ပန်းပွင့်သတို့သမီးအပိုင်း (၁၉)

1.7K 112 3
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၁၉)

အရးီတော်က ယခင်က ဖြစ်ဖူူးသော အဖြစ်ကို တဖန်ပြန်လုပ်ရန်ကြိုုးစားနေပုံရသည်။ တခါက လက်ထပ်ခါနီး အိမ်ရှေ့မိဖုရားလေးတစ်ပါး လှေစီးထွက်ရင်း ရေထဲပြုတ်ကျကာ သေဆုံးသွားခဲ့ ဖူးသည်။ ပင်းပင်းသည် တင်ဂီရိကို ချစ်မိသွားပြိဖြစ်သောကြောင့် သူ့ညီမကို စောင့်ရှောက်ရန် ဆုံးဖြတ်ကာ လိုက်လာခြင်းဖြစ်သည်။ လိုက်လာမိလို့ မိမိအပြစ်ပေးခံရမည်ကိုသိသော်လည်း ပင်းပင်း ကရုမစိုက်ပါ။ ချစ်သူ၏ ညီမကို မှဲ့တစ်ပေါက်မစွန်းအောင် မိမိရအောင် စောင့်ရှောက်မည်။

အန်းအန်းသည် အစ်မတော် ရောက်လာကတည်းက အခွင့်မသာသဖြင့် သေချာစောင့်ကြည့်နေ သည်။ နောက်ဆုံး လှေဆိုက်ခါနီး စာဂိရိက ကန်ဘောင်တွင် ရပ်ကာ ရှုခင်းကို ငေးနေစဉ် ပင်းပင်း က နေပူသဖြင့် စာဂိရိ ဆောင်းရန် ခမှောက်ကို ယူရန် လှည့်လာခိုက် တိုခီဝါလည်း အနားတွင်မရှိ သဖြင့် အန်းအန်းက ချော်လဲချင် ယောင်ဆောင်ကာ စာဂိရိကို ရေထဲတွန်းချလိုက်သည်။

'ဝုန်း...'

ပင်းပင်း ရေထဲတစုံတခုပြုတ်ကျသံကိုကြားသော် ချက်ချင်း ရေထဲကို ခုန်ချလိုက်သည်။
အားလုံးအလန့်တကြားဖြစ်ကာ ကြောင်နေစဉ် တိုခီဝါက
' စာဂိရိ မင်းသမီး ရေထဲပြုတ်ကျသွားပြီ မြန်မြန် ကယ်ကြပါဦး'

လှေတော်သားများ ရေထဲဆင်းမည်အပြု ပင်းပင်းက စာဂိရိကို ပွေ့ကာ ရေပေါ်ပြန်ပေါ်လာခဲ့သည်။
အားလုံး ဝိုင်းဆယ်သဖြင့် လှေပေါ် မင်းသမီး နှစ်ပါးလုံးရောက်လာခဲ့သည်။ တိုခီဝါက ခြုံထည်ဖြင့် စာဂိရိကို ခြုံပေးကာ အတွင်းခန်းထဲ အမြန်ခေါ်လာခဲ့သည်။

ပင်းပင်းသည် အန်းအန်းကို မာကျောစွာ စိုက်ကြည့်လိုက်သည်။ အန်းအန်းက မသိဟန်ဆောင်ကာ အမတော် အကြောင်း အရီးတော်ကို တိုင်ရန် ဆုံးဖြတ်လိုက်သည်။

တိုခီဝါသည် စာဂိရိကို အဝတ်လဲပေးလိုက်ပြီး တီးတိုးကပ်မေးလိုက်သည်။
'ပင်းပင်း သခင်မလေးအကြောင်းရိပ်မိသွားသေးလား။'

စာဂိရိ ခေါင်းခါလိုက်ကာ
'မသိတော့ဘူး။ စာဂိရိက ခဏ သတိလစ်သလိုဖြစ်သွားသေးတယ်။ သတိဝင်လာတော့ ပင်းပင်း က စာဂိရိကို ဖက်ပြီး လှေဆီပြန်ကူးလာခဲ့ပြိလေ။ ပင်းပင်း ကယ်လို့ စာဂိရိ အသက်ရှင်တာ။ တော် ပါသေးရဲ့ ။ စာဂိရိ လန့်သွားတာပဲ။'

'သခင်မလေး ရေထဲပြုတ်ကျတာ အန်းအန်းတွန်းချတယ်လို့ တိုခီဝါထင်တယ်။ သူပဲ သခင်မလေး အနားမှာ ရှိတာလေ။ '

'အန်းအန်း ချော်လဲပြိး တွန်းမိသွားတာပါ။ မတော်တဆပါ တိုခီဝါရယ်။ စိတ်မပူပါနဲ့။'

'သခင်မလေး လက်ထပ်ခါနီး မတော်တဆဖြစ်တာ သိပ်ကို တိုက်ဆိုင်လွန်းတယ် မထင်ဘူးလား။ မဖြစ်ဘူး။ သခင်လေးကို လျှောက်တင်ရမယ်။ သခင်မလေးရဲ့ လုံခြုံရေးကို သေချာကရုစိုက်ရ တော့မယ်။'

အခန်းထဲ တိုခီဝါနှင့် စာဂိရိ တီးတိုးပြောနေသကဲ့သို့ ပင်းပင်းလည်း ညီမကို အကွယ်တခု နောက်သို့ ခေါ်သွားပြိး
'နင်ဘယ်လိုလုပ်လိုက်တာလဲ။ အတင့်ရဲလှချည်လား။ ငါတို့ တအိမ်လုံး အသတ်ခံရအောင် လုပ်နေတာလားဟင် အန်းအန်း။'

'အန်းအန်းဘာလုပ်လို့လဲ။'

'နင် ဘာကြောင့် ဒိလောက် အတင့်ရဲပြိး အိမ်ရှေ့မင်းသမီးကို လုပ်ကြံရဲရတာလဲ။ နင့်ကို အရိးတော် နဲ့တိုင်ရမယ်။'

အန်းအန်းက လှောင်ရယ်ရယ်ကာ
'တိုင်လိုက်လေ။ အစ်မတော်ပဲ အပြစ်ပေးခံရအောင်လို့။ အခုက အရိးတော် ကိုယ်တိုင်ခိုင်းလို့ အန်းအန်းလုပ်ရတာပဲ။ အမတော်ကြောင့် အရီးတော်ရဲ့ အကြံ ပျက်သွားတာအရီးတော် ခွင့်လွှတ် မယ်ထင်သလား။ '

အရီးတော်၏ အမျက်ရှခြင်းကို ခံရတော့မည်ကို တွေးကာ ပင်းပင်း ရင်ထဲလေးသွားတော့သည်။

ပင်းပင်းသည် မိမိကို လှောင်ရယ်ရယ်ကာ ထွက်သွားသော ညီမကြောင့်စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ တကယ်တော့ အန်းအန်းက ဖခင်၏ နောက်မယားကမွေးလာသောသမီးဖြစ် သော်လည်း မွေးမွေးပြီးချင်း သူ့မိခင်သေသွားသဖြင့် မယ်တော်ကပင် သမီးရင်းလို မွေးလာသူ ဖြစ်သည်။ မိမိကလည်း အန်းအန်းကို ညီမအရင်းလို ချစ်ခဲ့သည်။ အန်းအန်းသည် ယခင်က မိမိကို ယခုလို ပမာမခန့် မလုပ်ဝံ့ပေ။ အရီးတော်အနားကို ခေါ်ထားတော့မှ မာန်တက်သွားပုံရသည်။

မိမိလည်း ငယ်ကတည်းက အရီးတော်အနားနေရသောကြောင့် အရီးတော် သင်သလို မိဖုရားခေါင် ဖြစ်ချင်စိတ်ဖြင့် ဘာမဆိုလုပ်ရန် ဝန်မလေးခဲ့သော်လည်း အာနန်မင်းသားကို တွေ့ပြီးသည့်နောက် ပိုင်း မိမိ၏လောဘစိတ်တို့ တဖြည်းဖြည်းလွင့်ပျယ်လာခဲ့သည်။ ဒါကိုရိပ်မိသော အရီးတော်က မိမိ နှင့် အန်းအန်းကို လူလဲပစ်ခဲ့သည်။
ယခု အန်းအန်းနန်းတော်ထဲ ရောက်လို့ ၁လသာရှိသေးသည်။ သူမစိတ်တို့ ခက်ထန်စပြုလာ လေပြီ။ မယ်တော့်အနားတွင် ပြန်နေရမှ အရီးတော်ဘယ်လောက် အလိုလောဘကြီးသည်ကို မယ်မယ့်ထံမှ ပြန်ကြားရကာ စာဂိရိအတွက် စိုးရိမ်လာမိသည်။
ထိမိုယွမ် မင်းသားထံ အကြောင်းကြားချင်သော်လည်း ဘကြီးတော် အမတ်ချုပ်ကြီးကိုကြောက် ရလို့ ဘယ်လိုမှ သတင်းမပေးနိုင်ပေ။ မိမိသတင်းပေးလျှင်လည်း ထိမိုယွမ်က ယုံကြည်မည် မဟုတ်ပေ။ ထို့ကြောင့် မိမိတတ်နိုင်သလောက် စာဂိရိကို စောင့်ရှောက်ပေးရန် အိမ်တော်မှ ဇွတ် ထွက်လာခဲ့ခြင်းဖြစ်သည်။
ပင်းပင်းသည် စာဂိရိအခန်းကို အသာခေါက်ကာ
"မင်းသမီး ကျွန်မ ပင်းပင်းပါ။ "
တိုခီဝါက တံခါးလာဖွင့်ပေးသည်။ မျက်နှာတော့ သိပ်မကောင်းပေ။
"ပင်းပင်း ဝင်ခဲ့လေ။ စာဂိရိ ကိုကယ်ပေးတာ ကျေးဇူးတင်လိုက်တာ ပင်းပင်းရယ်။ စာဂိရိမှာ ပင်းပင်းပေးတဲ့ အသက်ပဲရှိတော့တယ်။ " စာဂိရိက ပင်းပင်းလက်ကိုဆွဲကာ လှိုက်လှဲစွာပြောရှာသည်။ စာဂိရိ၏ စကားကိုကြားသော် ပင်းပင်း စိတ်ထဲမလုံမလဲဖြစ်သွားသည်။ သူမလေးကို လုပ်ကြံသူက မိမိညီမတော်ဖြစ်နေသည်မဟုတ်လား။
ပင်းပင်းသည် စာဂိရိကို ဖက်လိုက်ကာ
"တောင်းပန်ပါတယ် စာဂိရိရယ်။ ပင်းပင်းလေ စာဂိရိကို သေချာကရုမစိုက်မိလို့ လှေပေါ်က ပြုတ်ကျသွားရတာ ပင်းပင်းတောင်းပန်ပါတယ်။ နောင် မဖြစ်စေရပါဘူး။ ပင်းပင်းလေ စာဂိရိကို အချိန်မှီမကယ်လိုက်နိုင်မှာပဲ ကြောက်မိတာ။ "
စာဂိရိသည် ပင်းပင်းကို ပြန်ဖက်ထားလိုက်ပြီး "ပင်းပင်းရယ်.... စာဂိရိဘာလို့ ပင်းပင်းကို အပြစ်တင်ရမှာလဲ။ ပင်းပင်းက စာဂိရိရဲ့ အချစ်ဆုံး သူငယ်ချင်းပဲလေ။ "
"တကယ်လား။ အို... ပင်းပင်းပျော်လိုက်တာ .." ပင်းပင်း မျက်ရည်ဝဲကာပြောရှာသည်။ တိုခီဝါကတော့ ပင်းပင်းကို သတိနှင့်စောင့်ကြည့်နေလိုက် သည်။
"ပင်းပင်း အဝတ်စားတွေ စိုနေတာ။ လဲလိုက်ဦးလေ။ "
"အင်းပါ။ စာဂိရိ ဘာမှ မဖြစ်လို့ စိတ်အေးသွားပြီ။ ပင်းပင်း အဝတ်သွားလဲ ဦးမယ်။ စာဂိရိ အပြင် မထွက်နဲ့တော့နော်။ အအေးမိလိမ့်မယ်။"
ပင်းပင်း စာဂိရိကိုမှာပြီး ပြန်သွားသည်။ ပင်းပင်းမရှိတော့မှ တံခါးကို သေချာပိတ်ပြီး
"သခင်မလေး နောက်တခါ အန်းအန်းကို သတိထားပါ။ ပင်းပင်းကိုလည်း သိပ်မယုံရဘူးနော်။ သူတို့ကို ညီအစ်မတွေတဲ့။ စာဂိရိကို အယုံသွင်းတာဖြစ်နိုင်တယ်။"
"တိုခီဝါရယ် ပင်းပင်းကို စာဂိရိ ယုံတယ်။ သူက စာဂိရိကို စိတ်ရင်းမှန်နဲ့ ကယ်ပေးခဲ့တာပါ။ အန်းအန်းကတော့ မရိုးဘူး။ " စာဂိရိ စကားကိုဖြတ်လိုက်ပြီး ပြတင်းပေါက်မှ အပြင်ကိုငေးကာပြီးမှ စိတ်ရှုပ်စွာပြောသည်။

"တိုခီဝါ မိန်းကလေးတွေက မိဖုရားခေါင်နေရာကို ဘာကြောင့် ဒီလောက်မက်မောရတာလဲဟင်။ စာဂိရိသည် မိဖုရားခေါင်နေရာထက် ယောက်ျားလေးဘဝကို ပိုမြတ်နိုးတယ်။" တိုခီဝါက စာဂိရိ၏ ပါးစပ်လေးကို လက်နှင့်ပိတ်လိုက်ကာ
"သခင်မလေး...စကားကို ဆင်ခြင်ပြောပါ။ နံရံတိုင်းမှာ နားတွေရှိတယ်။ သခင်လေးကို တိုခီဝါ အကြောင်းစုံ လျှောက်တင်ပြိး လုံခြုံရေးချခိုင်းရတော့မယ်။"
စာဂိရိဘာမှ ဆက်မပြောတော့ပေ။ မိဖုရားနေရာကို ထိတ်လန့်စတော့ပြုလာသည်။မိမိတစ်ဘဝလုံး
ဒီလိုပဲ အသက်ဘေးကို စိုးရိမ်ပြိးနေသွားရတော့မှာလား။ သူ့ရဲ့ အခြားမိဖုရားများက မိမိကိုလုပ်ကြံ ရင် မိမိဘယ်လိုပြန်တုန့်ပြန်ရမလဲ။ ပြစ်ဒဏ်ထင်ရှားရင် သတ်ပြစ်ရမလား။ ဒါဆို သူမတို့ရဲ့ သား သမီးများက မိမိကို မုန်းနေဦးမည်။ မိမိကို ကလဲ့စားခြေဖို့ကြိုးစားရင် ထိမိုယွမ်အကိုတော်က ဘယ်သူ့ဘက်မှုနေမလဲ့။ သားသမီးဘက်ကလား။ မိမိဘက်ကလား။ စာဂိရိ မဆုံးနိုင်အောင် တွေးရင်း စိတ်ညစ်လာသည်။ သူ့ကို မိမိချစ်သည်ဆိုသော်လည်း ဒိလို လောကမှာ မိမိ သက်ဆုံး တိုင်နေနိင်မလား။ ပြိးတော့ မိမိက ယောကျ်ားလေးဆိုတာအခြားမိဖုရားများသိသွားလျှင် လာတွေ ဆက်ဖြစ်ဦးမလဲ။
"သခင်မလေး လှေကမ်းကိုဆိုက်ပါပြိ။" တိုခီဝါ၏ အသံကြားမှစာဂိရိ အပြင်သို့ထွက်လာခဲ့သည်။အပြင်တွင် ပင်းပင်းနှင့်အန်အန်း မင်းသမီး ညီအစ်မနှစ်ဦး စောင့်နေသည်။ ပင်းပင်းက လှေပေါ်မှ အဆင်း စာဂိရိကို သေချာတွဲကာ အတူဆင်း လာသည်ကို အန်းအန်းမကျေမနပ်ကြည့်နေလိုက်သည်။

"ပင်းပင်း နန်းတော်ထဲ လိုက်ခဲ့ပါလား။ စာဂိရိ ပင်းပင်းနဲ့ စကားမပြောရတာ ကြာလို့။" ပင်းပင်းက ပြုံးကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် စာဂိရိရယ်။ ပင်းပင်း မယ်တော်ကို ပြုစုနေရလို့ပါ။ မယ်မယ် သက်သာလာရင် စာဂိရိစီ လာခဲ့ပါ့မယ်။ အခုတော့ ခွင့်လွှတ်ပေးပါနော်။"
"ကောင်းပါပြီ ပင်းပင်းရယ်။ ပင်းပင်းရဲ့ မယ်မယ် အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ စာဂိရိ ဆုတောင်းလိုက်ပါတယ်။ ဖြစ်နိုင်ရင် စာဂိရိ ပင်းပင်းရဲ့ မယ်တော်ဆီ လူနာမေးလာပါဦးမယ်။"
"မဖြစ်ဘူး မင်းသမီးလေး။ အခု မင်းသမီးက လက်ထပ်ခါနီးဆိုတော့ ရောဂါဖြစ်နေတဲ့သူဆီသွားလို့ မရပါဘူး။ မင်းသမီးလေး ရောဂါတစုံတရာမှ ကပ်ငြိလို့မဖြစ်ပါဘူး။"
အန်းအန်းက ဝင်ပြောလိုက်သဖြင့် စာဂိရိ သက်ပြင်းချကာ "ကောင်းပါပြီ။ ပင်းပင်းလာမယ့်နေ့ကို စာဂိရိ မျှော်နေပါ့မယ်။"
ပင်းပင်းသည် စာဂိရိတို့ ရထားလုံး ထွက်သွားသည်အထိ လက်ပြကာကျန်ရစ်ခဲ့ပြီးမှ မိမိကို ရထား လုံးနှင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်ထဲသို့ ဝင်သည်နှင့် မိမိကို ဒေါသမျက်လုံးဖြင့်စောင့်နေသော ခမည်းတော်ကို တွေ့သောအခါ ပင်းပင်းပေးသည့် အပြစ်ဒဏ်ကိုခံယူရန် ခမည်းတော်ရှေ့သို့ ရိုကျိုးစွာ ဒူးထောက်လိုက်သည်။ မိမိကျောပြင်ပေါ် ကျလာမည့် ကြိမ်ဒဏ်ကို အံကြိတ်ကာခံယူ လိုက်သည်။
ပင်းပင်း မျက်ရည်မကျလေ ခမည်းတော်က ပိုရိုက်လေဖြစ်သဖြင့် နောက်ဆုံးမယ်တော်က ဝင်ဆွဲမှ ရပ်တော့သည်။ ခမည်းတော် ကြိမ်လုံးကို ပြစ်ချကာ ဒေါသတကြီးလှည့်ထွက်သွားမှ ပင်းပင်း စိတ် လျှော့လိုက်သည်။ နောက်ဆုံးပင်းပင်းသိလိုက်သည်က အမှောင်ဖြစ်သည်။ အမှောင်ထုထဲ ပင်းပင်း ပြုတ်ကျမသွားခင် မိမိနားသို့ မယ်မယ် ပြေးလာသည်ကိုတွေ့လိုက်သည်။
"ပင်းပင်း သမီးလေး..." မယ်မယ့်အသံကို နောက်ဆုံးကြားလိုက်ပြီး ပင်းပင်း နာကျင်မှုများနှင့် ဝေးရာအမှောင်ထဲ တိုးဝင် သွားတော့သည်။
ပင်းပင်းနိုးလာသောအခါ ကျောပြင်မှမီးကင်ထားသလို နာကျင်မှုကိုခံစားလိုက်ရပြိး မယ်မယ်၏ စိုးရိမ်တကြီးမျက်နှာကို တွေ့လိုက်ရသည်။ မယ့်မယ် မျက်နှာတွင် မျက်ရည်များကိုတွေ့သောအခါ ပင်းပင်း စိတ်မကောင်းဖြစ်သွားသည်။
"မယ်မယ် ." "သမီးလေး.." "မယ်မယ် မငိုပါနဲ့။ ပင်းပင်း သိပ်မနာပါဘူး။ " မယ်မယ်က ပိုလို့ငိုရှိုက်ကာ
"သမီးလေးရယ် သမီးရဲ့ ခမည်းတော်ကို စိတ်မဆိုးပါနဲ့။ သူက ဘကြီးတော်နဲ့ မိဖုရားကြီးစကားကို မလွန်ဆန်ရဲလို့ပါ။ သူလည်း သမီးကို ရိုက်ပြီး စိတ်မကောင်းဖြစ်နေရတာပါ။ "
"သမီးသိပါတယ် မယ်မယ်။ သမီး ခမည်းတော်ကို အပြစ်မတင်ပါဘူး။ မယ်မယ် မငိုနဲ့တော့နော်။"
"သမီးလေး ဘာကြောင့် အရီးတော်အလုပ်ကို ဝင်ရှုပ်ရတာလဲကွယ်။"
ပင်းပင်းသည် မယ်တော့်မျက်နှာကို မော့ကြည့်ကာ
"သမီးလေ အခု အရမ်းချစ်ရတဲ့သူကို တွေ့ခဲ့ပြီမယ်မယ်။ သူ နာကျင်ကြေကွဲမှာကို သမီးမ ကြည့် ရက်ဘူး မယ်မယ်။ သူ့ညီမကို သူအရမ်းချစ်တာ။ ဒါကြောင့် သမီး သူ့ညီမလေးကို စောင့်ရှောက် ပေးတာပါ။"
မယ်မယ်က ပင်းပင်း၏ ဆံပင်လေးများကို သပ်တင်ပေးပြီး "သမီးလေးရယ် ..ထိမိုယွမ်ရဲ့ အသည်းနှလုံးကို ရအောင်ယူတာက ပိုလွယ်ပါဦးမယ်ကွယ်။ အာနန် မင်းသားကို ချစ်သွားရင် သမီးကို ဝိုင်းပြီး ရန်ရှာကြလိမ့်မယ်။ သမီးအရီးတော်ရဲ့ စိတ်ကိုသိရဲ့သား နဲ့ကွယ်။ပြီးတော့ သမီးညီမတော်က စိတ်ထားခက်ထန်တယ်။သူသာ မိဖုရားဖြစ်သွားရင် တိုင်းပြည် အေးချမ်းမှာမဟုတ်ဘူး။ နန်ကျောင်ပြည်အေးချမ်းဖို့ဆိုတာ ဘုရင့်မိဖုရားတွေပေါ် အများကြိး မူတည်တယ်။ စည်းစိမ်ချမ်းသာထက် လူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်နိုင်ဖို့ သမီးကို မယ်မယ် မိဖုရားကြီးဖြစ်စေချင်ခဲ့တာပါ။"
ပင်းပင်းသည် မယ်မယ့်ကို လက်အုပ်ချီကာ တောင်းပန်ပြိး
"သမီးကိုခွင့်လွှတ်ပါ မယ်မယ်။သမီးမှာအဲ့ဒီ အရည်အချင်းမျိုးမရှိပါဘူး။မယ်မယ်စိတ်ချပါ။ စာဂိရိက အင်မတန်ကို စိတ်ထားဖြူစင်ပါတယ်။ သူသာ မိဖုရားခေါင်ဖြစ်ရင် နန်ကျောင်ပြည်တင်မကဘူး။ တိုင်းပြည်အများကြီးအေးချမ်းပါလိမ့်မယ်။ သမီးလေ စာဂိရိကို ကူညီပြီး သူ့ဘေးမှာထောက်ပံ့ ပေးဖို့ ဆုံးဖြတ်လိုက်ပြီ မယ်မယ်။"
မယ်မယ်က မျက်ရည်ကျကာ
"သမီးတော်ရဲ့ ခမည်းတော်သိရင် သမီးတော်ကို ပိတ်လှောင်ထားလိမ့်မယ်။ ဒီစကားတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့ကွယ်။ မယ်မယ့်ကို ဒီကတိတော့ပေးပါ။"

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now