ပန်းပွင့်သတို့သမီးအပိုင်း (၁၇)

1.8K 135 0
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၁၇)

ပင်းပင်းသည် တင်ဂီရိတို့ လုပ်ဆောင်နေသမျှကို အရီးတော်ထံ သံတော်ဦးတင်ရင်း မိမိဘဝကို စက်ဆုပ်လာမိသည်။ မိမိချစ်သောသူ၏ ရည်ရွယ်ချက်ကောင်းနှင့် လုပ်ဆောင်နေသည်ကို မိမိသိ လာလေ၊ ထိုသတင်းများကို မိမိတို့ ခမည်းတော် အုပ်စုကို အသိပေးရတာ ဝန်လေးလာလေဖြစ် သည်။ ခမည်းတော်တို့က အိမ်ရှေ့မင်းသား၏ အာဏာ ကျယ်ပြန့်လာမည်ကို မလိုလားပေ။ ထို့ကြောင့် အိမ်ရှေ့မင်းသားတို့ လုပ်နေသည့်အလုပ်၏ ဟာကွက်ကို စောင့်ကြည့်နေခြင်းဖြစ် သည်။
မိမိသတင်းမပေးနိုင်လျှင် မိမိနေရာတွင် ပိုငယ်သော ညီမတော်များကို လွှတ်မည်ဖြစ်သဖြင့် တင်ဂီရိ မင်းသားနှင့် ဝေးရမည်ကို စိုးကာ မပေးချင်သောသတင်းများကို ပင်းပင်း ဆက်ပေးနေမိ သည်။ မိမိ အဖြစ်ကိုလည်း မုန်းမိသည်။ ထို့ကြောင့် ပင်းပင်းသည် တနေ့တခြား ညှိုးငယ်လာ သည်။ မိမိလုပ်ရပ်ကို သူသိလျှင် မိမိကို မုန်းမည်ကိုစိုးရိမ်ရသည်။ အရီးတော်တို့ပေးသော တာဝန် ကိုမကျေပွန်လျှင် မိမိကိ ုအဝေးပို့ပစ်မှာလည်း စိုးရိမ်ရသည်။

တခါတလေ အချစ်ကို မတွေ့ခင်က အချိန်ကို ပြန်သွားလိုက်ချင်သည်။ ယခင်ကတော့ မိမိတွင် လောဘတစ်ခုသာ ရှိသည်။မိဖုရားခေါင်ဖြစ်ရန်ဆိုသည့် ရည်မှန်းချက်ဖြင့် နေ့ရက်တိုင်းကို တက်ကြွ စွာဖြတ်သန်းခဲ့သည်။ အိမ်ရှေ့မင်းသား စာဂိရိမင်းသမိးကို ချစ်သော်လည်း မိမိကနောက်မိဖုရား ဖြစ်မှာ သေချာနေသည်။ ထို့ကြောင့် စာဂိရိထက် မိမိကို ပိုချစ်လာအောင် ကြိုးစားမည် ဆိုသည့် စိတ်ဖြင့် ရှင်သန်နေရာမှ တင်ဂီရိ မင်းသားကြောင့် မိမိစိတ်တို့တွေဝေနေလေပြီ။ လောဘတို့ လည်း မရှိတော့ပေ။ သူ့ထံမှ ကြင်နာခြင်း၊ချစ်ခြင်း၊ကရုစိုက်ခြင်းသာ လိုချင်တော့သည်။ ပင်းပင်း သူ့ကို မချစ်မိစေရန် ကြိုးစားသေးသည်။ သို့သော် အချစ်က ဖိနှိပ်လေ၊ ပိုကြွလေဖြစ်သလား မသိတော့ပေ။ နောက်ဆုံး ပင်းပင်း အရှုံးပေးလိုက်ရတော့သည်။ အာနန်မင်းသားကို မိမိ ရင်နင့် အောင်ကို ချစ်မိသွားလေပြီ။

စာဂိရိ သည် ထိမိုယွမ်မေးတိုင်း မသိဘူးဟုဖြေသော်လည်း သူ့အထိအတွေ့များကို မိမိ တဖြည်း ဖြည်းစွဲလန်းနေမိသည်ကို မိမိဖာသာ အသိဆုံးဖြစ်သည်။သူမလာသည့် ရက်များကြာလာလျှင် မသိ မသာမျှော်နေမိလေပြီ။ သူ့ အကြင်အနာများက မိမိ စိတ်ကို တဖြည်းဖြည်းသိမ်းပိုက်သွားလေပြီ။ သူက မိမိထံ လာသောရက် တဖြည်းဖြည်းကျဲလာသဖြင့် သူ့ကို သတိရတိုင်း ကဗျာက ပိုပြီး အသက်ဝင်လာမိသည်။ သူ မိမိထံ မလာတာ လဝက်ခန့် ရှိလေပြီ။ အကိုတော် တင်ဂီရိ လည်း မရှိပေ။ သူတို့ နှစ်ယောက်လုံး ခရီးထွက်နေရသဖြင့် စာဂိရိ လွမ်းလွမ်းနှင့် အဆောင်ထဲသာ အောင်းနေလိုက်သည်။ နှစ်ရက်ခြား တခါ မိဖုရားခေါင်းထံ အခစားဝင်သည်ကလွဲရင် ဘယ်မှ မသွားဖြစ်ပေ။ ညနေတိုင်း တိမ်ဖြူကို ခဏ အညောင်းဆန့် မြင်းစီးထွက်ပြီး ကဗျာသာ ရေးဖွဲ့နေ မိသည်။

ထိမိုယွမ်သည် စစ်ရေးကိစ္စကြောင့် ခရီးထွက်နေရသဖြင့် စာဂိရိကို အရမ်းကိုလွမ်းဆွတ်နေမိသည်။ ခွဲခွာရမှာ စာဂိရိကို မည်မျှချစ်မိသည်ကို သိတော့သည်။
'ဒီကိစ္စတွေပြီးသွားရင် စာဂိရိကို လက်ထပ်ချင်ပြီ နောင်တော်။ နှစ်နှစ် မစောင့်နိုင်တော့ဘူး။ သူ့ကို အရမ်းကို ချစ်မိနေပြီ။ကျွန်တော် သူ့ကို အရမ်းပိုင်ဆိုင်ချင်လှပြီ။'

တင်ဂီရိနှင့် အရက်အတူသောက်မိစဉ် သူရင်ဖွင့်ပြောပြသည်။ တင်ဂီရိက ထိမိုယွမ်၏ စကားကို နားထောင်ပြီးပြန်မေးလိုက်သည်။
'သားသမီးအတွက် မင်း နောက်မိဖုရားထားမယ်လို့ စာဂိရိပြောတယ်။ ဟုတ်လား။'

ထိမိုယွမ်က ရီဝေစွာကြည့်ကာ ဝန်ခံသည်။
'ဟုတ်တယ် နောင်တော်။ နန်းဆက်သွေးအတွက် ကျွန်တော် တခြားမိဖုရားထားရလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အချစ်က စာဂိရိ တယောက်တည်းကို ပေးထားတာပါ။ ကျွန်တော် စာဂိရိ က လွဲပြီး ဘယ်မိန်းကလေးကိုမှ မချစ်နိုင်ဘူး။ ဒါ ကျွန်တော့်သစ္စာစကားပါ။ နောင်တော် မပူပါနဲ့။ ကျွန်တော့် အသည်းနှလုံးကို စာဂိရိဆီပေးထားပြီးပါပြီ။ သူ ယောကျ်ားလေးဖြစ်ပေမယ့် ကျွန်တော် အသည်းနင့်အောင်ချစ်ခဲ့တာပါ။ စာဂိရိ ကျွန်တော့်ကို မချစ်ပေမယ့်လည်း ကျွန်တော် ရူးမတတ် သူ့ကိုချစ်တယ်။ အရမ်းချစ်တယ်။ သူ မရှိရင် ကျွန်တော် အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။'

ထိမိုယွမ် ပြောရင်း မျက်ရည်စီးကျလာသည်။ တင်ဂီရိသည် ထိမိုယွမ် အရမ်းမူူးနေသည်ကို သိ သဖြင့် အရက်ခွက်ကို ဆွဲယူကာ ချော့ပြီး အိပ်ယာထက်တွင် သိပ်လိုက်သည်။ စာဂိရိ သူ့ကိုမချစ် သည့်အတွက် ထိမိုယွမ် အတော်ခံစားနေရပုံပေါ်သည်။ နောက်မိဖုရားနေရာတွင် ပင်းပင်းကို မြင်ယောင်ကာ တင်ဂီရိ သက်ပြင်းချမိသည်။ ပင်းပင်း၏ မိမိအပေါ်ထားသည့် အဘောထားကို သိပြီးဖြစ်သော်လည်း မသိဟန်ဆောင်နေခဲ့သည်။ ပင်းပင်း မိမိတို့ သတင်းများကို ပေးနေမှန်း သိသော်လည်း တင်ဂီရိ ကြိုးရှည်ရှည်ဖြင့်လှန်ထားလိုက်သည်။ သူမ မိမိတို့အပေါ် ဘယ်လောက် ထိ အကောက်ကြံမည်ကို သိချင်သည်။ ဒါမှမဟုတ် သူမကို မိမိတို့ဘက် ဆွဲဆောင်နိုင်မည်ကို တွေးမိသည်။ တင်ဂီရိသည် ထိမိုယွမ်ကို ကြည့်ကာ သက်ပြင်းရှိုက်မိသည်။ ဘာပဲ ပြောပြော စာဂိရိ ကို တကယ်ချစ်သဖြင့် စိတ်တော့အေးသွားသည်။

ထိမိုယွမ်သည် နေပြည်တော်သို့ပြန်ရောက်ရောက်ခြင်း စာဂိရိထံသို့ အမြန်ပြေးလာခဲ့သည်။ စာဂိရိက စားပွဲရှေ့ထိုင်ကာ တစုံတခုကို စိတ်ဝင်တစား ဖတ်ကာပြုံးနေသည်ကို အသံမပြုပဲ တိတ်တိတ်ကြည့်ကာ ချစ်စိတ်တို့ တိုးသည်ထက်တိုးလာခဲ့သည်။

စာဂိရိ ကဗျာကို ဖတ်နေရာမှ ဖြတ်ခနဲမော့ကြည့်လိုက်မိစဉ် တံခါးကို မှီကာ မိမိကို မမှိတ်မသုန် ကြည့်နေသောသူ့ကိုတွေ့လိုက်စဉ် အရမ်းပျော်သွားပြီး ပြေးကာ သူ့ရင်ခွင်ထဲတိုးဝင်လိုက်သည်။

'အကိုတော်...သွားတာ အကြာကြီးပဲ။ စာဂိရိ တယောက်တည်းပျင်းလိုက်တာ။ အခု နေပြည်တော် မှာ ကြာကြာနေမှာလားဟင်။ ခရီးပြန်ထွက်ရအုံးမှာလား။'
ထိမိုယွမ်သည် စာဂိရိ၏ ကိုယ်လေးကို ဝှေ့ယမ်းကို ချပေးပြီး
'မထွက်ရတော့ပါဘူး။ ကိုယ့်ကို မလွမ်းဘူးလားဟင်။ ကိုယ်က စာဂိရိကို လွမ်းလွန်းလို့ သေလု အောင် ခံစားနေရပြီကွယ်'

စာဂိရိ သူစကားကြောင့် ပြုံးကာ
'အကိုတော်ကတော့တွေ့တာနဲ့ ချွဲပြီ။ အကိုတော်လို အိမ်ရှေ့စံမင်းသားဘေးမှာ မိန်းကလေးတွေ ဝိုင်းနေတာ စာဂိရိသိပါတယ်နော်။'

'ဟေး စကားမလွဲနဲ့။ ကိုယ့်ကို လွမ်းသလားပြော။'

စာဂိရိ ရှက်ပြုံးလေးဖြင့်
'အကိုတော် နှစ်ယောက်လုံးကို လွမ်းတယ်။ ကဲ ကျေနပ်ပြီလား။'

'မကျေနပ်ဘူး။ ကိုယ့်ကို ဘယ်လိုလွမ်းတာလဲ တိတိကျကျပြော...'

စာဂိရိ၏ မျက်နှာနီသွားပြီး
'အကိုတော်လိုပဲ လွမ်းတယ်။'

ထိမိုယွမ် သက်ပြင်းရှိုက်လိုက်မိသည်။ စာဂိရိ မိမိကို မချစ်သေးသည်က မိမိရင်ကို ပူလောင်နေစေ သည်။ သူမလေးနှင့် အမြဲ အတူမနေရသဖြင့် မိမိမရှိခိုက် အခြားသူကိုများ ချစ်သွားမလားဟု တွေး ကာ စိတ်မအေးအောင် ဖြစ်နေမိသည်။ ဖွင့်မပြောသော်လည်း နိုရုန်း နှင့် စာဂိရိ တို့ အမြဲတွေ့ကာ စာပေအကြောင်းဆွေးနွေးကာ နီးစပ်သွားမည်ကို စိုးနေမိသည်။ နိုရုန်း စာဂိရိကို မချစ်ဝံ့သည့်တိုင် စာဂိရိက နိုရုန်းကို လေးစားရင်း ချစ်သွားမည်ကို ကြောက်နေမိသည်။ ဖွင့်ပြောလျှင် မိမိ သဘော ထား သေးသည်ဟု စာဂိရိ ထင်မည်ကို စိုးမိသည်။

ပြီးတော့ ယခုတလော နိုရုန်းနှင့် စာဂိရိ ညနေတိုင်း ပုံမှန်တွေ့နေသည့် သတင်းကို ကြားထား သဖြင့် ထိမိုယွမ် စိတ်တို့က အနည်းငယ် ကျွတ်ဆတ်နေမိသည်။ စာဂိရိလည်း တနေ့တခြား ပိုပို လှလာသဖြင့် ထိမိုယွမ်၏ စိတ်တို့ ယောက်ယက်ခတ်ရလေပြီ။

စာဂိရိ မိမိကို တွေ့လိုက်စဉ် စာရွက်တရွက်ကို စာအုပ်ထဲ ညှပ်ကာ ဝှက်လိုက်သည်ကို တွေ့လိုက် သောအခါ သံသယတို့ ကြီးထွားလာခဲ့သည်။ ယခင်ကလည်း နိုရုနု်းနှင့်အတူကြည့်ကာ တီးတိုး ပြောနေသည်ကို သတိရလာပြီး စာဂိရိကို လွှတ်ပေးလိုက်ကာ စားပွဲရှိရာသို့ ခြေလှမ်းကြဲကြီးဖြင့် လာပြီး စာအုပ်ကြားမှ စာရွက်ကို ဖျတ်ခနဲ ယူကြည့်လိုက်သည်။
'အကိုတော်...'

စာဂိရိ လိုက်လုသော်လည်း ထိမိုယွမ် ထိုစာရွက်ကို ယူကာ အသံထွက်ပြီး ဖတ်ကြည့်လိုက်သည်။

ချစ်သူ့မျက်နှာကို မမြင်ရသော အချိန်များသည် အထီးကျန်ခြောက်သွေ့လွန်းလှသဖြင့် မိမိဘ၀ ကိုအေးချမ်းစေရန် ချစ်သူရဲ့ အကြင်နာကို မျှော်လင့်နေသည့် အကြောင်း ရေးထားသည့် ကဗျာက ထိမိုယွမ်၏ ဒေါသကို ပေါက်ကွဲသွားစေသည်။

ထိမိုယွမ်သည် စာဂိရိ၏ လက်ကို တင်းကျပ်စွာဆုပ်ကိုင် ဖျစ်ညစ်ကာ
'ချစ်သူရဲ့ အကြင်နာကို မျှော်နေတယ် ဟုတ်လား။ တောက်... မင်းကို ဘယ်အကောင်ပေးထား တာလဲ။ ချစ်သဝဏ်လွှာ ဘယ်နှစ်စောင်တောင် မင်းဖွတ်ထားပြီး ကျုပ်ကွယ်ရာမှာဖတ်ပြိး ရင်ခုန် ကြည်နူး နေတာလဲ။ မင်းကို ကျုပ်စာသင်ခွင့်ပေးထားတာ အခြားကောင်တွေက ပေးတဲ့ ချစ်ကြောင်း ကြိုက်ကြောင်း စာဖတ်ဖို့ မဟုတ်ဘူး။'

စာဂိရိ လန့်သွားသည်။ သူ စွပ်စွဲလိုက်သည့် စကားများက မိမိ ကိုယ်ကျင့်တရားကို စော်ကားနေ သဖြင့် စာဂိရိ စိတ်ဆိုးသွားသည်။ သူက မိမိ ကိုလုံး၀ မယုံကြည်ပါလား ဟူသော အသိက ရင်ကို နာကျင်စေပါသည်။ သူကတော့ နောက်မိဖုရားထားဦးမည်။ မိမိကိုတော့ အခြားယောက်ျားဖြင့် အမြဲ သံသယ ဝင်နေသည်။

စာဂိရိ သူ့လက်မှ မိမိလက်ကို အတင်းရုန်းကာ
'အကိုတော် လွှတ်... စာဂိရိ လက်ကိုလွှတ်။'

'မင်းပြောစမ်း။ ဒါ ဘယ်အကောင်က ပေးထားတာလဲ။ ဒီကဗျာကိုရေးတဲ့ အကောင်ကို ကျူပ်သတ် ပစ်မယ်။ မင်းက ကျုပ်မယား။ မင်းကို ကျုပ်တစ်ယောက်တည်းပိုင်တယ် ဆိုတာ မြဲမြဲမှတ်ထား။ မင်း ကျုပ်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်ရဘူး။ မင်းချစ်သွားမိတဲ့ ယောကျ်ားတိုင်းကို ကျုပ် အဆုံးစီရင်ပစ် မယ်။ ပြောစမ်း။ ကျုပ်ကွယ်ရာမှာ မင်းနဲ့ ဖောက်ပြန်နေတာ ဘယ်သူလဲ။'

စာဂိရိသည် သူ၏ ကြမ်းတမ်းသော စကားများကြောင့် ဒေါသထွက်လာသည်။ ဒေါသမျက်ရည်များ ကြားမှ
'ဘယ်သူနဲ့မှ မဖောက်ပြန်ဘူး။ လွှတ်... အကိုတော့်ကို မုန်းတယ်။ '

'ဘာပြောတယ်။ကျုပ်ကိုမုန်းတယ် ဟုတ်လား။ တွေ့ကြသေးတာပေါ့။ မင်းက ကျူပ်ပိုင်တဲ့ အရုပ် ဆိုတာ မင်းမေ့သွားပြီထင်တယ်။ မင်းကို ကျုပ်ကလွဲရင် ဘယ်သူမှမချစ်ရဘူး။ မင်းက ကျုပ်မယား လာခဲ့။'

သူက စာဂိရိကို ပွေ့ချီကာ ကုတင်ပေါ်တင်သဖြင့် သူဘာလုပ်တော့မည်ကိုသိကာ စာဂိရိ ခါးခါး သီးသီး ငြင်းဆန်သည်။ မိမိကို ချစ်တယ်ပြောပြီး မိမိကို အမြဲသံသယဖြင့်သာ ကြည့်နေသော သူကို စာဂိရိ စိတ်နာသည်။ မိမိကို သူ့ဆန္နဖြေဖျောက်ဖို့ပဲ အသုံးချနေသော သူ့အထိအတွေ့ကို မိမိ မခံ ချင်ပေ။ ထို့ကြောင့် ခါတိုင်းလို မလိုက်လျောပဲ အတင်းရုန်းနေတော့သည်။

ထိမိုယွမ်သည် စာဂိရိ ရုန်းလေ စာဂိရိ ကို အထင်လွဲလေဖြစ်ကာ ဒိန်းတလိန်းနတ်ပူးကာ ဇွတ်ကြမ်း တော့သည်။
'မင်း မရုန်းနဲ့ စာဂိရိ မင်းက ကျု့ပ်မယား ။ မင်း ကျုပ်ဆန္နကို ဖြည့်ဆည့်ပေးဖို့ တာဝန်ရှိတယ်။ မင်းကို ချစ်လို့ ကျုပ် ညှာတာနေခဲ့တာ ခု မရဘူး။ မင်းကို ကျုပ် ကျေနပ်တဲ့အထိ ချစ်မယ်။'

'ဟင့်အင်း အကိုတော် လွှတ်။ စာဂိရိ ကို အနိုင်မကျင့်နဲ့။ အ.....ဟင့်အင်း ... နာတယ်။ အရမ်းနာ တယ်။ လွှတ်... မလုပ်ပါနဲ့။ '

ထိမိုယွမ်သည် စာဂိရိကို စကားလုံး၀ နားမထောင်တော့ပဲ အဝတ်များကို ဆွဲချွတ်ကာ အနောက်မှ အတင်းပင် လိုချင်တာကို ကြမ်းတမ်းစွာ လုယူလိုက်သည်။ စာဂိရိသည် နာကျင်လွန်းလှသဖြင့် မျက်ရည်များစီးကျလာခဲ့ပြီး ညည်းညူနေရသည်။ သူက ခါတိုင်းလို မသိမ်မွေ့ပဲ ရိုင်းစိုင်းကြမ်းတမ်း စွာဖြင့် စာဂိရိကို အတင်းချုပ်ကာ ချစ်တင်းနှောနေတော့သည်။
အခန်းလေးထဲ စာဂိရိ၏ ငိုညည်းသံ၊ ရုန်းကန်သံ၊ ထိမိုယွမ်၏ အသက်ရှူသံတို့ ပုံမှန်ထွက်ပေါ်နေ တော့သည်။ ထိမိုယွမ်သည် စာဂိရိကို အပြစ်ပေးသည့်အနေဖြင့် တရကြမ်းဆက်ဆံရင်း မရပ်ချင် အောင်ကို ဖြစ်နေတော့သည်။ စာဂိရိ၏ မျက်ရည်နှင့် ငြင်းဆန်မှုက ထိမိုယွမ်၏ ဒေါသကို ဆွပေး နေ သလိုခံစားရကာ မိမိအသိစိတ်တို့ လွတ်သွားတော့သည်။

နောက်ဆုံး မျက်ရည်စများနှင့် အိပ်ပျော်နေသော စာဂိရိကို တိတ်တိတ်လေးနမ်းကာ အဆောင်မှ ထွက်လာခဲ့သည်။ ထိမိုယွမ်သည် စာဂိရိကို ငိုအောင်လုပ်ခဲ့မိလို့ နောင်တရနေမိသည်။ နူးညံ့လွန်း သော ချစ်သူလေးကို လူမဆန်စွာ ရက်ရက်စက်စက် ချစ်တင်းနှောခဲ့မိသည်။ သူမလေး နာကျင် ထိခိုက်ကာ သွေးထွက်သည်ကိုတွေ့တော့ နောင် ဘယ်တော့မှ ဒီလို ထပ်မဖြစ်စေရဟု ကိုယ့်ကိုယ် ကို သတိပေးလိုက်ရသည်။
'ချစ်တယ် စာဂိရိရယ်။ မင်းကြောင့် ကိုယ်ရူးရတော့မယ်။ မင်းကို ကျုပ်ကလွဲရင် ဘယ်သူမှ မချစ်ရ ဘူး။ မင်းကို ကိုယ်တယောက်ပဲ ပိုင်ရမယ်။ မင်း အချစ်က ကိုယ့်အတွက်ပဲ ဖြစ်ရမယ်။'

'တိုခီဝါ စာဂိရိကိုသေချာ ကရုစိုက်ပေးပါဦး။ ညက ကျုပ်လွန်သွားတယ်။'

'ဟုတ်ကဲ့ပါ သခင်လေး။ '

တိုခီဝါလည်း မျက်နှာမကောင်းလှပေ။ အိမ်ရှေ့မင်းသားက သခင်မလေးကို တစုံတခု အထင်လွဲနေ ပုံရသည်။ အိမ်ရှေ့မင်းသားထွက်သွားမှ တိုခီဝါ အဆောင်ထဲ ဝင်ခဲ့သည်။

စာဂိရိနိုးနေပြီဖြစ်ပြီး အဝတ်များကိုပြန်ဝတ်နေသည်ကို တိုခီဝါ ကူပြီးဝတ်ပေးလိုက်သည်။ စာဂိရိ၏ ကိုယ်တွင် အညိုအမည်းများစွဲနေပြီး မျက်လုံးများက ငိုထားသဖြင့် မို့နေသည်။

'သခင်မလေး.. မင်းသားလေးက ဘာကို စိတ်ဆိုးသွားတာလဲ။ '

စာဂိရိ မချိပြုံးပြုံးကာ
'သူက စာဂိရိမှာ အခြားချစ်သူရှိနေတယ်လို့ ထင်နေတာ။'

'ဘယ်လိုထင်ရက်တာလဲ သခင်မလေးရယ်။ တိုခီဝါ သွားပြီး ရှင်းပြပါ့မယ်။'

'သူက စာဂိရိ ရေးထားတဲ့ ကဗျာကို တွေ့သွားပြီး အထင်လွဲသွားတာ။'

'သခင်မလေးရဲ့ လက်ရေးမှန်း မင်းသားလေး မသိဘူးလား။'

'စာဂိရိက ယောက်ျားလေး လက်ရေးကို ကျင့်နေတာ သူ မသိဘူး။ '

'ရှင်းပြလိုက်တာ မဟုတ်ဘူး သခင်မလေးရယ်။ မင်းသားလေးကို ဘာလို့ မပြောပြလိုက်တာလဲ။'

စာဂိရိ သက်ပြင်းရှိုက်လိုက်ပြိး
'သူ စာဂိရိရဲ့ ကိုယ်ကျင့်တရားကို စော်ကားလို့ စာဂိရိ စိတ်ဆိုးလို့ မရှင်းပြလိုက်တာ။ သူက စာဂိရိကို တကယ်ချစ်ရင် စာဂိရိကို ယုံကြည်ရမှာလေ။ အခုတော့ စာဂိရိက မယုံသင်္ကာနဲ့ ဆိုတော့ စာဂိရိလည်း စိတ်ဆိုးသွားတာ။'
တိုခီဝါသည် စာဂိရိကို ထွေးပွေ့ကာ
'ယောကျ်ားတွေက အဲ့ဒီလိုပဲ။ သူတို့ကသာပွေရှုပ်ချင်တာ။ သူတို့ချစ်သူကို အမြဲတမ်း ခြောက်ပစ် ကင်း သဲလဲစင် ဖြစ်စေချင်တယ်။ သူတို့ကိုပဲ ချစ်စေချင်တာ သဘာဝပဲ။ မင်းသားလေးကို ရှင်းပြ လိုက်ပါ သခင်မလေးရယ်။ ဘာမဟုတ်တာလေးနဲ့။ ဒါနဲ့ကဗျာက ဘာအကြောင်းရေးထားလို့လဲ။'

စာဂိရိ၏ မျက်နှာ ပန်းရောင်သန်းသွားပြီး
'သူ့ကို လွမ်းလို့ စာဂိရိ ရေးထားတဲ့ကဗျာပါ။ အဲ့ဒါကို သူက မြင်ပြီးသဝန်တိုသွားတာလေ။ သူ့ကို စာဂိရိ မုန်းသွားပြီ သိလား။ တော်ပြီ။ နောက်တခါ သူ့အတွက် လွမ်းလို့သေသွားပါစေ. ကဗျာ လုံး၀ မရေးတော့ဘူး။ လူကြမ်းကြီး သူ့ကို စာဂိရိ မုန်းသွားပြီး သိလား။ စာဂိရိကို လုံး၀ မညှာ တာဘူး။'

တိုခီဝါသည် မင်းသားလေးအပေါ် သခင်မလေး သံယောဇဉ်တွယ်လာသောအခါမှ မင်းသားလေး အထင်လွဲသည်ကို သိသော် စိတ်မကောင်းဖြစ်သွားသည်။ မင်းသားလေးကို ရှင်းပြပေးမည်ဟု တေးထားကာ လောလောဆည် သခင်မလေး ဒဏ်ရာကို ကုပေးရန် စီစဉ်လိုက်သည်။

ထိမိုယွမ်သည် ကဗျာစာရွက်ကို ကိုင်ကာ နိုရုန်း စာသင်ပေးရာ နေရာကို လိုက်လာခဲ့သည်။

'မင်းသားလေး ပြန်ရောက်ပြီလား။ အားလုံး အဆင်ပြေခဲ့တယ် မဟုတ်လား။'

နိုရုန်းဝမ်းသာစွာ နူတ်ဆက်သည်ကို လစ်လျုရှုကာ မျက်နှာထား တင်းတင်းဖြင့်
'မင်းနဲ့ ပြောစရာ ရှိတယ် နိုရုန်း'

နိုရုန်းသည် မင်းသား၏ မျက်နှာတင်းတင်းကြောင့် ဘာများလည်းဟုတွေးကာ အဆောင်ထဲ လိုက်လာ ခဲ့သည်။ အဆောင်ထဲရောက်သော် ထိမိုယွမ်က စားပွဲပေါ်တွင် စာရွက်ကိုပစ်တင်ကာ
ဒေါသတကြီးဖြင့် မေးလိုက်သည်။

'ဒါဘာသဘောလဲ နိုရုန်း။ ဒီကဗျာက ဘာအဓိပ္ပာယ်လဲ။ ဒါ မင်းရဲ့ ရေးဟန်ပဲ။ မင်း ဘာကြောင့် စာဂိရိကို ပေးရတာလဲ။'

နိုရုန်းသည် ကဗျာကို ဖြန့်ကြည့်ကာ သေချာဖတ်ပြီး တချက်ရယ်ကာ

'အင်း မဆိုးပါဘူး။ လက်သစ်လေးပေမယ့် ကဗျာဖွဲ့တာ ပါရမီရှိတာပဲ။ လက်ရေးလဲ အတော့်ကို တိုးတက်လာပြီပဲ။ '

ထိမိုယွမ် မျက်မှောင်ကြုတ်ကာ
'မင်းဘာတွေပြောနေတာလဲ နိုရုန်း။ ကျုပ်ကို ဒီကဗျာအကြောင်း သေချာရှင်းပြပါ။ ဒါ စာဂိရိ ဆီ ဘာကြောင့် ရောက်နေတာလဲ။'

နိုရုန်းက သဝန်တိုကာ ဒေါသတကြီး ဖြစ်နေသော အိမ်ရှေ့မင်းသားပုံကို ရယ်ချင်သော်လည်း မျက်နှာပိုးသတ်ကာ
'ဒီကဗျာက မင်းသမီးလေး ရေးထားတဲ့ ကဗျာပါ။ ခရီးဝေးသွားနေတဲ့ သူ့ချစ်သူကို လွမ်းဆွတ် အောက်မေ့ပြီး ရေးဖွဲ့ထားတာပါ။'

'ဘာ .. စာဂိရိက ယောကျ်ားလက်ရေး ကျင့်နေတာလား။'

'ဟုတ်ပါတယ် မင်းသားလေး။ သူ ကောင်းကောင်းရေးတတ်မှ မင်းသားလေးကို အံ့သြအောင် လုပ်မယ်ဆိုပြိး ကျွန်တော့်ကို ဖုန်းကွယ်ခိုင်းထားတာပါ။ဒီကဗျာက မင်းသားလေးအတွက် မင်းသမီး ရေးဖွဲ့ထားတာပါ။ ကဗျာရေးဟန်က ကျွန်တော့်ကဗျာရေးဟန်ကို အတုခိုးထားတာပါ။'

ထိမိုယွမ်သည် နိုရုန်းလက်ထဲမှ ကဗျာကိုပြန်ဆွဲယူကာ သေချာဖတ်ပြီး မျက်နှာတစ်ခုလုံး မှိုရသလို ပြုံးသွားပြီး
'ကျေးဇူပဲ နိုရုန်း။ စာဂိရိကို သေချာကရုစိုက်ပေးလို့။ ခုတော့ သွားလိုက်ဦးမယ်။ စာဂိရိကို တောင်းပန်ရအုံးမယ်။ '

နိုရုန်းသည် အပြေးထွက်သွားသော အိမ်ရှေ့စံကို ကြည့်ကာ ရယ်မောပြီးကျန်ရစ်ခဲ့သည်။ မင်းသမီး လေး၏ ကဗျာအရ အိမ်ရှေ့မင်းသားလေး မျှော်ရကြိုးနပ်ပြိကို သိလိုက်ကာ ဝမ်းသာသွားသည်။
နောက်ဆုံးတော့ အာနန်မင်းသမီးလေးက ထိမိုယွမ် မင်းသားကို ချစ်တတ်လာပြီဖြစ်သည်။

အချစ်ကြီးသော အိမ်ရှေ့စံသည် နောက်ဆုံးတော့ ဇွဲဆုရသွားပြီဖြစ်သည်။ မကြာခင် ကြီးကျယ် ခမ်းနားသော လက်ထပ်ပွဲကြီးပေါ်ပေါက်လာတော့မည်ကို နိုရုန်းသေချာပေါက်သိလိုက်သည်။
တဖက်သတ် အချစ်ဖြင့် ဇွတ်ပင်စစ်ခင်းပြိး အရယူထားသော ထိမိုယွမ် အပင်ပန်းခံရကြိုးနပ်လေပြီ။
အချစ်သည် ကျား၊မ မရွေး ချစ်နိုင်သည်ကို နိုရုန်းလက်ခံသွားလေပြီ။ မင်းသားလေး၏ အချစ်စစ် အတွက် နိုရုန်းဝမ်းသာ မဆုံးအောင်ဖြစ်မိပါသည်။

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now