ပန်းပွင့်သတို့သမီးအပိုင်း (၆)

2.3K 201 0
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၆)

စာဂိရိ၏ ပြတင်းတံခါးကို အသာခေါက်လိုက်စဉ် စာဂိရိ ကိုယ်တိုင်ဖွင့်ပေး၏။ ထိမိုယွမ် ပြတင်းမှ ကျော်ဝင်ပြီး နောက် စာဂိရိကိုယ်သေးသေးလေးကို ဆွဲဖက်လိုက်သည်။ စာဂိရိက တစ်ချက်တွန့်သွားသော်လည်း ခါးခါးသီးစွာ မရုန်းသဖြင့် ထိမိုယွမ် အားတက်သွားသည်။

'စာဂိရိ ...အချစ်လေးကို လွမ်းလိုက်ရတာကွယ်...'
ထိမိုယွမ် ပြောရင်း ပါးပြင်နုနုလေးကို နမ်းလိုက်သည်။

စာဂိရိ၏ မျက်နှာ ရဲခနဲဖြစ်သွားပြီး သူ့ရင်ခွင်မှ ရုန်းထွက်ကာ
'အကိုတော် ... တံခါးပိတ်လိုက်ဦးမယ်.... ရဲမတ်တွေမြင်သွားလိမ့်မယ် ...'

ထိမိုယွမ် မချင့်မရဲဖြင့် လွှတ်ပေးလိုက်ပြီး စာဂိရီ၏ ကုတင်ပေါ်ဝင်ထိုင်ကာ ချစ်သူလေး၏ လှူပ်ရှားပုံလေးကို ချစ်စနိုးဖြင့် ကြည့်နေမိသည်။

'လာ ... ကိုယ့် ရင်ခွင်ထဲကို .... ကိုယ် စာဂိရီကို ပွေ့ပါရစေဦး...'

စာဂိရိ သူ့နံဘေးကို မရွံမရဲ ကပ်လာခဲ့သည်။ အနားရောက်သော် ထိမိုယွမ် သည် ချစ်သူလေးကို ဆွဲကာ ပေါင်ပေါ် ထိုင်စေပြီး
'စာဂိရိရဲ့ ကိုယ်လေးက မွှေးနေတာပဲ ... အခုလို စာဂိရိကို တသက်လုံး ဖက်ထားခွင့်ရတော့မှာ ဆိုတော့ ဝမ်းသာလိုက်တာ စာဂိရိလေးရယ် .. မင်းလေးရဲ့ မျက်နှာလေးကို မြင်ရင် ကိုယ့်ရဲ့စိတ်တွေ လုံခြုံသွားတယ်။
မင်းကိုယ့်ကို မမုန်းဘူးလို့သိရတာ အရမ်းဝမ်းသာတာပဲ...'

'အကိုတော်လို အင်အားကြီး တိုင်းပြည်က မင်းသားကို ဘယ်သူက မုန်းဝံ့မှာလဲ ... '

'ဒါတွေမတွေးပါနဲ့ .. ကိုယ် စာဂိရိကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူး။ ကိုယ်စာဂိရိကို တသက်လုံး ချစ်သွားမယ်။ ကြင်နာသွားမယ်။ ပြီးတော့ ဝမ်းသာစရာ သတင်းပြောရအုံးမယ်။ နောက် နှစ်ရက်ဆိုရင် ကိုယ့် ခမည်းတော်လွှတ်လိုက်တဲ့ သံတမန်အဖွဲ့ရောက်ပြီ။ စာဂိရိ ကို ကိုယ်ပိုင်ရတော့မယ်။ ခမည်းတော် ကိုယ်တိုင် လက်ထပ်ပွဲကို လာကျင်းပ ပေးလိမ့်မယ်။ လက်ထပ်ပြီးရင် ကိုယ်တို့နေပြည်တော်ကို ပြန်ကြမယ်။ စာဂိရိကို နန်ကျောင်ပြည်ရဲ့ အလှပဆုံးနေရာတွေ လိုက်ပို့ပေးမယ်။'

စာဂိရိ သူ့စကားကြောင့် ရင်ထိတ်သွား၏။
'အကိုတော် .. စာဂိရိ ပြောစရာရှိလို့...'
'ပြော ... ဘာများလဲ ... မင်္ဂလာကို ဘယ်လိုကျင်းပချင်လဲ.. ကိုယ်စာဂိရိ စိတ်တိုင်းကျ အားလုံးလုပ်ပေးမယ်။ တိုင်းပြည်တကာမှာ အခမ်းနားဆုံး မင်္ဂလာပွဲ ဖြစ်ရစေမယ်။ '
'ဟင့်အင်း ... မဟုတ်ဘူး အကိုတော်။ စာဂိရိ လက်မထပ်ချင်ဘူး။ '
'ဘာ .. စာဂိရိ ကိုယ့်ကို လက်မထပ်ချင်ဘူး ဟုတ်လား ...'

ထိမိုယွမ် ဒေါသထွက်သွားသည်။ စာဂိရိ၏ ကိုယ်လေးကို ဖျစ်ညစ်လိုက်ပြီး

'ကိုယ် စကားကုန်ပြောထားပြီးသား ... စာဂိရိ ကိုယ့်ကို လက်မထပ်ရင် အာနန်ပြည်ကို စစ်ခင်းပြီး ရအောင်ယူမယ်။ '

'မဟုတ်ဘူး .. အကိုတော် .. စာဂိရိပြောတာ နားထောင်ပေးပါအုံး ... '
ထိမိုယွမ်သည် မျက်နှာငယ်လေးနှင့် ပြောနေသော စာဂိရိကို သနားသဖြင့် ခေါင်းညိမ့်လိုက်သည်။

စာဂိရိ မျက်နှာလွှဲကာ တိုးတိုးပြော၏။
'စာဂိရိ ကို အကိုတော် ချစ်ချင်ရင် ချစ်ပါ။ စာဂိရိ အကိုတော် ကို ပြုစုပေးပါ့မယ်။ ဒါပေမယ့် လက်မထပ်ပါရစေ နဲ့။ ပြီးတော့ စာဂိရိကို အသက်ဆယ့်ငါးနှစ်ပြည့်ရင် အကိုတော်တင်ဂီရိ က ယောကျ်ားလေး ဘဝရအောင် ပြန်လုပ်ပေးမယ်လို့ပြောတယ် .. စာဂိရိ ယောကျ်ားလေး လိုဝတ်ချင်တယ်။ စာရေးချင်တယ်။ မြင်းစီးချင်တယ်။ လွတ်လွတ်လပ်လပ်နေချင်တယ်။'
ထိမိုယွမ် ဖြတ်ပြောလိုက်သည်။
'ကိုယ်နဲ့ လက်ထပ်ပြီးရင် မင်းဖြစ်ချင်တဲ့အတိုင်း ကိုယ်နေခွင့်ပြုမယ်။ စာရေးသင်ခွင့်ရမယ်။ မြင်းစီးလို့ရတယ်။ လွတ်လွတ်လပ်လပ် ဝတ်လို့ရတယ်။ ကိုယ်ခွင့်ပြုတယ်'
'အကိုတော်ရဲ့ ခမည်းတော်က ခွင့်ပြုမှာမဟုတ်ဘူး'
'မင်းကိုယ့် မိဘုရားဖြစ်သွားရင် ကိုယ့်ခွင့်ပြုချက်ပဲ လိုတယ်။ ဘယ်သူမှ မင်းကို ပြောခွင့်မရှိဘူး'

စာဂိရိ သူ့ကို တချက်မော့ကြည့်ကာ
'အကိုတော်ရဲ့ ဇနီး ဘဝနဲ့ မနေပါရစေနဲ့။ စာဂိရိက အကိုတော်အတွက် ရင်သွေးလည်း မမွေးပေးနိုင်ဘူး။ အကိုတော်က တခြားမိဖုရားတွေထားမှာ။ သူတို့က သားသမီးမွေးပေးပြီး နောက်ပိုင်း အကိုတော်က စာဂိရိကို မချစ်တော့လို့ စွန့်ပစ်ခဲ့ရင် နန်ကျောင်နန်းတော်မှာ စာဂိရိ တယောက်တည်း အထီးကျန်ဘဝနဲ့ နေရမှာ ..။ ဒါကြောင့် စာဂိရိ အကိုတော်ကို လက်မထပ်ချင်ဘူး။ စာဂိရိရဲ့ အသွေးအသားတွေကို လိုချင်ရင် အကိုတော် ကျေနပ်တဲ့အထိယူပါ။ ညတိုင်း အကိုတော်ကို ပြုစုပေးပါ့မယ်။ ဒါပေမယ့် ....'

ထိမိုယွမ်သည် စာဂိရိ၏ နူတ်ခမ်းကို စကားဆက်ပြောခွင့်မပေးတော့ပဲ အနမ်းနှင့်ပိတ်လိုက်ပြီး အိပ်ယာပေါ် လှဲချပြီး ညစ်ကျယ်ကျယ်ပြုံးကာ
'စာဂိရိ ကိုယ့်ကို ဘယ်လိုပြုစုပေးမှာလဲ သက်သေပြလေ။ ကိုယ်ကျေနပ်အောင် ပြုစုနိုင်ရင် စာဂိရိပြောတာကို ကိုယ် စဉ်းစားပေးမယ် ...'
'စာဂိရိ ဘယ်လိုပြုစုရင် အကိုတော်ကျေနပ်မှာလဲ'
'ကိုယ်စိတ်ရော ကိုယ်ပါ ပျော်သွားအောင် လုပ်ပေးရင်ကျေနပ်မယ်'

စာဂိရိ စိတ်ပူသွား၏။ သူ့ကို ဘယ်လိုပြုစုပေးရမှန်း မိမိ တကယ်ကို မသိသောကြောင့်ဖြစ်သည်။

'အဲဒါ ဘယ်လိုလုပ်ရမှာလဲဟင်...'

ထိမိုယွမ် ပြုံးကာ
'စာဂိရိ မသိဘူးလား။ ဒါဆို ဒီနေ့ ကိုယ် သင်ပြပေးရမှာပေါ့။ နောက်နေ့ ကိုယ်သင်ထားတဲ့အတိုင်း ပြန်ပြုစုပေး ရမယ်။ ဘယ်လိုလဲ။'

စာဂိရိ ခေါင်းညိမ့်လိုက်၏။ ထိမိုယွမ်သည် ရိုးသားသော စာဂိရိ ကို ချစ်လည်းချစ်၊ သနားလည်း သနားသွား၏။
အာနန် မင်းသားလေးသည် လူ့လောကအကြောင်း ဘာဆိုဘာမှ မသိအောင် ရိုးသားလွန်းလှသည်။ ဒီလိုရိုးသား ပုံနှင့်ဆိုလျှင် မိမိ သူ့ကို မကာကွယ်ပေးပါက မကြာခင် ဟိုကောင်တွေ လက်ချက်မိတော့မည်။ ထိမိုယွမ်သည် စာဂိရိကို အထိအတွေ့ဖြင့် မိမိကို စွဲလန်းအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ စာဂိရိ ကို မိမိ လုံး၀ လက်လွှတ် မခံနိုင်ပေ။

ထိမိုယွမ်သည် စာဂိရိ၏ နူတ်ခမ်းလေးကို ညင်သာစွာနမ်းလိုက်သည်။ စာဂိရိသည် မျက်လုံးမှိတ်ထားသော်လည်း သူလုပ်သမျှကို သိနေသဖြင့် မျက်နှာပူရှိန်းနေ၏။ သူကစာဂိရိ၏ မျက်နှာပြင်အနှံ့ ကြင်နာစွာနမ်းရင် လည်တိုင်ကို အနမ်းခြွေနေပြန်သည်။ သူ့လက်များက စပါးကြီးမြွေလို စာဂိရိကိုယ်ကို ရစ်ပတ်ပြီး အသာအယာကိုင်တွယ် ပွတ်သပ်နေသဖြင့် ရှက်အားပိုရပြန်သည်။
'အို ..'
သူက စာဂိရိ၏ အဝတ်များကို ဆွဲချလိုက်သဖြင့် အပေါ်ပိုင်း ဟင်းလင်းပွင့်သွားသဖြင့် စာဂိရိ အလန့်တကြား လေး ရေရွတ်ကာ မျက်လုံးဖွင့်ကြည့်မိသော် ချစ်ရည်လဲ့သော သူ့မျက်ဝန်းများကို ရင်ဆိုင်မိသဖြင့် မျက်နှာလွှဲ ထားလိုက်မိသည်။ သူ့အကြည့်ကို စာဂိရိ ရင်ဆိုင်မကြည့်ဝံ့အောင် ရှက်နေမိသည်။ သူက စာဂိရိ၏ ပုခုံန်းသား ဖြူဖြူလေးများကို မွတ်မွတ်သိပ်သိပ်နမ်းပြီး ရင်ဘတ်ကို နမ်းနေပြန်၏။ ရင်ဘတ်မှ အသီးလေးကို သူနမ်းလိုက် စဉ် စာဂိရိ ကိုယ်လေးကော့တက်သွားအောင်ပင် အူယားသွားမိသည်။ထိုနေရာကိုထိလျှင် ဒီလောက် စိတ်လှုပ်ရှား မည်မှန်းမိမိလုံးဝမသိခဲ့ပေ။
'အ ... အကိုတော် ... တော်ပါတော့ ...'

စာဂိရိ စိတ်လှူပ်ရှားစွာတောင်းပန်သော်လည်း သူက နားမထောင်ပေ။ နီမြန်းသော ရင်သားထိပ်လေးကို လျှာနှင့် ကလိလိုက် နမ်းလိုက်၊လက်နှင့် ဖွဖွညစ်ခြေလိုက်ဖြင့် စာဂိရိကို နှိပ်စက်နေတော့သည်။ စာဂိရိ သူ့ရင်ခွင်အောက် လှိမ့်နေအောင် ခံစားနေရသည်။ သူ့နူတ်ခမ်းများက ပူပြင်းလွန်းလှသည်။ သူ့အထိအတွေ့များက စာဂိရိကို ဘာမှန်းမသိပဲ တကိုယ်လုံးသွေးတိုးနှူန်းမြန်လာစေသည်။ သူ့အနမ်းက အောက်ကို တဖြည်းဖြည်းရွေ့လျားသွား သည်။
'ဟင့်အင်း .. မလုပ်ပါနဲ့ ...'
ခါးဝတ်ကို အသာချွတ်တော့ စာဂိရိ အလန့်တကြားလေးငြင်းမိသည်။ ထိုတည၏ နာကျင်မှူကို သတိရပြီး ထိတ်လန့်လာ၏။

'ဒါဆို စာဂိရိ ကိုယ့်ကို လက်ထပ်မှာလား ပြော ...'

သူ့စကားကြောင့် စာဂိရိ ငြိမ်သက်သွားတော့သည်။ သူက စာဂိရိကို မယုံကြည်စရာကောင်းအောင်ကို ပြုစုပေးသည်။ သူ့အာငွေ့နွေးနွေးကြောင့် စာဂိရိ မအောင့်နိုင်ပဲ ညည်းညူကာ လူးလိမ့်နေရသည်။ မကြာခင်မှာ သူ့ကြောင့် စာဂိရိ မခံစားဖူးသော အရသာကို ခံစားလိုက်ရသည်။ တိမ်တွေပေါ်လမ်းလျှောက်ရသလို တလှပ်လှပ် နှင့် စာဂိရိ မူးမူးမေ့မေ့ ခံစားနေရသည်။

'စာဂိရိ ....'
သူ့ခေါ်သံကြောင့် စာဂိရိမျက်လုံးဖွင့်ကြည့်မိသောအခါ သူက ပြုံးပြီးကြည့်နေသည်ကိုတွေ့ရသောကြောင့် စာဂိရိ ရှက်သွား၏။ မိမိ၏ အဝတ်ကင်းမဲ့သောကိုယ်လေးကို စောင်ဖြင့်ဖုံးကွယ်လိုက်သည်။
'စာဂိရိ ... ဘယ်လိုလဲ ... ကိုယ်ပြုစုပေးတာ ကောင်းတယ်မဟုတ်လား ... ကဲ ကိုယ် စာဂိရိကို ချစ်ချင်လာပြီ ..'

သူကပြောပြီး စာဂိရိ ကို ဆွဲမှောက်လိုက်ပြီး သူလိုချင်သည်ကို ရအောင်ယူတော့သည်။
'စိတ်အေးအေးထား။ ကိုယ်ကိုလျှော့ထား။ ကိုယ် ကြင်ကြင်နာနာချစ်မှာပါ။'
စာဂိရိ သူပြောသည့်အတိုင်းလုပ်သည့်တိုင် ချွေးပြန်အောင် ကြောက်နေမိသည်။ နာကျင်မှူကြောင့် အိပ်ယာခင်းစကို ပါးစပ်ထဲထည့်ကာ ကိုက်ထားမိသည်။
ထိမိုယွမ်သည် တဖြည်းဖြည်းနှင့် အရှိန်ရလာသောအခါ မြန်လာ၏။
'စာဂိရိ အသက်ကို အောင့်မထားနဲ့။အသံထွက်ပြီး ညည်းချင်ညည်းလိုက်။ ကိုယ်စာဂိရိရဲ့ အသံလေးကို ကြားချင်တယ်။'

စာဂိရိ သူပြောသည်ကို ကြားသော်လည်း ရှက်လွန်းသဖြင့် အောင့်လို့သာနေသည်။ သူက စာဂိရိကို ပက်လက်လှန်လိုက်ပြီး မျက်နှာချင်းဆိုင် အနေအထားဖြင့် ချစ်တင်းနှောရင်း အနမ်းခြွေနေပြန်သည်။ သူက ချစ်တင်းနှောရင်း စာဂိရိ၏ ငယ်ပါလေးကို ကိုင်ပြီး အထက်အောက်ကွင်းတိုက်ပေးနေ၏။

စာဂိရိသည် ပထမ နာသော်လည်း တဖြည်းဖြည်းနှင့် သက်သာလာသောအခါ တကိုယ်လုံး သွေးပွက်ပွက်ဆူ မတတ်ခံစားနေပြီး မိမိကိုယ်ထဲမှ တစုံတရာနိုးထလာသလိုခံစားလိုက်ရသည်။ နောက်ဆုံး မိမိကိုယ်ထဲ ပူပြင်းသော စီးကြောင်းတစ်ခုစီးဝင်လာပြီးနောက် မိမိကိုယ်မှလည်း တစုံတခုကို ပန်းထုတ်လိုက်မိသည်။

ထိမိုယွမ် မင်းသား ချွေးများနှင့် မိမိဘေးကိုလှဲအိပ်လာသည်ကိုသိလိုက်ပြီး မိမိသည်လည်း အမှတ်တမဲ့ အိပ်ပျော်သွားတော့သည်။ နိုးလာသောအခါ ထိမိုယွမ်မင်းသား မရှိတော့ပေ။ မိမိကိုယ်က အရင်တခါလောက် မနာကျင်တော့သည်ကိုလည်း သတိပြုမိသည်။

စာဂိရိသည် ရေချိုးရင်း ညက သူပြုစုပေးပုံကိုပြန်တွေးနေမိသည်။
'အင်း ... သူ့ အတိုင်းလိုက်လုပ်ရမှာ ရှက်စရာကောင်းလိုက်တာ။ ဒါတောင် သူလိုမင်းသားက ဘာကြောင့် ဒါတွေလုပ်နေပါလိမ့်။'

စာဂိရိ တွေးရင်း သက်ပြင်းရှိုက်မိသည်။
'ဘာတွေ သက်ပြင်းချနေတာလဲ။ အသက်တိုလိမ့်မယ်'

အနားနားကပ်ပြောသော စကားသံနှင့်အတူ အနောက်မှသိုင်းဖက်ရင်း ပါးပြင်ကိုနမ်းခံလိုက်ရသဖြင့် စာဂိရိ တုန်သွား၏။
'အကိုတော် ... ဘာကြောင့်လာတာလဲ'
'စာဂိရိနဲ့ ရေအတူချိုးချင်လို့ပေါ့'
'မလုပ်ပါနဲ့။ အပျိုတော်တွေ သိကုန်လိမ့်မယ်။'
'မသိပါဘူး။ အပြင်မှာ တိုခီဝါ ရှိတယ်။'
သူက ပြောပြောဆိုဆို ရေကန်ထဲ ဆင်းလာ၏။ စာဂိရိကို သိုင်းဖက်ရင်း အနမ်းပေးပြန်သဖြင့် စာဂိရိ သူ့ရင်ဘတ်ကို တွန်းကာ ငိုမဲ့မဲ့ပြောလိုက်သည်။
'အကိုတော် တင်ဂီရိ သိသွားရင် အသတ်ခံရမှာ ..'
'ကိုယ့် ချစ်သူကို အသတ်ခံပါ့မလား ...မပူပါနဲ့ ... လာပါအုံး စာဂိရိလေး ... ကိုယ် သင်ပေးသလို ကိုယ့်ကို ပြန်ပြုစု ပေးပါအုံး'

'ဟင့်အင်း ... ညမှ ...'
ထိမိုယွမ်သည် အရမ်းကို ရှက်နေသော စာဂိရိကြောင့် အလျှော့ပေးလိုက်ပြီး ဖြူဖွေးသောကိုယ်လေးကိုသာ အနှံ့ အနမ်းမိုးရွာလိုက်တော့သည်။ စာဂိရိ၏ လည်ပင်းနှင့် ရင်ဘတ်လေးများကို ပြင်းပြစွာ နမ်းလိုက်၏။ တမင် အညို အမည်းစွဲအောင် နမ်းလိုက်သည်။ ဒါကို ဖြူစင်သော စာဂိရိက မသိပေ။ မိမိကတော့ အကြံဖြင့် အမှတ်အသား များ ပေးနေခြင်းဖြစ်သည်။

စာဂိရိသည် သူထွက်သွားမှ သက်ပြင်းရှိုက်မိသည်။ ညရောက်မှာကို ကြောက်နေမိသည်။ ဘာဖြစ်ဖြစ် သူကျေနပ် အောင်ပြုစုပေးနိုင်လျှင် သူ့ကို မိမိလက်ထပ်ဖို့မလိုတော့ပေ။ တညတာ အောင့်အီးလိုက်လျှင် တဘဝလုံး လွတ်လပ်သွားမည်ဟု ရိုးရိုးသားသားတွေးကာ စိတ်ကိုတင်းထား၏။ ထိမိုယွမ်ပြောသည့် စကားကို စာဂိရိက တကယ်ထင်မှတ်နေရှာသည်။

စာဂိရိသည် သူထွက်သွားပြီးမှ ရေကန်ကထရဲတော့သည်။
'တိုခိဝါ'
'လာပါပြီ သခင်မလေး...အို... '
တိုခီဝါသည် သခင်လေးကိုယ်မှ ထိမိုယွမ်မင်းသားခပ်နှိပ်လိုက်သော တံဆိပ်များကိုတွေ့သော် မျက်နှာပျက်သွား ၏။ မင်းသားဘာကို ရည်ရွယ်သည်ကို အနည်းငယ်ရိပ်မိသွားသည်။ တိုခီဝါသည် သခင်လေးကိုယ်ကို ဝတ်ရုံဖြင့် လုံခြုံအောင် ခြုံပေးပြီး အခန်းထံခေါ်ခဲ့သည်။ အခြွေရံများကို နှင်ထုတ်လိုက်ပြီ တံခါးကို သေသေချာချာပိတ်ကာ

'သခင်မလေးကိုယ်ပေါ်က အမှတ်တွေ လူမြင်ခံလို့မဖြစ်ဘူး။ အထူသဖြင့် အိမ်ရှေ့ကိုယ်တော်လေးမြင် လို့ မဖြစ်ဘူးနော်။'

'ဘာအမှတ်တွေလဲ တိုခီဝါ'
စာဂိရိက နားမလည်စွာမေးလိုက်သည်။ တိုခီဝါက ကြေးမုံရှေ့ ခေါ်ပြမှ ကိုယ်မှ အညိုအမည်းများကိုတွေ့သော် လန့်သွားသည်။
'ဒါတွေက ဘာတွေလဲ။ ဘယ်တုန်းက ဖြစ်လာတာလဲ။ ဘာကြောင့် ညိုမည်းနေတာလဲ တိုခီဝါ'
'အဲဒါ ထိမိုယွမ်မင်းသား နမ်းထားတဲ့ အရာတွေပါ သခင်မလေး'
'ဒုက္ခပါပဲ ။ သူက ဘာလို့ အဲ့လိုလုပ်ရတာလဲ'
'သခင်မလေးနဲ့ ချစ်နေတာ သက်သေကျန်အောင်လုပ်ထားတာပါ။ သူက အိမ်ရှေ့ကိုယ်တော်လေးတို့ကိုတွေ့ စေချင်လို့ လုပ်ထားတာထင်တယ်။'
စာဂိရိ စိတ်ရှူပ်သွားသည်။ သူက မိမိ နှင့် သဘောတူထားတာတောင် ဘာကြောင့် ဒီလိုလုပ်သည်ကို နားမလည် နိုင်ဖြစ်သွားသည်။
'သူနဲ့ စာဂိရိက သဘောတူထားပြီလေ။ ဒါတောင်သူက ဘာလို့ဒီလိုလုပ်ရတာလဲ'
စာဂိရိ စိတ်ရှူပ်စွာမေးလိုက်သည်။ တိုခီဝါသည် စာဂိရိ သခင်လေးကို ကြင်နာစွာထွေးပွေ့ကာ
'သူက သခင်လေးကို တကယ်ချစ်တယ်ထင်ပါရဲ့။ သခင်လေးကိုသူရအောင်ယူဖို့ စီစဉ်ထားတာပဲ'
ဟုစိတ်ထဲမှ တိတ်တခိုးလေးတွေးမိသည်။
ထိုစဉ် အပျိုတော်တစ်ဦးမှ
'သခင်မလေး ... အိမ်ရှေ့မင်းသားရောက်နေပါတယ်။'
စာဂိရိ လန့်သွားပြီး
'တိုခီဝါ လုပ်ပါဦး ။ အကိုတော်မြင်ရင် စာဂိရိကို သတ်လိမ့်မယ်'

'အဝတ်မြန်မြန်လဲပြီး ထွက်တွေ့လိုက်ပါ သခင်မလေး။ '

'အကိုတော်ကို အဝတ်လဲနေလို့ ခဏစောင့်ဖို့ပြောလိုက်ပါကွယ်'
စာဂိရိ သည် တိုခီဝါ ပေးသည့် ဝတ်စုံကို လုံခြုံစွာ ဝတ်ပြီး ထွက်လာ၏။ အဆောင်အပြင်တွင် အကိုတော်ကို ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ ခါတိုင်းနှင့်မတူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

'အကိုတော် ..'
'စာဂိရိ ...ဒီရက် အပြင်ကို လုံးဝမထွက်နဲ့နော်။ နန်ကျောင်ပြည်က သမီးတောင်းမယ့် သံအဖွဲ့ မနက်ဖြန် ရောက်မယ်လို့ အထောက်တော်တွေဆီက စာလာတယ်။ '

'အကိုတော် ... သူတို့ကို ငြင်းလိုက်မလို့လား'
'ပရိယာယ်ဆင်ပြီး ငြင်းရမှာပေါ့။ စာဂိရိ ငယ်သေးတယ်လို့ အကြောင်းပြပြီး အချိန်ဆွဲထားလိုက်မယ်။ တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ဆွဲလို့ရရင် အဆင်ပြေပြီ။ အဓိက သူတို့ စာဂိရိကို မြင်မသွားဖို့ပဲ။ ထိမိုယွမ်ကို အထူး ကရုစိုက်ပါ။ သူသာ စာဂိရိကို တွေ့သွားရင် အကိုတော် ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ သူက စစ်ခင်းပြီး စာဂိရိကို ရအောင်ယူလိမ့်မယ်။ အဲ့ဒီအခါ အမှန်တရားပေါ်ပေါက်သွားရင် ခမည်းတော်တော့ တိုင်းပြည်တကာ အလယ်မှာ ခေါင်းဖော်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အကိုတော် အရေးတကြီးလာခဲ့တာ'

စာဂိရိသည် အကိုတော်၏ စကားကိုကြားသော် မျက်နှာသွေးဆုတ်သွား၏။ ထိမိုယွမ် မိမိကို တွေ့သွားရုံမျှမက မိမိခန္ခကိုယ် ကိုပင် ရအောင်ယူသွားပြီးလေပြီ။ စာဂိရိ တွေးပြီး တုန်လှုပ်လာ၏။ သူ စာဂိရိကို လှည့်စားနေသည် ကိုလည်း သိလာလေပြီ။ မိမိ ဘယ်လိုလုပ်လုပ် သူ ရအောင်ယူတော့မည်။ မိမိငြင်းလျှင် သူ စစ်ကြေငြာ တော့မည်။
'စာဂိရိ ... နေမကောင်းဘူးလား။ မျက်နှာက ဖြူဖျော့နေတာပဲ။ ခဏပဲ သည်းခံပေးပါကွယ်။ အကိုတော် စာဂိရိ ကို လွတ်လပ်တဲ့ ဘဝပေးပါ့မယ်။ အကိုတော်ရဲ့ ညီလေးကို အကိုတော်ကာကွယ်သွားပေးမှာပါ။ ဘာမှ မပူနဲ့။'

'အကိုတော်'
စာဂိရိ သည် အကိုတော်၏ စေတနာ နှင့် ပူပန်မှူကိုကြားသော် စိတ်မထိန်းနိုင်ပဲ အကို့ရင်ခွင်ထဲတိုးဝင်ပြီး ရှိုက်လိုက်မိသည်။
တင်ဂီရိ လန့်သွားပြီး စာဂိရိကို ထွေးပွေ့ကာ
'စာဂိရိ ဘာဖြစ်လို့လဲ။ ဘာမှမပူပါနဲ့။ အကိုတော် ဒီကိစ္စကို ကိုင်တွယ်နိုင်ပါတယ်။ မကြောက်နဲ့နော်။ အကိုတော်ပြောတာပဲ သေချာနားထောင်။ အဆောင်ထဲက မထွက်နဲ့နော်။'

'သူ တို့က စစ်ကြေငြာရင် ဘယ်လိုလုပ်မလဲ။'

'မကြေငြာနိုင်ပါဘူး။ အကိုတော်က အပြတ်ငြင်းတာမှ မဟုတ်ပဲ။ အချိန်ဆွဲထားမှာဆိုတော့ ... ရပါတယ်။'

'သူတို့ဘက်က ချက်ချင်း လက်ထပ်ချင်တယ် ပြောရင် ဘယ်လိုလုပ်မှာလဲ'

'ဟား ... ဟား .. ဟား ... စာဂိရိက ချက်ချင်းလက်ထပ်ဖို့ တောင်းဆိုမှာကြောက်နေတာလား။ ထိမိုယွမ် အကြောင်းကို အကိုတော် သိပါတယ်။ သူက မိန်းကလေးတွေကို သိပ်ပြီး အလေးအနက်ထားတတ်တဲ့သူ မဟုတ်ဘူး။ တစ်နှစ်လောက် အချိန်ဆွဲနိုင်ရင်ရပြီ။ ဒီတနှစ်အတွင်း သူ စာဂိရိကို မေ့သွားလိမ့်မယ်။ သူက အဲဒီ လိုလူစား.. ဟုတ်ပြီလား။ ဘာမှ မစိုးရိမ်နဲ့တော့နော်။'

အကိုတော်၏ စကားကိုကြားမှ စာဂိရိ ပိုစိုးရိမ်လာ၏။ မိန်းကလေးတွေကို မစွဲလန်းဘူးဆိုတာ သူပြောသွားသလို ပင်။ သူက ယောကျ်ားလေးဖြစ်လို့ မိမိကို လိုချင်တာပါတဲ့။ စာဂိရိ ရူးချင်လာသည်။ ကြောက်စိတ်က တကိုယ် လုံးကို ပျံ့နှံ့လာလေပြီ။ မိမိ တိုင်းပြည်မှ ထွက်ပြေးသွားလျှင် ထိမိုယွမ် မိမိတို့တိုင်းပြည်ကို ဒုက္ခပေးနိုင်မည်လား ဟုတွေးကာ သက်ပြင်းခိုးလေးချမိသည်။ အကိုတော်ပြန်သွားသည်အထိ စာဂိရိ ထိုင်ခုံပေါ် ငူငူကြီး ထိုင်နေမိ သည်။

ည သူလာသောအခါ စာဂိရိ သူနှင့် ဝေးဝေးတွင်ရပ်နေသဖြင့် ထိမိုယွမ်က ပြုံးကာ
'ကဲ မနေ့က ကိုယ်သင်ပေးထားသလို ကိုယ့်ကို ပြန်မပြုစုပေးတော့ဘူးလား။'

စာဂိရိ သူ့ကို စိုက်ကြည့်ကာ
'အကိုတော် စာဂိရိ ကို ကစားနေတာ။ စာဂိရိ အကိုတော်ကို ပြုစုပေးလည်း အကိုတော် စာဂိရိကို လက်ထပ်မှာ ပဲ မဟုတ်လား။'

ထိမိုယွမ် ပြုံးရုံပြုံးကာ ထိုင်ခုံပေါ် ဝင်ထိုင်ပြီး ခပ်အေးအေးပြောလိုက်သည်။
'ဟောဗျာ ... ကိုယ်နဲ့ စာဂိရိ သဘောတူထားပြီးပြီလေ။ စာဂိရိ ကိုယ့်ကို ကျေနပ်အောင်ပြုစုပေးရင် စာဂိရိ တောင်းဆိုတာ စဉ်းစားပေးပါ့မယ်။ ဒါပေမယ့် စာဂိရိ ကိုယ့်ကို ဒီည မပြုစုချင်လည်းရပါတယ်။ ကိုယ်တို့ လက်ထပ်ပြီး ရင် တစ်ဘဝလုံး အချိန်ရှိသေးတယ်။'

စာဂိရိ သူ့စကားကို မယုံပါ။ သို့သော် သူပြောသည့် အတိုင်းမလုပ်လျှင် သူနှင့် လက်ထပ်ရမည်ကိုလည်း ကြောက်သည်။ ထို့ကြောင့် စာဂိရိ မျက်ရည်ဝိုင်းလာ၏။

ထိမိုယွမ်သည် စာဂိရိထံသို့ ခြေလှမ်းကျဲကြီးဖြင့် လာပြီး စာဂိရိ၏ ကိုယ်လေးကို ရင်ခွင်ထဲသွင်းကာ နဖူးလေးကို နမ်းပြီး ကြင်နာစွာပြောလိုက်သည်။
'မငိုပါနဲ့။ ကိုယ် စာဂိရိကို စိတ်ချမ်းသာစေချင်တာပါ။ ကိုယ့်ကြောင့် စိတ်ရှူပ်ရတာ တောင်းပန်ပါတယ်ကွယ်'

'ဝုန်း'
'စာဂိရိ ဘယ်မှာလဲ'
'အကိုတော် ..'
ထိုစဉ် အဆောင်တံခါးတွန်းဖွင့်သံကြားလိုက်ရပြီး အခန်းထဲ အကိုတော်ဝင်လာသည်ကို တွေ့သော် စာဂိရိ အံ့အားသင့်သွားသည်။ ထိမိုယွမ် နှင့် ဖက်ရက်တွေ့သဖြင့် စာဂိရိ အကိုတော်မျက်နှာကို မကြည့်ရဲအောင်ဖြစ် သွားသည်။

'ထိမိုယွမ် ... မင်း ... တပင်တိုင် နန်းဆောင်ထဲ ဘာသဘောနဲ့ ခိုးဝင်ရတာလဲ ...'
'စာဂိရိ ကိုတွေ့ချင်လို့လာခဲ့တာပါ နောင်တော်။ စာဂိရိ ကို ကျွန်တော်ချစ်တယ်။'
'မင်း ... ။ ထိမိုယွမ် မင်းသားကို သူ့ အဆောင်ပြန်ပို့လိုက်ပါ။'

တင်ဂီရိ စိတ်ကိုထိန်းကာ မိမိ၏ ကိုယ်ရံတော်အဖွဲ့ကို အမိန့်ပေးလိုက်သည်။ ထိမိုယွမ် နှင့် အစောင့်များ မရှိသောအခါမှ တင်ဂီရိ သည် စာဂိရိ ၏ တုန်နေသော ကိုယ်လေးကို အသာဖက်ကာ ချော့ရင်း

'စာဂိရိ အကိုတော်မေးတာ အမှန်အတိုင်းဖြေနော်။ သူ နဲ့ တွေ့တာ ကြာပြီလား။ ဘယ်တုန်းက တွေ့ကြတာလဲ။'

စာဂိရိ သည် အကိုတော်၏ ကိုယ်ကို အားကိုးတကြီးဖက်ထားပြီး
'သူ စာဂိရိရဲ့ အဆောင်ထဲကို ခိုးဝင်လာခဲ့တာ။ ပြီးခဲ့တဲ့ သုံးရက်က မိုးတွေရွာတဲ့ညမှာ။ '

'တိုခီဝါ နဲ့ အခြွေရံတွေ မရှိကြဘူးလား။'
'သူတို့ အိပ်ပျော်နေကြပြီ။ '

'ထိမိုယွမ်က စာဂိရိကို ဘာတွေ ပြောသေးလဲ။'
'သူ ... စာဂိရိ ကို မိဖုရားမြှောက်မယ်လို့ပြောတယ်။ လက်မခံရင် စစ်ခင်းမယ်တဲ့'

'စာဂိရိ သူ့ကိုချစ်သလား။ လက်ထပ်ချင်သလား၊'

'ဟင့်အင်း။ စာဂိရိ သူ့ကို လက်မထပ်ပါရစေနဲ့။ သူ့ကိုကြောက်တယ်။'

တင်ဂီရိသည် စာဂိရိ၏ ကိုယ်လေးကို ယူကြုံမရ ခြုံကြည့်ကာ ရင်နာစွာမေးလိုက်သည်။
'သူ ... စာဂိရိ ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီလား။'
စာဂိရိ မျက်ရည်ကျရင်း ခေါင်းငြိမ့်သည်။ တင်ဂီရိ လူသတ်ချင်သွား၏။ ထိမိုယွမ် သည် စာဂိရိ အကြောင်းကို သိလျက်နှင့် လက်ထပ်မည်ဟု ပြောနေသည်က စာဂိရိ ဘဝကို ဖျက်သည်နှင့် အတူတူပင်။
'စာဂိရိ အကိုတော် သူနဲ့ဆွေးနွေးလိုက်အုံးမယ်။ စာဂိရိကို အကိုတော် ကာကွယ်ပေးမယ်။

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now