တရက်စကားမဆိုနိုင်အောင် ဖြစ်မိသွားစေသည်။ ထိမိုယွမ်သည် စာဂိရိ၏ အပေါ်ပိုင်း အဝတ်အားလုံး ကို ဆွဲချွတ်လိုက်ပြီး သေချာအောင်စစ်ဆေးလိုက်သည်။
'အို ...'

စာဂိရိ လက်နှင့် ကာထားသည့်တိုင် သလင်းသားလို ဖြူစင်သောကိုယ်အထက်ပိုင်းက မိန်းကလေး တစ်ယောက် မဟုတ်ကြောင်း မျက်ဝါးထင်ထင်မြင်လိုက်ရလေပြီ။ သို့သော် ထိမိုယွမ်သည် စာဂိရိ၏ အလှတရားဝယ် မျောပါသွားလေပြီ. သန့်စင်လှသည့် အလှတရားက ထိမိုယွမ်ကို စကားမဆိုနိုင်အောင် လုပ်လိုက်လေပြီ။ ထိမိုယွမ်သည် ငိုရှိူက်ကာ ရန်တွေ့နေသော စာဂိရိကို တကိုယ်လုံးခြုံကြည့်ကာ ရှေ့ဆက်တိုးရန် ဆုံးဖြတ် လိုက်သည်။ ငိုနေသော စာဂိရိ၏ ပုံလေးက ထိမိုယွမ်ကို အဆွဲဆောင်နိုင်ဆုံးဖြစ်နေသည်။ တကယ်တော့ ယောကျ်ားလေးမှန်းသိသောကြောင့် ထိမိုယွမ် ရှေ့တိုးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မိန်းကလေးသာဆိုရင် ဒီနေရာလောက်တွင် ရပ်လိုက်ရုံနှင့် ပွဲသိမ်းပြီ။ သို့သော်ယောကျ်ားလေးဖြစ်သော စာဂိရိကို ပိုသေချာရန် လုပ်ထားဖို့လိုအပ်သည်မဟုတ်လား။ စာဂိရိကို မိမိချစ်သူအဖြစ် မလုပ်နိုင်ရင် မိမိပိုင်ရဖို့မမြင်တော့ပေ။ ထို့ကြောင့် စာဂိရိကို ခြိမ်းခြောက်ကာ သူလေး၏ အသွေးအသားများကို ဝါးမျိုစားသောက်လိုက်သည်။

စာဂိရိ မိမိကို ကြောက်မသွားစေရန် မိမိသိသော နည်းမျိုးစုံဖြင့် သိမ်းသွင်းပြီးမှ စည်းကို ကျော်ဖြတ်ခဲ့သည်။ ထိုညကို စာဂိရိ၏ ငိုရှိုက်သံ၊ ညည်းသံလေးဖြင့် အဓိပ္ပာယ်ရှိရှိဖြတ်သန်းခဲ့ရသဖြင့် ထိမိုယွမ် ပျော်မဆုံးတော့ပေ။
စာဂိရိ မိမိရင်ခွင်တွင် အိပ်မောကျသွားသော်လည်း ထိမိုယွမ် တော်တော်နှင့် အိပ်မပျော်ပေ။ စာဂိရိ ၏ ပါးပြင် လေးကို ထိကြည့်လိုက်၊ နူတ်ခမ်းလေးကို ထိကြည့်လိုက်နှင့် ကြည်နူးနေမိသည်။ စာဂိရိ၏ လည်တိုင်၊ပုခုံး နှင့် ကိုယ်လေးအနှံ့ မိမိနမ်းမိသည့် အမှတ်သားများကို ထိကြည့်ကာပြုံးနေမိသည်။ စာဂိရိကို မိမိ ရအောင်လက်ထပ် မည်။ သူလေးကလွဲရင် မည်သူမှ နန်ကျောင်ပြည်၏ မိဖုရားမဖြစ်ရဟု ဆုံးဖြတ်လိုက်သည်။ မနက်ဖြန် ခမည်းတော်ဆီ စာပို့ကာ မိန်းမတောင်းလာခိုင်းတော့မည်။ စာဂိရိကို မိမိ မခွဲနိုင်တော့ပေ။ ထိမိုယွမ်သည် လုပ်ရမည့်အရာများကိုတွေးပြီး အိပ်ပျော်သွားတော့၏။

မနက်နိုးလာသောအခါ တိုခီဝါကို မှာကြားထားပြီး အဆောင်သို့ပြန်ကာ မိမိတိုင်းပြည်သို့ စာချွန်စေလွှတ်ပြီးမှ စိတ်ချလက်ချအိပ်သွားတော့သည်။ ပါရှား မင်းသားနှင့် မွန်ဂိုမင်းသားတို့ အမဲလိုက်လာခေါ်သည်ကိုပင် ငြင်းလွှတ်ကာ ဆက်အိပ်နေ၏။

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now