ပန်းပွင့်သတို့သမီးအပိုင်း (၉)

2K 175 0
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၉)

ထိမိုယွမ်သည် စာဂိရိအတွက် အပ်ချုပ်သည်များလွှတ်ပေးကာ လှပသော ပိုး၊ဖဲ၊ကတ္တီပါ များဖြင့် အလှဆုံး ဝတ်စုံများကိုချုပ်စေသည်။ လက်ဝတ်ရတနာများသည်လည်း အမြဲပို့ပေးသည်။
သို့သော် စာဂိရိသည် သူပေးသော လက်ဆောင်များထဲမှ စာသင်ခွင့်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ဆရာ နှင့် မိမိ မသိသေးသော ကဗျာ၊စာပေထဲမှ အကြောင်းအရာများကို မေးမြန်းဆွေး နွေး ရင်း အချိန် တစ်လပြီး တစ်လကုန်လွန်လာခဲ့သည်။

'စာဂိရိ... ကိုယ် နဲ့ အတူမြို့ထဲ ထွက်လည်ရအောင်။အဆောင်ထဲမှာ အမြဲနေတာ မပျင်းဘူးလား'
'မပျင်းပါဘူး အကိုတော်။ ဆရာပေးထားတဲ့ ကဗျာကို ဖတ်နေတာပါ။'

ထိမိုယွမ်သည် မိမိခေါ်သည်ကို အတူသွားရန်ထက် ဆရာဖြစ်သူ၏ ကဗျာကို ဖတ်ရန်ပိုအားသန် နေသော စာဂိရိကို ကြည့်ကာ သဝန်တိုစိတ်များ တိုးထွက်လာ၏။
'မင်းရဲ့ ဆရာ ကို သဘောကျရဲ့လား။ သူ အသင်အပြ မကောင်းရင် လူလဲပေးမယ်လေ။'

ထိမိုယွမ် ပရိယာယ်ဖြင့်မေးလိုက်သည်။ ရိုးသားသော စာဂိရိက ထိမိုယွမ်၏ အတွင်းသဘောကို နားမလည်သဖြင့် စိတ်ရင်းအတိုင်း ပြောလိုက်သည်။

'ဟင့်အင်း... မပြောင်းပါနဲ့။ ဆရာက အရမ်းတော်တာပဲ။ သူက စာရေးနည်းတင်မကဘူး။ စာပေ၊ ကဗျာတွေကို ဘယ်လိုရေးစပ်ရတယ် ဆိုတာကိုလည်း ပြောပြတယ်။ ပြီးတော့ ဆရာက စကား ပြော အရမ်းကောင်းတာပဲ။ သူ စကားပြောတာကို နားထောင်ရတာ ကဗျာတစ်ပုဒ် ရွတ်ဖတ်တာ ကို နားထောင်နေသလို ခံစား ရတယ်။ စာဂိရိ သူ့ကို သဘောကျတယ်။ သူ့လိုတော်ချင်တယ်'

'ဟုတ်လား။စာဂိရိ ဟိုတလော မောင်တော်ချူပ်ခိုင်းထားတဲ့ အဝတ်တွေ ဘာကြောင့်မဝတ်တာလဲ၊
သဘောမကျလို့လား။'

'မဟုတ်ပါဘူး အကိုတော်။ စာဂိရိ ဘယ်မှ သွားစရာမရှိလို့ပါ။ '

ထိမိုယွမ်သည် စာဂိရိနှင့် မိမိသူငယ်ချင်း စာပေပညာရှင်တို့ လိုသည်ထက် ပိုရင်းနှီးသွားမည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် စာဂိရိနှင့် မိမိ အတူနေရမည့် အခွင့်ရေးကို စဉ်းစားလိုက်ပြီး

'မင်း မြင်းစီးတတ်လား စာဂိရိ။'

စာဂိရိ မျက်လုံးအဝိုင်းသားဖြင့် ခေါင်းရမ်းလိုက်သဖြင့် ထိမိုယွမ် ပြုံးကာ

'ကိုယ် မင်းကို မြင်းစီးသင်ပေးမယ်။ နောက်ရက် ညနေတိုင်း ကိုယ်လာခေါ်မယ်။ အသင့်ပြင်ထား လိုက်။ '
'ဟို...... မင်းကြီးသိရင် အပြစ်ပေးခံရလိမ့်မယ် အကိုတော်'
'ဘာကြောင့်အပြစ်ပေးမှာလဲ.... မင်းကိုပြောထားပြီးပြီလေ။ မင်း လုပ်ချင်တဲ့အရာတိုင်း ကိုယ် လုပ်ပေးမယ်။ မင်း ယောကျ်ားလေးတွေ တတ်တဲ့ပညာတွေ အားလုံးတတ်ချင်တယ်ဆို။ ပြော မင်း မြင်းစီး မတတ်ချင်ဘူးလား။'

စာဂိရိ စိတ်လှူပ်ရှားသွားသည်။မိမိတိုင်းပြည်မှာရှိကတည်းက မြင်းစီးတတ်ချင်သည်မှာ တပိုင်းသေ လု မတတ်ဖြစ်သည်။ သို့သော် မိမိ ဘဝမှန်ပေါ်သွားမည်စိုးသောကြောင့် မြင်းစီးချင်စိတ်ကို အတင်း အောင့်အီးထားခဲ့ရသည်။ ယခုသူ သင်ပေးမည်ဆိုတော့ ဝမ်းသာစွာခေါင်းညိမ့်လိုက်သည်။

'တတ်ချင်ပါတယ် အကိုတော်။'

ထိမိုယွမ်ပြုံးကာ
'ကောင်းပြီ။ မနက်ဖြန် မနက် စာဂိရိဆီကို မြင်းစီးဝတ်စုံ ပို့ခိုင်းလိုက်မယ်။ အသင့်ဝတ်ပြီး စောင့်နေနော်။ ကိုယ်လာခေါ်မယ်။'
'ဟုတ်ကဲ့။'
ထိမိုယွမ် ထွက်သွားသောအခါမှ တိုခီဝါ အခန်းထဲ ဝင်လာပြီး
'သခင်မလေး.... နောက်ရက် မင်းသားလေးရှေ့ ဆရာလေးကို အရမ်းချီးကျူး ပြောဆိုတာ မလုပ်ပါနဲ့။ မင်းသားလေးက သခင်မလေးကို တမျိုးမြင်လိမ့်မယ်။'

စာဂိရိသည် တိုခီဝါပြောသည်ကို သဘောမပေါက် သဖြင့်ပြန်မေးလိုက်သည်။
'ဘယ်လိုကြောင့် တမျိုးမြင်မှာလဲဟင်... '
'သခင်မလေးနဲ့ ဆရာလေးကို လိုတာထက ်ပိုရင်းနှီးတယ်လို့ အထင်လွဲသွားလိမ့်မယ်။ '
'လိုတာထက်ပို ရင်းနှီးတာ .... ဟင့်အင်း သူ ဘာကြောင့်မြင်မှာလဲ။ဆရာက သူ့သူငယ်ချင်းပဲလေ။
စာဂိရိ တို့က ရိုးသားပါတယ်။'
'သခင်မလေးတို့ရိုးသားပေမယ့် မင်းသားလေးက သခင်မလေးကိုအရမ်းချစ်တာဆိုတော့ သဝန် တို မှာပေါ့။ တိုခီဝါ ပြောတာကို နားထောင်ပါ။ နန်ကျောင်နန်းတော်မှာ မင်းသားလေးမျက်နှာ နဲ့ သခင်မလေးက နေရမှာ။ ပြီးတော့ သူက သခင်မလေးရဲ့ ခင်ပွန်းလောင်းလေ။ သူ စိတ်ပူအောင် မလုပ်ပါနဲ့နော်။ တိုခီဝါက သခင်မလေးကို စိုးရိမ်လို့ပြောတာပါ။'

'ဆရာနဲ့ စာဂိရိ ကြိုက်သွားမှာကို သူက စိုးရိမ်မှာလားဟင်'
'ဟုတ်တယ်။ ခဏက သခင်မလေးပြောတာ နားထောင်ရင်း သူ့မျက်နှာ သိပ်မကောင်းဘူး။ '

စာဂိရိ အံ့အားသင့်ကာ ရင်ထဲရှိသည့် အတိုင်းပြောလိုက်သည်။
'ဘယ်လိုဖြစ်နိုင်မှာလဲ တိုခီဝါရယ်။ စာဂိရိက ယောက်ျားလေးလေ။ သူ့ကိုတောင် စာဂိရိ မလွဲသာ လို့လက်ထပ်ရမှာ။ တခြားယောကျ်ားတစ်ယောက်ကို စာဂိရိ ဘယ်လိုချစ်မှာလဲ။ '

တိုခီဝါသည် ပျာပျာသလဲဖြင့် အဆောင်တံခါးဖွင့်ကြည့်ကာ အပြင်တွင် ဘယ်သူရှိသလဲပြေးကြည့် ကာ အထဲပြန်ဝင်လာပြီး
'သခင်မလေး... ဒီစကားကို နောက်ဘယ်တော့မှ မပြောရဘူးနော်။ သခင်မလေးရဲ့ အကြောင်း တခြားလူသိသွားရင် သခင်မလေး သေဒဏ်သင့်သွားနိုင်တယ်။ သခင်မလေး နေရာကို လိုချင်တဲ့ ဆွေတော်မျိုးတော် မင်းသမီးတွေ အများကြီးပဲ။ လက်ရှိ မိဖုရားကြီးက သူ့တူမတော်ကို မင်းသား လေးနဲ့ လက်ဆက်ပေးချင်နေတာ။ မင်းသားလေးက သခင်မလေးကို ချစ်ခင်စုံမက်လွန်းလို့သာ ကြည့်နေတာ။ ခုလည်း မင်းသားလေးအတွက် ဒုတိယ သတို့သမီးလောင်းကို ရွေးဦးမယ်လို့ နန်းတော်ထဲမှာ သတင်းထွက်နေတယ်။ ဒါကြောင့် သခင်မလေးက သခင်လေးရဲ့ စိတ်ကို အမိအရ ဆုပ်ကိုင်ထားဖို့လိုတယ် သခင်မလေးရဲ့။'

စာဂိရိသည် တိုခီဝါ၏ စကားကိုကြားသောအခါ ငေးမောသွားသည်။
'မိဖုရားဘဝက မကောင်းပါလား တိုခီဝါရယ်။ လက်မထပ်ခင်လည်းပူရတယ်။ လက်ထပ်ပြီးရင် လည်း ကိုယ့်ထက်ပိုချစ်တဲ့သူ ပေါ်မှာစိုးလို့ပူရတယ်နော်။သူက တခြားသူကို မိဖုရား ထပ်မြှောက် မှာ စာဂိရိ သိပြီးသားပါ။ စာဂိရိက သားသမီးမှ မမွေးနိုင်တာ။ နန်းညွန့် နန်းလျာ အတွက် စာဂိရိ ပူစရာမလိုဘူး တဲ့။သူက တခြား မိဖုရားကို မွေးခိုင်းမယ်တဲ့။ '

တိုခီဝါသည် အေးတိအေးစက်ပြောနေသော သခင်မလေးကို ကြည့်ကာ စိုးရိမ်စွာ သတိပေး၏။

'အဲ့ဒါကြောင့် ပိုပူရတာပေါ့ သခင်မလေးရယ်။ သခင်လေးရဲ့ အချစ်ကို သခင်မလေး တစ်ယောက် တည်း ပိုင်ဆိုင်ထားရင်တောင်မှာ တခြား မိဖုရားကနေ သားတော် နန်းညွန့်နန်းလျာ မွေးလာရင် အဲ့ဒီမိဖုရားက နန်းတွင်းမှာ သြဇာလွှမ်းမိုးလာနိုင်တယ်။ အဲ့ဒီအချိန်ဆိုရင် သခင်မလေးအတွက် အသက်အန္တ္တာရာယ်ရှိလာနိုင်တယ်။'
စာဂိရိသည် တိုခီဝါ၏ ရင်ခွင်ထဲ တိုးဝင်ကာ
'အဲ့လိုဖြစ်ရင် အကိုတော်ကို ပြန်လာခေါ်ခိုင်းမှာပေါ့။ သူ မချစ်တော့ရင် စာဂိရိ အိမ်ပြန်မယ်။'
တိုခီဝါသည် ကလေး အတွေးသာရှိသေးသော သခင်မလေးကို ချစ်ခင်သနားစွာ ပြန်ဖက်ထားကာ လာမှ ဆက်မပြောတော့ပေ။ လောလောဆယ် သူမလေး နှင့် မင်းသားလေး သံယောဇဉ် ပိုတိုး အောင် ကြံဖန်ပေးရုံသာရှိတော့သည်။

ထိမိုယွမ်သည် စာဂိရိ နန်ကျောင် နန်းတွင်းသို့ ရောက်ကတည်းက အတူမနေရသေးပေ။ ညတိုင်း စာဂိရိကို သတိရသော်လည်း ခမည်းတော်၏ လူယုံများစွာရှိနေသောကြောင့် ထိန်းနေရသေးသည်။ သို့သော် စာဂိရိ နှင့် မိမိ သူငယ်ချင်း စာပေပညာရှင် နိုရုန်း တို့ တနေ့တခြားရင်းနှီးလာသော ဆက်ဆံရေးကြောင့် ထိမိုယွမ် ရင်ပူလာ၏။ မိမိနှင့် ဝေးနေသည့် ခြောက်လအတွင်း စာဂိရိ မိမိ အချစ်ကို မေ့သွားပြီး နိုရုန်းကို ချစ်သွားမည်ကို စိုရိမ်မိသည်။ ထို့ကြောင့် စာဂိရိကို မြင်းစီးသင်ပေး ရန်အကြောင်းပြပြီး တောပိုင်းစံအိမ်ကို ခေါ်သွားရန် ကြံထားခြင်းဖြစ်သည်။

စာဂိရိ၏ အဆောင်သို့ရောက်သော် ဆံပင်ကို ထိပ်တွင်စုထုံးထားပြီး သေသပ်လှပသည့် မြင်းစီး ဝတ်စုံဖြင့် စာဂိရိသည် နတ်မင်းသားလေးတစ်ပါးပမာ ချောမောခန့်ညားလို့နေသည်။
စာဂိရိသည် ရှက်ကိုးရှက်ကန်းဖြင့်
'ကြည့်ရ ဆိုးနေသလား အကိုတော်။ စာဂိရိ ဒါကို ပထမဆုံး ဝတ်ဖူးတာ။'

ထိမိုယွမ်သည် စာဂိရိထံ ခြေလှမ်းကြဲကြီးဖြင့် လှမ်းလာပြီး ရင်ခွင်ထဲ ဆွဲဖက်ကာ
'အရမ်းလိုက်တယ်။ စာဂိရိ.... မင်းကို သူများတွေ ဝိုင်းကြည့်မှာ ကိုယ်စိုးရိမ်လာပြီကွယ်။ မင်းရဲ့ အလှတွေကို ကိုယ်တစ်ယောက်ပဲ မြင်ချင်တယ်။'

ထိမိုယွမ်၏ အပြောကြောင့် စာဂိရိ ကျေနပ်စွာပြုံးမိသည်။ ဘာပဲပြောပြော ထိမိုယွမ်က လှသည် ပြောတော့ စာဂိရိ ဝမ်းသာမိသည်။

'ကဲ... သွားကြစို့။ တော်ကြာ နေဝင်သွားလို့ ကိုယ်တို့ ဘာမှ မသင်လိုက်ရဘဲ ရှိမယ်။'

ထိမိုယွမ်သည် စာဂိရိ၏ လက်ကို ဆွဲကာ ခေါ်ခဲ့သည်။ ထို့နောက် စာဂိရိကို မိမိ၏ စီးတော်မြင်း တိမ်ပျံပေါ်တင်ကာ နန်းတော်မှ ဒုန်းစိုင်းထွက်လာခဲ့သည်။

စာဂိရိသည် သူ့ရင်ခွင်ထဲမှနေပြီး လေဟုန်ခွင်းကာ ပြေးနေသော မြင်းပေါ်တွင် လိုက်ပါလာရင်း စိတ်လက်ပေါ့ပါးလာသည်။ နန်းတော်ထဲမှာလို သူများအကြည့်များအောက် မွန်းကြပ်စွာ မနေရ တော့ပေ။ လေကို တစ်ဝရှူရင်း သူခေါ်ရာသို့ ယုံကြည်စွာ လိုက်ပါလာ၏။

ထိမိုယွမ်သည် စာဂိရိကို မြက်ခင်းပြင်များရှိရာ မြို့အနောက်ဘက်လွင်ပြင်သို့ ခေါ်လာပြီး အခြေခံ မြင်းစီးနည်းကို စသင်ပေးသည်။ မြင်းပေါ်တက်ပုံ၊ ဆင်းပုံ ကို ပြသပေးပြီးနောက် မြင်းဇက်ကြိုး ထိန်းပုံကို ပြသပေးသည်။ စာဂိရိကို မြင်းပေါ်တင်ပေးပြီး နံဘေးမှ လမ်းလျှောက်ကာ မြင်းဇက်ကြိုး ကိုကိုင်ကာ လိုက်ပေးသည်။

စာဂိရိသည် တယောက်တည်း မြင်းပေါ် နေရသည့် ခံစားချက်ကို သဘောကျမဆုံးဖြစ်နေသည်။
'အကိုတော် ... မြင်း ကို မြန်မြန်စီးချင်တယ်။'
'နောက်ကျရင် စီးရမှာပေါ့။ အခုက ပထမနေ့ဆိုတော့ ဖြည်းဖြည်းပဲစီးနော်။ မြင်းပေါ်က ပြုတ်ကျ ရင် စာဂိရိ သတိမေ့သွားနိုင်တယ်။ ကဲ ခဏစီးပြီးရင် ကိုယ့်ရဲ့ တောပိုင်းစံအိမ်ကို ခေါ်သွားမယ်။'
'ဟင်... ခဏလေးပဲ ရှိသေးတယ်။ စာဂိရိ မြင်းစီးချင်သေးတယ် အကိုတော်။'
'နောက်နေ့မှာ စာဂိရိ ကိုယ်လက် နာနေလိမ့်မယ်။ မနက်ဖြန်မှ ထပ်စီးကြတာပေါ့။'

စာဂိရိ သူ့စကားကြောင့် စောဒက မတက်တော့ပေ။ သူခေါ်ရာ စံအိမ်သို့ လိုက်လာခဲ့သည်။
'စာဂိရိ လာ .... '

ထိမိုယွမ်သည် စာဂိရိ၏ လက်ကို ဆွဲကာ အိမ်ထဲသို့ခေါ်ခဲ့သည်။ သစ်ကြီး၊ဝါးကြီးဖြင့် ဆောက်လုပ် ထားသော နှစ်ဆောင်ပြိုင် အိမ်ကြီးမှာ ခြံစည်းရိုးမြင့်မြင့် နောက်တွင် ခန့်ညားစွာတည်နေသည်။
ခြံထဲတွင် ကျောက်တုံးဥယျာဉ်ဖြင့် တန်ဆာဆင်ထားသည်။စာဂိရိသည် ပတ်ဝန်းကျင်ကို ငေးကြည့် ရင်း သူခေါ်ရာသို့လိုက်လာ၏။ အိမ်ထဲသို့ရောက်လာသောအခါ သူက လက်ကိုလွှတ်ပြီး စာဂိရိ ကိုဖက်ကာ
'လွမ်းလိုက်ရတာကွာ။ကိုယ် စာဂိရိကို ညတိုင်းသတိရနေတာ။စာဂိရိ ကိုယ့်ကို သတိမရဘူးလား'
'နေ့တိုင်း အကိုတော်နဲ့ တွေ့နေတာပဲ။ ဘာလို့ အကိုတော်က လွမ်းရတာလဲဟင်။'

ထိမိုယွမ်သည် စာဂိရိ၏ ရိုးသားလှသော စကားကြောင့် ရယ်လည်းရယ်ချင်သည်။ စိတ်လည်း ညစ်သွားသည်။ မိမိ ဆိုလိုသည်ကို စာဂိရိ သဘောမပေါက်ပါလား။

'ကိုယ် စာဂိရိ နဲ့ မချစ်ရတာကြာလို့ လွမ်းတယ်ပြောတာ။ ကိုယ့် အပြုအစုကို သတိမရဘူးလား'
ထိုအခါမှ စာဂိရိ မျက်နှာနီသွားပြီး
' အကိုတော်ကလည်း။ ဘာလို့ သတိရမှာလဲ။ မရပါဘူး။'
တင်ဂီရိသည် စာဂိရိကို ခုတင်ပေါ်တွန်းလှဲကာ တီးတိုးပြောလိုက်သည်။
'ကိုယ်ကတော့ စာဂိရိရဲ့ ကိုယ်သင်းနံ့လေးကို သတိရလွန်းလို့ ရုူးတော့မယ်။ ကိုယ် စာဂိရိကို အရမ်းလိုချင်နေပြီ။'
ထိမိုယွမ်သည် စာဂိရိ၏ ပါးပြင်လေးကို နမ်းပြီးပြောလိုက်သည်။ စာဂိရိသည် သူဘာလုပ်တော့မည် ကိုသိသွားပြီး သူ့ရင်ခွင်မှ ရုန်းထွက်ရန်ကြိုးစားတော့သည်။
'အကိုတော်... လွှတ်ပါ။'
'မလွှတ်နိုင်ဘူး။ ကိုယ် စာဂိရိကို ချစ်တယ်။ ချစ်ချင်ပြီ။ '
'အကိုတော် ... ဟင့်အင်း ...'

စာဂိရိ သူ့ကို ငြင်းဆန်သော်လည်း သူက ယခင်လိုပဲ အလိုရှိရာ ဇွတ်ယူသွားပြန်သည်။
အပြန်လမ်းတွင် ထိမိုယွမ်က ရွှင်လန်းနေသလောက် စာဂိရိ က နူတ်ဆိတ်ကာ လိုက်ပါလာသည်။

'စာဂိရိ .. ကိုယ့်ကို စိတ်ဆိုးနေတာလား ... ကိုယ်က စာဂိရိ ကို ချစ်လွန်းလို့ပါ။'
'စာဂိရိက အကိုတော် လက်ခုပ်ထဲက ရေပါ။ စိတ်မဆိုး ဝံ့ပါဘူး။'
'ဒါဆို ဘာကြောင့် စကားမပြောတော့တာလဲ။ '
'ပြောစရာ စကားမရှိလို့ပါ။'
ထိမိုယွမ်သည် စိတ်ကောက်နေသော ချစ်သူလေးကို ချစ်စနိုးဖြင့် ဖျစ်ညစ်ကာ
' တောင်းပန်ပါတယ်ကွာ။ ကိုယ် စာဂိရိ ကို အရမ်းချစ်လို့။ အတူနေချင်လှပြီ။ နှစ်နှစ် မစောင့်နိုင် တော့ဘူး။ လက်ထပ်ချင်ပြီကွယ်။'

'ဟင့်အင်း ... နှစ်နှစ်ပြည့်မှ စာဂိရိ လက်ထပ်နိုင်မယ် အကိုတော်။ ကတိကို မဖျက်ပါနဲ့။'

ထိမိုယွမ်သည် စာဂိရိ၏ ခါးခါးသီးသီး ငြင်းဆန်မှုကြောင့် ရင်ထဲ နာကျင်သွားသည်။
'မင်း ... ကိုယ့်ကို နည်းနည်းလေးမှ မချစ်ဘူးလား စာဂိရိ။'

'စာဂိရိ ဘယ်သူ့ကိုမှ မချစ်တတ်ဘူး။'
'မင်းအပေါ် ကိုယ်ဒီလောက် ကရုစိုက်တာတောင် မင်း ကိုယ့်ကို နည်းနည်းလေးမှ မချစ်ဘူးလား။'

စာဂိရိ သူ့ကိုလည်းလိမ်မပြောချင်၊သူ့ကိုအမှန်အတိုင်းလည်း မပြောချင်သဖြင့် ငြိမ်နေလိုက်သည်။
ထိမိုယွမ်သည် သက်ပြင်းချကာ
'ကိုယ် မင်းကို ကိုယ့် အသက်ထက် ပိုချစ်တယ် စာဂိရိ။ မင်း ကိုယ့်ကို ချစ်လာအောင် ကိုယ် ကြိုးစားမယ်။'

စာဂိရိ သက်ပြင်းရှိုက်လိုက်မိသည်။ သူ မိမိကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။
'အကိုတော် မြင်းစီးသင်ပေးတာ အဲ့ဒီ အကြံနဲ့ပေါ့။'

စာဂိရိ သူ့ကို မေးလိုက်သည်။ သူက ရယ်မောကာ
'အင်း ... ဟုတ်တယ်။ ကိုယ် စာဂိရိ ကို လွတ်လွတ်လပ်လပ် ချစ်ချင်လို့ သင်ပေးတာ။'

'အကိုတော် မကောင်းဘူး။'

'ဘာလို့မကောင်းရမှာလဲ။ စာဂိရိက ကိုယ့် ဇနီးလောင်းလေ။ ကိုယ် မင်းကို ပိုင်တယ်။ မင်းရဲ့ ကိုယ်နဲ့စိတ်ကို ကိုယ်ပဲ ပိုင်တယ်ဆိုတာ မမေ့နဲ့။မင်း ဘယ်သူ့ကိုမှ မချစ်ရဘူး။မင်းချစ်တဲ့သူတိုင်း ကို ကိုယ်သတ်မှာ။'

စာဂိရိ သူ့စကားကြောင့် ဝမ်းနည်းသွားသည်။ သူ မိမိကို မယုံကြည်လို့ ခြိမ်းခြောက်နေသည်ဟု ထင်သည်။ စာဂိရိ အဆောင်သို့ ဝမ်းနည်းစွာပြန်လာခဲ့သည်။ တိုခီဝါသည် သခင်မလေး မျက်နှာ မကောင်းသဖြင့် နှစ်ယောက်ထဲ ရှိစဉ်မေးလိုက်သည်။
'သခင်မလေး .. ညနေက ဘာဖြစ်ခဲ့လို့လဲ။ ပြန်လာတော့ မျက်နှာလည်း မကောင်းပါလား။'

စာဂိရိသည် တိုခီဝါကို အကြောင်းစုံပြောပြလိုက်သည်။ တိုခီဝါသည် စာဂိရိကို နှစ်သိမ့်ပေးသည်။
'မင်းသားလေးက သခင်မလေးကို ချစ်လွန်းလို့ သဝန်တိုပြီး ပြောတာပါ။ သခင်မလေး စိတ်မညစ် ပါနဲ့။ ပြီးတော့ မင်းသားလေးကို အလိုက်အထိုက် ဆက်ဆံလိုက်ပါ။ မင်းသားလေး သခင်မလေးကို တန်းတန်းစွဲနေဖို့ လိုတယ်။'

စာဂိရိ သက်ပြင်းရှိုက်ကာ
'လက်မထပ်ရသေးပဲနဲ့ တိုခီဝါရယ်။ ရှက်စရာကြီး။'
'သခင်မလေး သြဇာအာဏာကြီးဖို့ သူ့ကို စိတ်ချမ်းသာအောင် ထားရမှာပဲ သခင်မလေးရယ်။ ရှက်စရာရယ်လို့သဘောမထားပါနဲ့။သူက အာနန်ပြည်ရဲ့လျိူ့ဝှက်ချက်ကို သိထားပြီမဟုတ်လား'
တိုခီဝါ၏ စကားကြောင့် စာဂိရိ ရင်မောသွားသည်။ သူလိုသည်ကို မိမိလိုက်လျောရဦးမည်။
နောက်ရက်များတွင် စာဂိရိသည် ထိမိုယွမ် မင်းသားတောင်းဆိုသည်ကို မငြင်းဆန်သော်လည်း သူ့ရင်ခွင်ထဲရောက်တိုင်း စိတ်တို့တင်းကြပ်ကာ ကိုယ်ကပျော့ပြောင်းမှူမရှိ တောင့်တင်းနေသည်။ ထိမိုယွမ်သည် မျက်လုံးတင်းတင်းမှိတ်ထားသော ချစ်သူလေးကို သနားလည်း သနားသည်။မိမိ ကို နဲနဲမှ ချစ်မလာသော ချစ်သူလေးကိုဒေါလည်းပွသည်။ မိမိ စိတ်ဆိုးကာပြောလျှင် မျက်နှာငယ်လေး လေး နှင့် မျက်လွှာချထားသည်ကို တွေ့သော် ဒေါသတို့ပြေကာ သနားစိတ်ဝင်ရစမြဲပင်။

'မင်းနဲ့တော့ ခက်နေပြီ စာဂိရိရယ်။ မင်း အသည်းက မာလှချည်လား။ ကိုယ့် အချစ်ကို နည်းနည်း မှ အသိအမှတ် မပြုသေးပါလား။'

ထိမိုယွမ် ပြောသည်ကို စာဂိရိ မည်သို့မှ မတုန့်ပြန်ပေ။ မိမိနှင့် စကားသိပ်မပြောသလောက် စာပေပညာရှင် နိုရုန်းနှင့် သင်ကြားစဉ် စာဂိရိ ပြုံးရယ်ကာ စိတ်ပါလက်ပါ ကဗျာစာပေ အကြောင်း ဆွေးနွေးလေ့ရှိသည်။ ထိုအကြောင်းကြောင့် ထိမိုယွမ် စာဂိရိ ကို စိတ်မချနိုင်ခြင်းဖြစ်သည်။

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now