ပန်းပွင့်သတို့သမီးအပိုင်း (၂၃)

1.5K 80 0
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၂၃)

"မယ်မယ် "

ပင်းပင်းက ဝမ်းသာအားရနူတ်ဆက်ကာ ပြေးဖက်လိုက်သည်။ နွီဝါးလည်း သမီးလေး မျက်နှာကို ကြည့်ကာ စိုးရိမ်တကြီးနှင့်မေးလိုက်သည်။

"သမီးလေး ပင်းပင်း။ သမီးလေးပါးက ဘာလို့ယောင်နေရတာလဲကွယ်။"

ပြည်ထဲရေးဝန်ကြီးက စိတ်မရှည်ဟန်ဖြင့် စကားကိုဖြတ်ပြောလိုက်သည်။

"မင်း ဘာတွေမေးနေတာလဲ။ သမီးက မတော်တဆ ထိခိုက်မိလို့ပေါ့။ မင်း အရင်တုန်းကလိုပဲပေါ့။ ခဏခဏ ထိခိုက်မိတာလေ။ ဘာထူးဆန်းနေလို့လဲ။ သမီးပင်းပင်း.. သမီး အိမ်ရှေ့မင်းသားရဲ့ စိတ် ကို ရအောင်ဖမ်းဆုပ်ဖို့ အရေးကြီးတယ်နော်။ သမီးရဲ့နေရာကိုလိုချင်လွန်းလို့ အမတ်သမီးတွေ၊ စစ်သူကြိးသမီးတွေ တန်းစီနေတာ။ မင်းသားကို နည်းမျိုးစုံနဲ့ စည်းရုံးပါ။ နည်းနည်းပါးပါး ရိုက်ခံ၇ တာကို စိတ်ထဲမှာ မထားနဲ့။ လောကမှာ အာဏာက အရေးအကြီးဆုံးပဲ။"

နွီဝါးသည် ခင်ပွန်းသည်၏ စကားကြောင့် သမီးလေးကိုပင် သနားအားနာသွားသည်။ ဖခင်တယောက် မပြောရမည့်စကားကို ပင်ပြောကာ သင်ကြားပေးနေလောက်အောင် အာဏာမက်သော ယောက်ျုား ကို လက်ထပ်ခဲ့မိသည့် အတွက် မိမိဖာသာရှက်နေမိသည်။ တကယ်တော့လည်း အင်မတန်ချမ်းသာ သောမိမိဖခင် ကုန်သည်ကြီး၏ စည်းစိမ်ကို မက်မောလွန်းလို့ သူက မိမိကို လက်ထပ်ခဲ့သည်ကို လက်ထပ်ပြီးမှ မိမိသိခဲ့ခြင်းဖြစ်သည်။

ဖခင်ကြီးကလည်း မိမိကို အမတ်ကတော်ဖြစ်စေချင်သောကြောင့် ရှိသမျှစည်းစိမ်ဖြင့် မင်္ဂလာကြေး တင်ပေးခဲ့သည်။ မိမိကတော့ အမတ်ကတော်တော့ ဖြစ်ခဲ့ပါရဲ့။ နောက်ကွယ်မှ အရက်မူးကာ ရိုက် နှက်ခံရသည်ကို အိမ်ထောင်ဦးမှာကတည်းက ကြုံတွေ့ခဲ့ရသည်။ ကိုယ်ဝန်ရှိကတည်းက ယောကျ်ား က ဆောင်ကြာမြိုင်တွင် ညတိုင်းနေတော့သည်။ ပင်းပင်းကို မွေးပြီး ၃ လလောက်ရောက်တော့ ဆောင်ကြာမြိုင်က မိန်းကလေးကို အငယ်အနှောင်းအဖြစ်ယူခဲ့သည်။ထိုအောက်တန်းစားမိန်းကလေး
၏ မထီမဲ့မြင်ပြုမှုကို ၁၀လခန့် သည်းခံရပြီးနောက် မီးဖွားရင်း သေသွားတော့မှ မိမိလည်း တရန်အေး တော့သည်။ သို့သော် ထိုမွေးကင်းစကလေးကို မိမိက ပင်းပင်းနှင့်အတူ မွေးလာခဲ့သည်။ အန်းအန်း သည် မိမိကိုမခင်တွယ်။ သူ့ဖခင်လို စိတ်ကြမ်းကိုယ်ကြမ်းနှင့် အလိုရမ္မက်ကြီးသူလေးဖြစ်ခဲ့သည်။

နွီဝါးသည် ပင်းပင်းနှင့် နှစ်ယောက်တည်း စကားပြောရန် အခွင့်အရေးကို ချောင်းနေစဉ် သင်းကွပ် ထားသောမိန်းမစိုးတစ်ဦးက ဝန်ကြီးကို လာခေါ်သွားသည်။
"အမတ်ချုပ်ကြီးက အခေါ်လွှတ်လို့ပါ ဝန်ကြီး"

နွီဝါးသည် ဝန်ကြီးထွက်သွားမှ သမီး၏ မျက်နှာလေးကို ပွတ်သပ်ကာ
"သမီးရယ် ဖြစ်ရလေ။ မယ်မယ် မြင်ရတာ ရင်နာလိုက်တာ။"

ပင်းပင်းက မိခင်မျက်လုံးထဲ စိုက်ကြည့်ကာ
"မယ်မယ် ပန်းကလေးကို ပြောလိုက်ပါ။ ဝမ်းမနည်းပါနဲ့လို့။ ပင်းပင်းက ပန်းကလေးကို အမြဲချစ်နေ ပါတယ်။ ဘယ်တော့မှ အချစ်မလျော့ပါဘူးလို့၊ ပြီးတော့ လက်ထပ်ပွဲနေ့မှာ ပန်းကလေးကို လက်ဆောင် ပေးမယ်လို့ ပြောလိုက်ပါ မယ်မယ်။"

"ပင်းပင်း အားလုံး အဆင်ပြေရဲ့လားကွယ်။"

"အဆင်ပြေပါတယ် မယ်မယ်...လက်ထပ်ပွဲနေ့ကို သမိၤးစောင့်မျှော်နေတာပါ။ မယ်မယ့်ကို ပင်းပင်း ကျေးဇူးဆပ်နိုင်ပ့ါတော့မယ် မယ်မယ်။"

နွီဝါးသည် ပင်းပင်း၏ စကားကို ကြားသော် စိတ်အေးသွားသည်။ ဘာပဲပြောပြော ပင်းပင်းက အားလုံး ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

မိဖုရားခေါင်ကြီးသည် အပျိုတော်ထံမှ စကားကို သေချာနားထောင်ပြီးနောက် အတွင်းဝန်ကို မေး လိုက်သည်။
"ပန်းကလေး ဆိုတာ ဘယ်သူလဲ"

"သြော် ..ကျွန်တော့် မိန်းမရဲ့ လက်စွဲတော် မိန်းကလေးပါ မိဖုရားကြီး။"

"ပြီးတာပါပဲလေ။ တော်ကြာ ဟို မိန်းကလေးဖြစ်နေမှာစိုးလို့။ လက်ထပ်ပွဲနေ့ကျရင် နန်းတွင်း အဝင်အထွက်ကို သေချာစောင့်ကြပ်ထား။ ဟိုမိန်းကလေးကို တွေ့တာနဲ့ အသေသတ်။ ဒီ လက်ထပ်ပွဲ ပြိးရင် အိမ်ရှေ့မင်းသားကို ထိန်းချုပ်လို့ရပြီ။"

မိဖုရားကြီးက ပင်းပင်းကို သိပ်တော့မယုံကြည်ပေ။ စိတ်ထဲမှာ သံသယရှိသော်လည်း လောလော ဆည် ထိမိုယွမ် ပင်းပင်းကို မုန်းတီးစွာရိုက်ထားသဖြင့် တဖွဲ့တည်းတော့ မဖြစ်လောက်ဟု ဆးုံဖြတ် လိုက်သည်။

ထိမိုယွမ်နှင့် အာနန်မင်းသားမှာ အရုးမီးဝိုင်း အသည်းအသန်ရှာသည့်တိုင် စာဂိရိ သတင်းကို မရ သဖြင့် နောက်ဆုံး သူမ သေဆုံးသွားပြီဟု ထင်လိုက်မိသည်။ ထိမိုယွမ်မှာ နေ့တိုင်း အရက်သာ သောက်နေမိသည်။

တရက်ကလည်း ပင်းပင်း အနားကပ်လာသဖြင့် အရက်အိုးနှင့်လှမ်းပေါက်လိုက်ကာ နောက်ကျော ကို မှန်သွားပြီး အတော်ကိုနာကျင်သွားသည်။

"ငါ့ မျက်စေ့အောက်ကိုမင်းလုံးဝမလာခဲ့နဲ့ ပင်းပင်း။ မင်း မျက်နှာကို မတွေ့ချင်ဘူး။"
တင်ဂီရိက ထိမိုယွမ်ကိုလှမ်းဆွဲကာ တားလိုက်သည်။
"ညီတော်... စိတ်ကိုထိန်းပါ။ ပင်းပင်းက အပြစ်မရှိပါဘူး။ "

ထိမိုယွမ်က မူးလို့နေပြီ။ ပင်းပင်းကို မုန်းတီးစွာကြည့်ကာ
"စာဂိရိနေရာကို ယူကတည်းက အပြစ်ရှိပြီးသား နောင်တော်။ စာဂိရိ ပြန်လာရင် ကျွန်တော့်ကို အပြစ်တင်တော့မယ်။ ကျွန်တော့်ကို အထင်လွဲပြီး မုန်းတော့မယ်။ ကျွန်တော် မူးပြီးအိပ်နေတာကို အခွင့်ကောင်းယူတဲ့ မိန်းမယုတ် ... ထွက်သွားစမ်း။ငါ့ရှေ့ကနေ။ ကျက်သရေယုတ်တယ်။"

အခြွေအရံ အပျိုတော်များရှေ့တွင်ဖြစ်သောကြောင့် ပင်းပင်း ရှက်လွန်းလို့ မျက်ရည်ပေါက်ပေါက် ကျမိသည်။ ထိုသတင်းက နန်းတော်အတွင်းတွင် တိတ်တခိုးလေးပျံ့နှံ့လို့နေသည်။ ဆွေတော်မျိုး တော်ကြာတွင် စကားတင်းဆိုစရာဖြစ်နေသည်။ ပြည်ထဲရေး ဝန်ကြီးကတော့ မျက်နှာပြောင်ပြောင် နှင့် ခေါင်းမော့ရင်ကော့နေဆဲပါ။

မိဖုရားကြီးကတော့ မိမိတူမတော်ကို ရိုက်နှက်နှိပ်စက်သဖြင့် အနည်းငယ်တော့ မကျေနပ်ပေ။ ပင်းပင်း ကိုလည်း သံသယကင်းသွားတော့သည်။ ထို့ကြောင့် မိမိတို့ လျိူ့ဝှက်အစည်းအဝေးများ တွင် ပင်းပင်းကို အဖော်ခေါ်သွားသည်။ ပင်းပင်းကို မိမိတို့ အဖွဲ့ဝင်အဖြစ်သတ်မှတ်ကာ တချို့ကိစ္စ္မ များကို ခိုင်းသည်။

ပင်းပင်းက တာဝန်ကျေပွန်စွာလုပ်သောအခါ မိဖုရားကြီးက ကျေနပ်နေသည်။ မိမိအဆောင်တွင် လည်း ပင်းပင်းကို ဝင်ထွက်ခွင့်ပြုထားသည်။ ပင်းပင်းက ရသည့်အခွင့်အရေးကို အမိအရယူကာ သက်သေအထောက်အထားများကို တိတ်တဆိတ်ရှာဖွေထားသည်။

လက်ထပ်ပွဲနေ့သို့ရောက်သော် အာနန်ပြည်မှ အင်အားစုများက မျက်နှာမကြည်ကြတော့ပေ။ အာနန် မင်းသမီးက ပျောက်ဆုံးကာ သတို့သမိးက အခြားသူဖြစ်နေသည်။ အခြေအနေက သိပ် မကောင်းချင်ပေ။ အခန့်မသင့်လျှင် စစ်ဖြစ်မည့် ပုံစံဖြစ်နေသည်။

အမတ်ချုပ်ကြီးနှင့် အပေါင်းအပါများက စစ်ဖြစ်ရန် ကြိုတင်ပြင်ဆင်ထားကြသည်။ စစ်ဖြစ်လျှင် သူတို့ လုပ်ပိုင်ခွင့်ပိုရှိလာမည်၊ စစ်ပွဲမှ အကျိုးအမြတ်များစွာ ရနိုင်သည်။ တိုင်းပြည်ကလည်း အိမ်ရှေ့မင်းသား ၏ လက်ထပ်မင်္ဂလာကို စိတ်ဝင်စားနေကြသည်။

အိမ်ရှေ့မင်းသားသည် မင်္ဂလာ ဝတ်စုံဆင်မြန်းထားသော်လည်း အရက်နံ့ထောင်းထောင်းထကာ ယိုင်နေသည်။ ဘေးမှ လူပျိုတော်သားများက ထိန်းနေရသည်။ တင်ဂီရိတို့က မျက်နှာသိပ်မကောင်း ကြပေ။
မင်းကြီးလည်း မျက်နှာတည်နေသည်။ ပြုံးနေသည်က မိဖုရားကြီးနှင့် အမတ်ကြီးအဖွဲ့ဖြစ်သည်။ သူတို့ အကြံအောင်လေပြီ။ အိမ်ရှေ့မင်းသားယစ်ထုပ်ဖြစ်လျှင် မိမိတို့ အာဏာတည်တံ့ခိုင်မြဲလေပြီ။

"သတို့သမီး ကြွချီလာပါပြီ..."

မင်းပရိတ်သတ်များအလယ်တွင် သတို့သမီး၏ မျက်နှာတွင် ပုဝါခြုံကာ ဘေးမှ အပျိုတော် တစ်ဦးတွဲ ကာလျှောက်လှမ်းလာခဲ့သည်။

ထိမိုယွမ်သည် မျက်နှာမကောင်းစွာ စိုက်ကြည့်နေသည်။ ယခု သတို့သမီးနေရာသည် မိမိအသည်း နင့် အောင်ချစ်ရသည့် စာဂိရိ ဖြစ်ရမည်မဟုတ်လား။ ယခုတော့...ထိမိုယွမ်လူသတ်ချင်စိတ်တို့ တားမရအောင် ပေါ်လာသည်။
ယခု သတို့သမီးကို လည်ပင်းညစ်သတ်ချင်သည်။

ထိမိုယွမ်သည် ဘုရင်ကြီးနှင့် မိဖုရားကြီးထွက်သွားတော့မှ ပင်းပင်းကို တချက်ကြည့်ကာ

"ပင်းပင်း မင်း မတ်တပ်ရပ်စမ်း။"

ပင်းပင်းသည် ထိမိုယွမ်ဒေါသထွက်နေသည်ကို သိသောအခါ ကြောက်ကြောက်ရွံ့ရွံ့နှင့် ထရပ်ကာ ခေါင်းငုံ့ထားလိုက်သည်။ "ကျုပ်ကို မော့ကြည့်စမ်း။"
ပင်းပင်း မော့ကြည့်လိုက်စဉ် ထိမိုယွမ်က ပင်းပင်း၏ မေးလေးမှ မျက်နှာကိုပင့်မကာ စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
"စာဂိရိက မင်းကို ယုံကြည်ခဲ့တယ်။ ကျုပ်တားတဲ့ကြားက မင်းကို ညီအစ်မလို ချစ်ခဲ့တယ်။ မင်းကို သူ့အကိုနဲ့ လက်ထပ်ပေးဖို့အထိတောင် သူမင်းကို ချစ်ခဲ့တယ်။ ဒါပေမယ့် မင်း သူ့ကိုသစ္စာဖောက် ခဲ့တယ်။ မိဖုရားဖြစ်ဖို့က မင်းဘဝအတွက် အဲ့လောက်အရေးကြီးသလား ပင်းပင်း။ မင်းလို မိန်းမယုတ်အတွက် ငါ့ရဲ့ သဘောထားက ဒါပဲ။"

ထိမိုယွမ်သည် ပင်းပင်း၏ မျက်နှာနုနုလေးကို မညှာမတာ ရိုက်ချလိုက်သည်။ အားပြင်းသောကြောင့် ပင်းပင်းမှာ ကြမ်းပြင်ပေါ်ပုံရက်သားလဲကျသွားခဲ့သည်။ ပါးပေါ်တွင် နီရဲသောလက်ဝါးရာ အထင်းသား ပေါ်လွင်နေသည်။
"အရှင့်သား.."
ပင်းပင်း ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်းကြောင့် ပါးပြင်ပေါ်မျက်ရည်များစီးကျ လာခဲ့သည်။
ထိမိုယွမ်၏ မျက်လုံးသည် ကျားရဲ၏မျက်လုံးပမာ နက်မှောင်ကာ ရက်စက်မည့်အရိပ်များ ထင်ဟပ် နေသည်။ ပင်းပင်းကို မုန်းတီးစွာကြည့်နေသည့်မျက်ဝန်းက လူသတ်ချင်သည့် အရိပ်အယောင်များ ထင်ရစ်နေသည်။
"မင်းဒီလို အကွက်သုံးလိုက်ရုံနဲ့ ငါ့မိဖုရားဖြစ်ရပြီထင်မနေနဲ့။ ငါ့မိဖုရားက စာဂိရိ တစ်ယောက်ပဲ ရှိ တယ်။ မင်းကို စိတ်ပူပြီး စာဂိရိလိုက်သွားခဲ့လို့ သူ ပျောက်သွားခဲ့တယ်။ အေး လက်ထပ်တဲ့နေ့ အထိ စာဂိရိ ထွက်မလာနိုင်ခဲ့ရင် မင်္ဂလာဦးညကို မင်းလည်ချောင်းသွေးနဲ့ ခြေဆေးလိုက်မယ်။ "

ပင်းပင်း ငိုကြွေးကာ "ကျွန်မ ဘာမှမသိပါဘူးရှင်။ အရှင့်သား သတ်လည်း သေရမယ့်သူပါ ရှင်။ အခုကလည်း တမင် စီစဉ် ထားတာ မဟုတ်ပါဘူး။"
ထိမိုယွမ် ရွံရှာစွာဖြင့် မျက်နှာလွဲကာ "မင်း ငါ့အဆောင်ထဲက ထွက်သွားစမ်း။ မင်း မျက်ရည်တွေကိုတွေ့တာ ကျက်သရေတုံးတယ်။"
ပင်းပင်း ကြောက်ကြောက်နှင့် အဆောင်အပြင်သို့ထွက်လာခဲ့သည်။ အိမ်ရှေ့မင်းသား အဆောင် အပြင်သို့ရောက်သည်နှင့် မိဖုရားကြီး၏ လူက အသင့်စောင့်ကြိုနေသည်။ မိဖုရားကြီး အဆောင်ကို ရောက်သောအခါ ပင်းပင်း အရိုအသေပေးလိုက်သည်။
"မိဖုရားကြီးကို ဂါရဝပြုပါတယ် ရှင်"
"ပင်းပင်း သမီးတော်လေးရယ်။ အရီးတော်ကို ဘယ်လိုခေါ်လိုက်တာလဲကွယ်။ လာပါအုံး။ သမီးလေး မှာ အရည်ချင်းကောင်းတွေရှိတယ်ဆိုတာ အရီးတော် ကောင်းကောင်းသိတာပေါ့။ ကြည့်စမ်း။ သမီးတော်လေးကို အိမ်ရှေ့မင်းသား ရက်ရက်စက်စက် ရိုက်လိုက်တာထင်တယ်။ "

မိဖုရားကြီးသည် ပင်းပင်းကို ချစ်ခင်ကြင်နာစွာဖက်ကာ ပြောလိုက်သည်။ ဒူးထောက်အရိုအသေပေး နေသော ပင်းပင်းကို ဆွဲထူကာ မိမိအနားတွင် ထိုင်ခိုင်းပြီး ပါးမှ လက်ဝါးရာကို တယုတယ ကိုင်ကြည့် ကာ "ကြည့်စမ်းပါဦးကွယ်။ လက်ထပ်ပွဲက ၁ ပတ်ပဲ လိုတော့တာ။ မဖြစ်ဘူး။လက်ထပ်ပွဲမှာ သတို့သမီးက အလှပျက်လို့ဘယ်ဖြစ်မှာလဲ။ အန်းအန်း အခုချက်ချင်း သမားတော် သွားခေါ်ခိုင်းစမ်း။"

ပင်းပင်းသည် ယခင်က အရီးတော်၏ ချိုသာသော စကားသံများကိုတကယ်ထင်ခဲ့ဖူးသည်။ အပေါ်ယံ သကာလောင်းထားသည့် စကားသံများက ချိုအီကာ ယုံကြည်အားကိုးချင်စရာကောင်းလှသည်။ တကယ်တော့ သူ့အတွက်အသုံးမဝင်တော့လျှင် ရက်စက်စွာရှင်းပစ်တတ်သည့် ရက်စက်သော မိဖုရားကြီး၏ အကိုင်အတွယ်ကို မနည်းအောင့်အီးကာ ဟန်မပျက်နေရသည်။

အန်းအန်းသည် ပင်းပင်းကို မလိုတမာကြည့်သော်လည်း အရီးတော်၏ စကားကို အလွန်ဆန်နိုင်သော ကြောင့် အရိုအသေပေးကာ ထွက်သွားလိုက်သည်။

မိဖုရားကြီးက ပင်းပင်းကို ပြုံးကြည့်ကာ "အရီးတော် သမီးတော်နဲ့အိမ်ရှေ့မင်းသား ရဲ့ မင်္ဂလာ သတင်းကို ထုတ်ပြန်လိုက်ပြီကွဲ့။ သမီးတို့ အိမ်တော့ ဂုဏ်ပြုပွဲလုပ်ဖို့ စီစဉ် ထားကြပြီ။ သမီးရဲ့ မယ်မယ်တော့ အင်မတန်ကို ဂုဏ်ယူနေရပြီ လေ။ ညမှာ ဂုဏ်ပြုပွဲလုပ်ကြလိမ့်မယ်။ သမိၤးမယ်မယ်လည်း အလုပ်ရှုပ်နေရောပေါ့ကွယ်။ သမီးတော် ကတော့ သတို့သမီးလောင်းဆိုတော့ နန်းတော်ထဲမှာပဲနေတော့။ အရီးတော်ရဲ့ ဘေးက အဆောင် မှာနေဖို့ပြင်ထားလိုက်ပြီ။ ကဲ သမားတော်ကို အရီးတော် အဆောင်ကို လွှတ်လိုက်မယ်။ အခု ပြန်နားတော့နော်။"
ပင်းပင်း မိမိကို အကျယ်ချုပ်ထားလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

"သားတော်ကို သည်းခံလိုက်ပါကွယ်။ သားတော် ဘယ်လိုငြင်းငြင်း နောက်ဆုံးတော့ သမိးတော်နဲ့ပဲ လက်ထပ်ရမှာပဲ။ သားတော်ရဲ့ သဘောထားပျော့ပြောင်းလာဖို့ မိန်းမမာယာ အားလုံးကို ထုတ်သုံး လိုက်ပေတော့။ "
"ဟုတ်ကဲ့ပါ အရီးတော်ဘုရား။"
"အေး.. အေး.. သွား နားချည်တော့။ နောက်ရက်မှ သမိးတော်ရဲ့ မယ်တော်ကို နန်းတော်ထဲ ခေါ်လိုက်မယ်။"
ပင်းပင်း အရိုအသေပေးကာ မိမိအတွက် ပေးထားသော အဆောင်သို့ထွက်လာခဲ့သည်။ အဆောင်ထဲတွင် စာဂိရိ၏ အဆောင်တွင် ပို့ထားသည့် ပစ္စည်းများအတိုင်း မိမိထံသို့ပို့ထား သည်ကို တွေ့လိုက်ရသည်။

ပင်းပင်းသည် ယခုမှ သက်ပြင်းချနိုင်တော့သည်။ သလွန်ပေါ်ပစ်လှဲကာ ပါးပြင်မှ ဒဏ်ရာကို ပွတ်သပ် ရင်း နောက်လုပ်မည့် အစီအစဉ်ကို စိတ်ထဲမှ ပုံဖော်နေမိသည်။ လောလောဆည် မိမိထံ မယ်တော် လာတွေ့မှ စာဂိရိကို နှစ်သိမ့်ခိုင်းလိုက်မည်။ စာဂိရိကတော့ မိမိကို အထင်လွဲကာ ငိုနေတော့မည်။ ပင်းပင်းသည် စိတ်မကောင်းသော်လည်း မိမိတို့ ရည်ရွယ်ချက်အကောင်အထည်ပေါ်စေရန် စာဂိရိ၏ မျက်ရည်များကို ချရင်းရသည်ကို စိတ်မကောင်းတော့ဖြစ်မိသည်။
စာဂိရိသည် ပင်းပင်း မယ်တော်၏ နံဘေးတွင်နေရင်း ရင်ကွဲနာကျခြင်းကို လက်တွေ့ခံစားနေရသည်။ အကိုတော် ထိမိုယွမ်ကို မိမိဘယ်တုန်းကမှ ချစ်သည်ဟု မခံစားခဲ့ရပေ။ သူက မိမိကို အတင်းလာ ကြိုက်တာတွေ၊ သူနှင့်အတူနေရတာတွေ၊ သူ့မိဖုရားအဖြစ် နန်ကျောင်နန်းတွင်းမှာ တသက်လုံးနေ ရမှာတွေ စသည်တို့ကိုတွေးကာ အကိုတော်ထိမိုယွမ်ကို စိတ်ပျက်ခဲ့သည်။သူသာမိမိကို လာမကြိုက် လျှင် သိပ်ကောင်းမှာပဲဟု တွေးခဲ့သည်။

သို့သော် ယခုလို အကိုတော်ကို လက်လွှတ်လိုက်ရတော့မည်ဟု သိလိုက်မှ သူ့ကို မိမိဘယ်လောက် ချစ်နေမိပြီကို သိတော့သည်။ သူ့အထိအတွေ့များ။ ပူုပြင်းသော သူ့အနမ်းများ။ ထက်သန်လှသော သူ့အချစ်များ၊ ကျယ်ပြန့်သော သူ့ရင်ခွင်ထဲရောက်စဉ် မိမိတကိုယ်လုံး အရည်ပျော်လုမတတ် ခံစား ရသည်များကို သတိရကာ စာဂိရိ ခေါင်းအုံးတခုလုံး ရွှဲရွှဲစိုအောင် ငိုရှိုက်မိတော့သည်။
"အကိုတော်... အကိုတော်..."
စာဂိရိ သူ့ကို 'တ' ကာ အသံမထွက်ဝံ့ပဲ ငိုလို့သာနေသည်။ ပင်းပင်း၏မယ်တော် နွီဝါးသည် ည သန်းခေါင် စာဂိရိ၏ ငိုသံကြောင့် နိုးလာခဲ့သည်။ အသံလေးက ကြိတ်ကာ ရှိက်ငိုနေသံဖြစ်သည်။
အသံက တိုးသော်လည်း ဝမ်းနည်းပမ်းနည်း ကြိတ်ကာ ငိုနေသံလေးက သနားစရာကောင်းလှသဖြင့် နွီဝါး အိပ်ယာထက်မှ ထကာ စာဂိရိအိပ်ယာသို့လာခဲ့သည်။

"အို... ကလေးရယ်...တိတ်ပါကွယ်။ ဒါတွေက တကယ်မဟုတ်ပါဘူး။ "

တကယ်တော့ စာဂိရိ အိပ်ခါနီးသူ့အကြောင်းတွေးကာ ငိုရင်းအိပ်သွားခြင်းဖြစ်သည်။ အိပ်မက်ထဲတွင် သူနှင့်ပင်းပင်း မင်္ဂလာပွဲတွင် မိမိက ငေးကြည့်နေရသည်ကို မြင်မက်ပြီး ယောင်ယမ်းကာ ကိုနေခြင်း ဖြစ်သည်။
"အကိုတော်... အကိုတော်.."
"စာဂိရိလေးရယ် .. မငိုပါနဲ့ကွယ်..ဒါတွေက အိပ်မက်ဆိုးပါ။ မင်းနိုးလာရင် အားလုံး အဆင်ပြေသွား မှာပါ။"

စာဂိရိ မျက်လုံးကို ဖွင့်ကြည့်လိုက်မိစဉ် မိမိကို မိခင်တယောက်လို ကြင်နာစွာကြည့်နေသော အမတ်ကတော် နွီဝါးကို တွေ့သော် အားကိုးတကြီးနှင့် ရင်ခွင်ထဲတိုးဝင်ဖက်ထားကာ တိုးတိုးလေး မေးလိုက်သည်။
"အရီးတော်... အကိုတော်နဲ့ ပင်းပင်းက တကယ်မင်္ဂလာဆောင် ကြတော့မှာပေါ့နော်။"

နွီဝါးသည် မျက်ရည်များကြားမှ လှရက်နိုင်လွန်းသော စာဂိရိလေးကို ဖက်ထားကာ နှစ်သိမ့်လိုက် သည်။
"တိတ်ပါကွယ်။ အမတ်ကြီးရဲ့ လူတွေကြားသွားလိမ့်မယ်။ မနက်ဖြန် အရီးတော် နန်းတော်ထဲ ဝင်ရ မယ်။ ပန်းကလေး ဒီမှာနေရစ်ခဲ့နော်။ အရီးတော် ပင်းပင်းကို သွားမေးလိုက်ပါ့မယ်။ ပင်းပင်းက ပန်းကလေးကို သစ္စ္စာမဖောက်ပါဘူးကွယ်။ သမီးလေးက ပန်းကလေးကို အရမ်းချစ်တာ။ အခုလည်း ပန်းကလေးနဲ့ အရီးတော်ကို လူယုတ်မာတွေလက်က လွတ်အောင် ကြိုးစားနေတယ်လို့ အရီးတော် ယုံကြည်တယ်။ ပန်းကလေးလဲ ပင်းပင်းကို ယုံကြည်ပေးပါကွယ်နော်။"

စာဂိရိသည် မျက်ရည်ကို သုတ်လိုက်ပြီး အသံတုန်တုန်နှင့်ပြောသည်။
"ပန်းကလေးလေ ပင်းပင်းကို သံသယ ဝင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်မက်ထဲမှာ အကိုတော်နဲ့ ပင်းပင်း မင်္ဂလာဝတ်စုံဝတ်ထားတာ တွေ့လို့ မျက်ရည်က အလိုလိုကျလာတာပါ။ "

နွီဝါးက ပြုံးကာ စာဂိရိ၏ မျက်ရည်များကိုသုတ်ပေးပြီး ညင်သာစွာပြောလိုက်သည်။
"အဲ့ဒါ အချစ်ကြောင့်ကျတဲ့မျက်ရည်တွေပေါ့ ပန်းကလေးရယ်။ မင်းသားလေး ကံကောင်းပါတယ်။ နတ်သမီးလေးလိုလှတဲ့ပန်းကလေးရဲ့အချစ်ကိုရလိုက်တာ။အရီးတော်တို့တိုင်းပြည်လည်း ကံကောင်း ပါတယ်။ နောင်တချိန်မှာ အင်မတန်လှပြီး ကြင်နာစိတ်ကြီးတဲ့ ပန်းကလေးကို မိဖုရားခေါင်ကြီးအဖြစ် ရတော့မှာ မို့ပါ။"

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now